News

“မြန်မာအတွက် အလှုငွေ ဒေါ်လာ သန်း ၅၀ ဘယ်သူ့လက်ထဲရောက်မလဲ ၊ လက်ရှိ မြန်မာ့ခေါင်းဆောင်ဟာ ဘယ်သူလဲ “

မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားစွာနဲ့ ကူညီငွေ ဒေါ်လာ သန်း ၅၀ ကို အမေရိကန်အစိုးရက လှုဒါန်းလိုက်တယ် ။ ဒီနေ့ ထိုင်းနိုင်ငံကိုရောက်နေတဲ့ ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ် က အကြမ်းဖက်မှု့ ၊ နှိပ်စက်ညှဉ်းပန်း ခံရမှု့တွေ အပါအဝင် နိုင်ငံအနှံ့အပြားမှာ ခံစားနေရတဲ့ ကျမ်းမာရေးကိစ္စနဲ့ ရိက္ခာခက်ခဲနေသူတွေအတွက် လှုဒါန်းလိုက်တာပါ ။ ထိုင်းနိုင်ငံအတွက်လည်း ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေးမှာ အသုံးပြုဖို့ ဒေါ်လာ ၅ သန်း လှုဒါန်းပါတယ် ။

ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ် က

” မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု့ဆိုင်ရာ အရေးပေါ်အကူအညိတွေ ရက်ရက်ရောရော ပံ့ပိုးပေးကြဖို့ အခြားနိုင်ငံများကိုလည်း နှိုးဆော်ပါတယ် ။ မြန်မာနဲ့ ထိုင်းမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကိုလည်း ဝိုင်းဝန်းကာကွယ် ကူညီကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ကျွန်ုပ်တို့နှင့်အတူ လက်တွဲပါဝင်ကြစေချင်ပါတယ် ”

လို့ ပြောထားပါတယ် ။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးကတော့ မြန်မာပြည်သူတွေကို အကူအညီတွေပေးဖို့ ရံပုံငွေ ဆက်လက်ရှာဖွေနေဆဲပါ ။ ရံပုံငွေ ၃၀ ရာခိုင်နှုံး ရရှိထားပါတယ် ။ အချို့ေးသတွေမှာ စတင်ကူညီနေပါပြီ ။ မကြာသောကာလမှာ အရှိန်မြှင့်နိုင်မယ်လို့ ပြောထားပါတယ် ။
ဒီနေ့ အင်္ဂါနေ့မှာတော့ မြန်မာနိုင်ငံဆိုင်ရာ ကလသမဂ္ဂအထူးကိုယ်စားလှယ် Christine Schraner Burgener က အထူးသတင်းစာရှင်းလင်းပွဲ ပြုလုပ်ပါတယ် ။

သူမပြောထားတာကတော့

” ကိုဗစ်တတိယလှိုင်းဟာ ဆူနာမီလို သိပ်ကိုပြင်းထန်နေတယ် ။ ပြီးခဲ့တဲ့တစ်ပတ်က စစ်ဦးစီးချုပ်ဟာ အိမ်စောင့်အစိုးရဖွဲ့ပြီး သူ့ကိုယ်သူ ဝန်ကြီးချုပ်တင်လိုက်တယ် ။ ကျွန်မအမြင်ကတော့ သူ့အတွက် အာဏာခိုင်မြဲဖို့ ခြေလှမ်းလိုက်တယ်လို့ မြင်ပါတယ် ။ ရွေးကောက်ခံအစိုးရကို ဖမ်းဆီးထိန်းသိမ်းပြီး NLD ပါတီကိုလည်း ဖျက်သိမ်းဖို့ ကြံစည်နေတယ် ။ ဒီလုပ်ရပ်တွေဟာ နိုင်ငံတကာအဖွဲ့အစည်းနဲ့ အရေးတယူဆောင်ရွက်မှု့မရှိပဲ တရားဝင်မှု့ ၊ တရားမဝင်မှု့တွေကို ထင်သလိုလုပ်နေတဲ့ လုပ်ရပ်တွေပါ ။ ကုလသမဂ္ဂက စစ်ကောင်စီကို အသိအမှတ်မပြုတဲ့အကြောင်းကို ရှင်းရှင်းလင်းလင်း ပြရပါမယ် ။ ”

” အဖွဲ့ဝင်နိုင်ငံအားလုံးက ဆုံးဖြတ်ချက်တစ်ခု မပြင်မချင်း နယူးယောက်မှာရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ တရားဝင်သာဖြစ်ပြီး ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ဟာ နိုင်ငံခေါင်းဆောင်တွေအတိုင်း ဆက်လက် အသိအမှတ်ပြုထားတယ် ။ ဒါကို နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ထောက်ခံထားတယ် ။ ”

ဒါတွေကတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတကာက သတင်းမီဒီယာတွေကို ဒီလို အသိပေးထားတာပါ ။

သုံးသပ်ရရင် …၊ ကုလအဖွဲ့နဲ့ နိုင်ငံတကာခေါင်းဆောင်တွေဟာ ဒီနေ့ထက်တိုင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုထားပါတယ် ။ သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီးပါဘဲ ။

ဒီလိုဆိုရင် နိုင်ငံအတွင်းမှာ ပြည်သူတွေကို အမိန့်ပေးနေတဲ့ စစ်ကောင်စီဟာ တရားမဝင်ပါဘူး ။ ကမ္ဘာက အသိအမှတ်မပြုပါဘူး ။ ဒီလောက်သိထားရင် ဒီတော်လှန်ရေးအခြေအနေ ဘယ်လိုလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်ပါလိမ့်မယ် ။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က မြန်မာကိုကူညီဖို့ ရံပုံငွေ ၃၀ ရာခိုင်နှုံးရထားပြီ ။ ဆက်ပြီး အရှိန်မြှင့် ကူညီတော့မယ် ။

နောက်တစ်ခုက ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ်က ထိုင်းကိုရောက်လာတယ် ။ ထိုင်းကပ်ရောဂါအတွက် ဒေါ်လာ ၅ သန်း လှုတယ် ။ ပါးပါးလေး သုံးသပ်ပြမယ် ။ မယုံရင် ကျော်သွားပါ ။

” ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ် ၊ ထိုင်းကိုလာတယ် ။ မြန်မာအတွက် ဒေါ်လာ သန်း ၅၀ လှုတယ် ။ ဘယ်အဖွဲ့အစည်းကို ပေးတယ်ဆိုတာ မပြောဘူး ။ ဆိုတော့ ၊ ထိုင်းနဲ့ကပ်နေတာက ကရင်ပြည်နယ် ။ ကရင်ပြည်နယ်မှာ PDF တွေ သင်တန်းတက်နေတယ် ။ သိထားရမှာက နိုင်ငံတကာ အကူအညီဆိုတာ သွယ်ဝိုက်ပြီး လှုဒါန်းတယ် ။ ကိုယ်တိုင်တွေးကြည့်ပါ ။ မဝေးတော့ပါဘူး ။

ဘကြီးအောင် LA