လတ်တလောမှာဆိုရင် အနုပညာအသိုင်းအဝန်းမှ အရမ်းတော်တဲ့အနုပညာရှင်ကောင်းတွေ တစ်ယောက်ပြီးတစ်ယောက် ကြွေလွင့်နေကြတာကို ကြားသိနေရပါတယ်။
မနေ့ကဆိုရင်လည်း ကဗျာဆရာအောင်ချိမ့်က ဩဂုတ်လ(၉)ရက်နေ့၊ည (၈)နာရီ (၁၂)မိနစ်တွင် သေဆုံးသွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် (၇၃)နှစ်အရွယ် ရှိနေပြီဖြစ်ပါတယ်။
ကဗျာဆရာအောင်ချိမ့်ကို (၁၉၄၈)ခုနှစ်တွင် မွေးဖွားခဲ့ပြီး မြန်မာပြည်ရဲ့ အကြီးကျယ်ဆုံးသော သက်ရှိထင်ရှားကဗျာဆရာအဖြစ်လည်း အသိအမှတ်ပြုခံခဲ့ရပါတယ်။
ဆရာအောင်ချိမ့်က ဇူလိုင်လ (၁၂)ရက်နေ့ကတည်းက အစားအသောက်မဝင်တော့လို့ ဆေးရုံတက်ပြီး ကုသမှုခံယူခဲ့ပေမယ့် ဆေးပဲစစ်နိုင်ပြီး သွေးအားကျနေတာကိုအဖြေမရှာနိုင်လို့ ဆေးရုံကအိမ်ပြန်လွှတ်ခဲ့တယ်လို့သိရပါတယ်။
ဇူလိုင်လ (၁၅)ရက်နေ့မှာ ဆေးရုံကနေ အိမ်ပြန်ရောက်ခဲ့ပြီး မနေ့ကကွယ်လွန်သွားတာကြောင့် သူ့ရဲ့ပရိသတ်တွေနဲ့မိတ်ဆွေတွေက ဝမ်းနည်းနေကြတာဖြစ်ပါတယ်။
ဆရာအောင်ချိမ့်က မသေဆုံးခင်အချိန်လေးမှာလည်း ပါးစပ်ကပြောပြီး ကဗျာလေးတစ်ပုဒ်ရေးသွားခဲ့သေးတာဖြစ်ပါတယ်။
သူရဲ့နောက်ဆုံးကဗျာလေးကတော့
“ကယ်တော်မူပါဗျို့၊ကယ်တော်မူပါဗျို့၊ကယ်တော်မူပါဗျို့
ကျွန်တော်ကအာရှတိုက်ကပါ၊
မြန်မာနိုင်ငံသားပါ၊
ကျွန်တော်က အောင်ချိမ့်ပါ၊
ကမ္ဘာကဆရာဝန်အပေါင်းတို့ အောင်ချိမ့်ကို ဆေးကုပေးပါဗျို့
ကျွန်တော့်ကိုဆေးတိုက်ပါ၊ဆေးများများတိုက်ပါ
ကျွန်တော်သောက်ပါ့မယ်”ဆိုပြီး ပါးစပ်ကပြောကာ အန်တီကလိုက်ရေးပေးတာဖြစ်ပါတယ်
ဆရာအောင်ချိမ့်ရဲ့နောက်ဆုံးရေးခဲ့တဲ့ ကဗျာလေးကလည်း ဖတ်မိသူတိုင်းကို မျက်ရည်ဝဲစေတာကြောင့် ပရိသတ်တွေဖတ်ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(Zawgyi)
မသေဆုံးခင်မှာ ပါးစပ်ကပြောပြီး ရေးစပ်ခဲ့တဲ့ ကဗျာဆရာအောင်ချိမ့်ရဲ့နောက်ဆုံးကဗျာလေး
ဆရာအောင်ချိမ့်က ဇူလိုင်လ (၁၂)ရက်နေ့ကတည်းက အစားအသောက်မဝင်တော့လို့ ဆေးရုံတက်ပြီး ကုသမှုခံယူခဲ့ပေမယ့်ေ ဆးပဲစစ်နိုင်ပြီး သွေးအားကျနေတာကိုအဖြေမရှာနိုင်လို့ ဆေးရုံကအိမ်ပြန်လွှတ်ခဲ့တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံသားပါ၊