ဗဟုသုတ

သားငယ်လေးထောင်ထဲရောက်နေချိန်မှာ အောက်ဆီဂျင်အိုးနဲ့ အသက်ရှူနေရပြီး ရောဂါကိုအလူးအလဲခံစားနေရတဲ့မောင်လျှံဖြိုးအောင်ရဲ့ဖခင်

သူရဲကောင်းလေးမောင်လျှံဖြိုးအောင်ကတော့ ဇွန်လ (၇)ရက်နေ့ကတည်းက ဖမ်းဆီးခံလိုက်ရတာ ဒီနေ့အချိန်ထိပြန်မလွတ်သေးတာဖြစ်ပါတယ်။မောင်လျှံဖြိုးအောင်ရဲ့မိသားစုဝင်တွေကလည်း သားငယ်လေးပြန်လွတ်ဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားပေမယ့် အချည်းနှီးဖြစ်နေသေးတာဖြစ်ပါတယ်။

ပြည်သူလူထုကတော့ အများအကျိုးအတွက်အနစ်နာခံခဲ့တဲ့ မောင်လျှံဖြိုးအောင်အတွက် တတ်နိုင်သလောက် ဝန်းရံကူညီပေးကြပြီး မိသားစုတွေရဲ့ခံစားချက်ကိုလည်း ကိုယ်ချင်းစာနေကြတာဖြစ်ပါတယ်။

မောင်လျှံဖြိုးအောင်ရဲ့ ကျန်းမာရေးအခြေအနေကလည်း ဆေးကုသမှုလိုအပ်နေသေးတယ်လို့သိရပါတယ်။မိဘနှစ်ပါးကတော့ သားငယ်လေးတစ်ယောက် ထောင်ထဲမှာ ဘယ်လိုများနေရှာမလဲဆိုပြီး အစစအရာရာကို အရမ်းစိတ်ပူနေကြတာဖြစ်ပါတယ်။

အခုရက်ပိုင်းမှာတော့ မောင်လျှံဖြိုးအောင်ရဲ့ဖခင်က မကျန်းမာတာကြောင့် ဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။အသက်ရှူမဝလို့လည်း အောက်ဆီဂျင်အိုးနဲ့အသက်ရှူနေရပြီး ရောဂါကိုတိုက်ထုတ်နေရတာပဲဖြစ်ပါတယ်။

ပြည်သူလူထုကလည်း မောင်လျှံဖြိုးအောင်ရဲ့ဖခင် အမြန်ဆုံးကျန်းမာလာပါစေ ဆိုပြီး ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။သားငယ်လေး လွတ်မြောက်ဖို့အတွက် ကြိုးစားနေချိန်မှာ ဖခင်ဖြစ်သူကပါ ကျန်းမာရေးမကောင်းတာကြောင့် မိသားစုဝင်တွေလည်း ပူပန်သောကရောက်နေရှာမှာပဲဖြစ်ပါတယ်။

သူရဲကောင်းလေးမောင်လျှံဖြိုးအောင်လည်း အမြန်ဆုံးလွတ်မြောက်ပြီး မိသားစုနဲ့အတူ နွေးနွေးထွေးထွေး ပြန်နေရပါစေလို့ဆုတောင်းပေးရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Hlyan Phyo Aung’s Fb acc