ပရိသတ်ကြီးရေ ပြီးခဲ့တဲ့လက ဆုံးပါးသွားခဲ့တဲ့ တင်ဇာမော် ရဲ့ မိခင်ဖြစ်သူဟာ မဆုံးပါးခင်မှာ သမီးလေးရဲ့ အနီးကပ် ပြုစုစောင့်ရှောက်မှုကို အပြည့်အဝရခဲ့ပြီး ဝေဒနာရဲ့ နှိပ်စက်မှုတွေကြားကနေပဲ ချစ်သမီးလေး ရဲ့ ယုယကြင်နာမှုတွေကြောင့် အငြင်သာဆုံး အနေအထားနဲ့ ဘဝကူးပြောင်းသွားခဲ့တာပါ။
အားကိုးရတဲ့ ချစ်သမီးလေးကို သားဆယ်ယောက် နဲ့ တောင် မလဲနိုင်ဘူးလို့ အမြဲတမ်း ချီးကျူးခဲ့တဲ့ မိခင် ရဲ့ စကားကြောင့် သူမရဲ့ဘဝမှာ လူဖြစ်ရကျိုးနပ်ပြီလို့ ခံယူထားကြောင်း တင်ဇာမော်က ရင်ဖွင့်လာခဲ့ ပါတယ်။
ဒီနေ့မှာလည်း မိခင် မဆုံးပါးခင်မှာ သူမ မက်ခဲ့တဲ့ အိပ်မက်အကြောင်းကို ဖွင့်ပြောလာခဲ့ပါတယ်။ မိခင်ဆုံးမယ့်ရက် ရဲ့ မနက်အစောပိုင်းမှာ လွန်ခဲ့တဲ့ (၁၁) နှစ်နဲ့ (၈) လ အကြာက ဆုံးပါးသွားခဲ့တဲ့ ဖခင်ဖြစ်သူကို အိပ်မက်တွေမက်ခဲ့ပြီး အိပ်မက်မက်တိုင်း စကားမပြောတဲ့ ဖခင်ဟာ သူမကိုထူးထူးဆန်းဆန်း စကားတွေအများကြီးပြောခဲ့တယ်လို့ ဆိုပါတယ်။
မိခင်ကွယ်လွန်ပြီး (၁၂) ရက်အကြာမှာတော့ ဆုံးပါးသွားတဲ့မိခင် ရဲ့ အကြိုက်ဆုံးအစားအစာဖြစ်တဲ့ ပဲပြုတ်ထမင်းနယ်ကို ခွံ့ကျွေးနေတဲ့ပုံစံ အိပ်မက်မက်ကြောင်း သူမ ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားခဲ့ပါတယ်။
မိခင်မဆုံးခင်မှာလည်း နားနား ကပ်ပြီး မြေးတွေရှိ တဲ့အင်္ဂလန်ကို တန်းတန်းမတ်မတ် သွားဖို့ မှာခဲ့တဲ့အကြောင်း ပြောပြခဲ့ပါသေးတယ်။ လူ့အခွင့်အရေးအပြည့်အဝရတဲ့နိုင်ငံတွေမှာ လူဖြစ်ရတာ သိပ်ကိုကံကောင်းပါတယ်။ကောင်းမှုကုသိုလ်တွေပဲလုပ်ခဲ့တဲ့ မိခင်ကြီးအတွက် ထပ်လောင်းကုသိုလ်လေးတွေကို အင်္ဂလန်မှာရော မြန်မာပြည်မှာပါ အတူတူလုပ်ပေးခဲ့ပြီး မိခင်ကြီး တစ်ယောက် ကောင်းမွန်မြင့်မြတ်တဲ့ဘုံဘဝရောက်အောင် အထောက်အပံ့ကောင်းတွေ လုပ်ပေးနေကြဆဲပါပဲ။
ZAWGYI
ပရိသတ္ႀကီးေရ ၿပီးခဲ့တဲ့လက ဆုံးပါးသြားခဲ့တဲ့ တင္ဇာေမာ္ ရဲ့ မိခင္ျဖစ္သူဟာ မဆုံးပါးခင္မွာ သမီးေလးရဲ့ အနီးကပ္ ျပဳစုေစာင့္ေရွာက္မႈကို အျပည့္အဝရခဲ့ၿပီး ေဝဒနာရဲ့ ႏွိပ္စက္မႈေတြၾကားကေနပဲ ခ်စ္သမီးေလး ရဲ့ ယုယၾကင္နာမႈေတြေၾကာင့္ အျငင္သာဆုံး အေနအထားနဲ႔ ဘဝကူးေျပာင္းသြားခဲ့တာပါ။
အားကိုးရတဲ့ ခ်စ္သမီးေလးကို သားဆယ္ေယာက္ နဲ႔ ေတာင္ မလဲနိုင္ဘူးလို႔ အျမဲတမ္း ခ်ီးက်ဴးခဲ့တဲ့ မိခင္ ရဲ့ စကားေၾကာင့္ သူမရဲ့ဘဝမွာ လူျဖစ္ရက်ိဳးနပ္ၿပီလို႔ ခံယူထားေၾကာင္း တင္ဇာေမာ္က ရင္ဖြင့္လာခဲ့ ပါတယ္။
ဒီေန႔မွာလည္း မိခင္ မဆုံးပါးခင္မွာ သူမ မက္ခဲ့တဲ့ အိပ္မက္အေၾကာင္းကို ဖြင့္ေျပာလာခဲ့ပါတယ္။ မိခင္ဆုံးမယ့္ရက္ ရဲ့ မနက္အေစာပိုင္းမွာ လြန္ခဲ့တဲ့ (၁၁) ႏွစ္နဲ႔ (၈) လ အၾကာက ဆုံးပါးသြားခဲ့တဲ့ ဖခင္ျဖစ္သူကို အိပ္မက္ေတြမက္ခဲ့ၿပီး အိပ္မက္မက္တိုင္း စကားမေျပာတဲ့ ဖခင္ဟာ သူမကိုထူးထူးဆန္းဆန္း စကားေတြအမ်ားႀကီးေျပာခဲ့တယ္လို႔ ဆိုပါတယ္။
မိခင္ကြယ္လြန္ၿပီး (၁၂) ရက္အၾကာမွာေတာ့ ဆုံးပါးသြားတဲ့မိခင္ ရဲ့ အႀကိဳက္ဆုံးအစားအစာျဖစ္တဲ့ ပဲျပဳတ္ထမင္းနယ္ကို ခြံ့ေကၽြးေနတဲ့ပုံစံ အိပ္မက္မက္ေၾကာင္း သူမ ရဲ့ လူမႈကြန္ယက္မွာ ေရးသားထားခဲ့ပါတယ္။
မိခင္မဆုံးခင္မွာလည္း နားနား ကပ္ၿပီး ေျမးေတြရွိ တဲ့အဂၤလန္ကို တန္းတန္းမတ္မတ္ သြားဖို႔ မွာခဲ့တဲ့အေၾကာင္း ေျပာျပခဲ့ပါေသးတယ္။ လူ႔အခြင့္အေရးအျပည့္အဝရတဲ့နိုင္ငံေတြမွာ လူျဖစ္ရတာ သိပ္ကိုကံေကာင္းပါတယ္။ေကာင္းမႈကုသိုလ္ေတြပဲလုပ္ခဲ့တဲ့ မိခင္ႀကီးအတြက္ ထပ္ေလာင္းကုသိုလ္ေလးေတြကို အဂၤလန္မွာေရာ ျမန္မာျပည္မွာပါ အတူတူလုပ္ေပးခဲ့ၿပီး မိခင္ႀကီး တစ္ေယာက္ ေကာင္းမြန္ျမင့္ျမတ္တဲ့ဘုံဘဝေရာက္ေအာင္ အေထာက္အပံ့ေကာင္းေတြ လုပ္ေပးေနၾကဆဲပါပဲ။