နားချိန်မရှိလို့ ထမင်းကိုတောင် သင်္ချိုင်းကဇရပ်မှာပဲ ကြုံသလိုစားနေကြရတဲ့ ပရဟိတသူရဲကောင်းတွေရဲ့ ပုံရိပ်တစ်ချို့
အကူအညီလိုတဲ့အချိန်တွေမှာ အမြဲအသင့်ရှိပေးနေတဲ့ ပရဟိတသမားတွေဟာ ကိုယ်ကျိုးစွန့်ပြီး အနစ်နာခံတတ်ကြသူတွေပါ။
ဒီနေ့မှာလည်း ပရဟိတအကျိုးတော်ဆောင်တွေဟာ ကူညီရတာတွေ များလွန်းလို့ ထမင်းကိုတောင်အချိန်သပ်သပ်ပေးပြီး အေးအေးလူလူမစားနိုင်တော့ဘဲ သင်္ချိုင်းက ဇရပ်လေးမှာ ဖြစ်သလိုထမင်းဗူးလေးတွေဖွင့်ပြီးစားနေကြတဲ့ ပုံရိပ်တွေဟာ မြင်သူတိုင်းကို ဂရုဏာသက်မိစေပါတယ်။
ဒီလိုအကျပ်အတည်းကာလတွေမှာဆို လုံးဝအားလပ်ချိန်မရှိအောင် ဒုက္ခရောက်နေသူတွေအတွက် အချိန်မီကူညီပေးနေကြတာမို့ ကျေးဇူးတင်စရာကောင်းလွန်းပါတယ်။
အကျပ်အတည်းကာလတွေကို အချင်းချင်းအပြန်အလှန်အကူအညီနဲ့ဖြတ်ကျော်ပြီး ရွှေရောင်တောက်ပတဲ့ အနာဂတ်နေ့သစ်တွေဆီကို ချီတက်ကြရမှာပါ။
ပရဟိတသမားတွေရဲ့ စေတနာဟာ တကယ်ကို ပြောင်မြောက်ပြီး အနစ်နာခံကူညီတဲ့ စွန့်လွှတ်စွန့်စားစိတ်ကတော့ လေးစားစရာကောင်းလွန်းပါတယ်။
ပုံစံမျိုးစုံ ဒုက္ခမျိုးစုံတွေကို နေ့စဉ်နဲ့အမျှမြင်တွေ့ပြီး ဖေးမကူညီဖို့ဆိုတာ တော်ရုံလူတစ်ယောက်အနေနဲ့ ရေရှည်မှာအဆင်မပြေနိုင်ပါဘူး။
ပရဟိတသမားတွေဟာ နှလုံးသားနူးညံ့သူတွေမို့ သူများထက်ပိုပြီး ခံစားစာနာပေးနိုင်ကြပါတယ်။ ဒါကြောင့်လည်း အများအကျိုးဆောင်တဲ့လုပ်ရပ်တွေကို အားသွန်ခွန်စိုက်လုပ်နေကြတာပါ။
ဒီလိုလူတွေအတွက် နေ့စဉ်နဲ့အမျှကြုံတွေ့ရတဲ့ ဒုက္ခတွေ စိတ်ဆင်းရဲမှုတွေဟာ အပြင်းထန်ဆုံး စိန်ခေါ်မှုတွေ ပါပဲ။ ဒါတွေကိုပဲမရရအောင်အားတင်းပြီး လူထုအတွက်ကူညီပေးချင်တဲ့စိတ်ဟာ ဘာနဲ့မှလဲလို့မရအောင် အဖိုးတန်ပါတယ်။
ဒီနေ့မှာလည်း ပရဟိတသူရဲကောင်းတွေရဲ့ နေ့လည်စားစားနေတဲ့ပုံရိပ်တွေကို ” VVIP စားသောက်ခန်းမဆောင်မှာ နေ့လည်စာ သုံးဆောင်ခြင်း ” ဆိုပြီး ခပ်နောက်နောက်လေးတင်ထားတာပဲ ဖြစ်ပါတယ်။
ပျော်စရာမကောင်းတဲ့အခြေအနေတွေမှာတောင် ကိုယ်တိုင်ရဲ့ပျော်ရွှင်မှုကိုရအောင်ရှာဖွေပြီး ပြည်သူတွေကိုကူညီပေးကြတဲ့ ပရဟိတအကျိုးတော်ဆောင်တွေ အေးချမ်းသာယာပြီး ဘေးအန္တရာယ် ကင်းရှင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Zawgyi
နားခ်ိန္မရွိလို႔ ထမင္းကိုေတာင္ သခ်ႋဳင္းကဇရပ္မွာပဲ ႀကဳံသလိုစားေနၾကရတဲ့ ပရဟိတသူရဲေကာင္းေတြရဲ႕ ပုံရိပ္တစ္ခ်ိဳ႕
အကူအညီလိုတဲ့အခ်ိန္ေတြမွာ အၿမဲအသင့္ရွိေပးေနတဲ့ ပရဟိတသမားေတြဟာ ကိုယ္က်ိဳးစြန႔္ၿပီး အနစ္နာခံတတ္ၾကသူေတြပါ။
ဒီေန႔မွာလည္း ပရဟိတအက်ိဳးေတာ္ေဆာင္ေတြဟာ ကူညီရတာေတြ မ်ားလြန္းလို႔ ထမင္းကိုေတာင္အခ်ိန္သပ္သပ္ေပးၿပီး ေအးေအးလူလူမစားႏိုင္ေတာ့ဘဲ သခ်ႋဳင္းက ဇရပ္ေလးမွာ ျဖစ္သလိုထမင္းဗူးေလးေတြဖြင့္ၿပီးစားေနၾကတဲ့ ပုံရိပ္ေတြဟာ ျမင္သူတိုင္းကို ဂ႐ုဏာသက္မိေစပါတယ္။
ဒီလိုအက်ပ္အတည္းကာလေတြမွာဆို လုံးဝအားလပ္ခ်ိန္မရွိေအာင္ ဒုကၡေရာက္ေနသူေတြအတြက္ အခ်ိန္မီကူညီေပးေနၾကတာမို႔ ေက်းဇူးတင္စရာေကာင္းလြန္းပါတယ္။
အက်ပ္အတည္းကာလေတြကို အခ်င္းခ်င္းအျပန္အလွန္အကူအညီနဲ႔ျဖတ္ေက်ာ္ၿပီး ေ႐ႊေရာင္ေတာက္ပတဲ့ အနာဂတ္ေန႔သစ္ေတြဆီကို ခ်ီတက္ၾကရမွာပါ။
ပရဟိတသမားေတြရဲ႕ ေစတနာဟာ တကယ္ကို ေျပာင္ေျမာက္ၿပီး အနစ္နာခံကူညီတဲ့ စြန႔္လႊတ္စြန႔္စားစိတ္ကေတာ့ ေလးစားစရာေကာင္းလြန္းပါတယ္။
ပုံစံမ်ိဳးစုံ ဒုကၡမ်ိဳးစုံေတြကို ေန႔စဥ္နဲ႔အမွ်ျမင္ေတြ႕ၿပီး ေဖးမကူညီဖို႔ဆိုတာ ေတာ္႐ုံလူတစ္ေယာက္အေနနဲ႔ ေရရွည္မွာအဆင္မေျပႏိုင္ပါဘူး။
ပရဟိတသမားေတြဟာ ႏွလုံးသားႏူးညံ့သူေတြမို႔ သူမ်ားထက္ပိုၿပီး ခံစားစာနာေပးႏိုင္ၾကပါတယ္။ ဒါေၾကာင့္လည္း အမ်ားအက်ိဳးေဆာင္တဲ့လုပ္ရပ္ေတြကို အားသြန္ခြန္စိုက္လုပ္ေနၾကတာပါ။
ဒီလိုလူေတြအတြက္ ေန႔စဥ္နဲ႔အမွ်ႀကဳံေတြ႕ရတဲ့ ဒုကၡေတြ စိတ္ဆင္းရဲမႈေတြဟာ အျပင္းထန္ဆုံး စိန္ေခၚမႈေတြ ပါပဲ။ ဒါေတြကိုပဲမရရေအာင္အားတင္းၿပီး လူထုအတြက္ကူညီေပးခ်င္တဲ့စိတ္ဟာ ဘာနဲ႔မွလဲလို႔မရေအာင္ အဖိုးတန္ပါတယ္။
ဒီေန႔မွာလည္း ပရဟိတသူရဲေကာင္းေတြရဲ႕ ေန႔လည္စားစားေနတဲ့ပုံရိပ္ေတြကို ” VVIP စားေသာက္ခန္းမေဆာင္မွာ ေန႔လည္စာ သုံးေဆာင္ျခင္း ” ဆိုၿပီး ခပ္ေနာက္ေနာက္ေလးတင္ထားတာပဲ ျဖစ္ပါတယ္။
ေပ်ာ္စရာမေကာင္းတဲ့အေျခအေနေတြမွာေတာင္ ကိုယ္တိုင္ရဲ႕ေပ်ာ္႐ႊင္မႈကိုရေအာင္ရွာေဖြၿပီး ျပည္သူေတြကိုကူညီေပးၾကတဲ့ ပရဟိတအက်ိဳးေတာ္ေဆာင္ေတြ ေအးခ်မ္းသာယာၿပီး ေဘးအႏၲရာယ္ ကင္းရွင္းၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။