ဗဟုသုတ

ဇနီးဖြစ်သူ ကွန်လွန်သွားတာကြောင့် တစ်ယောက်ထဲ စိတ်မကောင်းဖြစ်ရင်း ကူသူမဲ့နေရှာတဲ့ အဖိုး








ဇနီးဖြစ်သူ ကွန်လွန်သွားတာကြောင့် တစ်ယောက်ထဲ စိတ်မကောင်းဖြစ်ရင်း ကူသူမဲ့နေရှာတဲ့ အဖိုး

သက်ကြီး ရွယ်အိုတွေဆိုတာ တကယ်ကို သနားစရာကောင်းလွန်းတာ အမှန်ပါပဲ ။ အသက်အရွယ်အရ နာမကျန်းမှုဒဏ်တွေအပြင် စိတ်အားငယ် တတ်တာတွေကြောင့် သားသမီးဆွေမျိုးရှိရင်တောင် သူတို့ကို မပစ်ပယ်ထားဘဲ အထူး ဂရုတစိုက်ရှိဖို့ လိုအပ်ပါတယ် ။

တစ်ချို့ဆို ပြုစုစောင့်ရှောက်ပေးမယ့် သားသမီး မြေးတွေ မရှိလို့ ဒုက္ခရောက်နေရတဲ့ သက်ကြီးရွယ်အိုတွေ များစွာရှိတာကိုတွေ့ရပါတယ် ။အခုလည်း သက်ကြီး အဖိုးတစ်ယောက်ရဲ့ စိတ်မကောင်း စရာ သတင်းလေးတစ်ခု လူမှုကွန်ရက်စာမျက်နှာထက်မှာ ပျံ့နှံ့ခဲပါတယ် ။

အဖိုးကအဖွားနဲ့ နှစ်ယောက်တည်းနေထိုင်ပြီး အဖွားဖြစ်သူက ရုတ်တရက် ကွယ်လွန်သွားတာကြောင့် အဖိုးခမျာ တစ်ကိုယ်တည်း အဖော်မဲ့စွာ စိတ်မကောင်းဖြစ်ရင်း အိမ်ကျဉ်းကျဉ်းလေးထဲမှာ စားဝတ်နေရေး ဒုက္ခရောက်နေတာကိုတွေ့ရပါတယ် ။

သက်ကြီးရွယ်အိုဆိုတော့ ဘာမှလည်း မလုပ်နိုင်တာကြောင့် အိမ်ထဲမှာလည်း မသန့်မရှင်းနဲ့ ရှုပ်ပွပြီး စားစရာတောင် မရှိတဲ့ အနေအထားတစ်ခုကိုတွေ့ရတာ စိတ်မကောင်းစရာပါ။ အဖိုးရဲ့ အဖြစ်ကို သွားရောက်ကြည့်ရှုခဲ့တဲ့ ပြည်သူတစ်ဦးကလည်း ” အခုပုံပါအဖိုးက အရင်ကအဖိုးနဲ.အဖွားနှစ်ယောက်ထဲနေထိုင်တာပါ

အဖိုးအသက်၉၄ အဖွားက၉၀ အဖွားကတော့ ၇လပိုင်း၂၃ရက်နေ.ကဆုံးသွားပါပြီ အဖိုးတစ်ယောက်ထဲဆိုတော့ အရမ်းစိတ်ထိခိုက်နေမယ်ထင်ပါတယ် သားသမီးကမရှိနှစ်ယောက်ထဲနေလာတော့အစစအရာရာအဆင်မပြေပါဘူးရှင်

နေရပ်လိပ်စာ သင်္ကန်းကျွန်းအပိုင်း၁/၈လမ်းမှာနေပါတယ် လှူချင်သူများအထက်ပါနေရပ်လိပ်စာအတိုင်းသွားရောက်မေးမြန်းနိုင်ပါတယ်နော် ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးရင်း အဖိုးလည်း အမြန်ဆုံး အဆင်ပြေပါစေ ဆုတောင်းပေးလိုက်ပါတယ် ။