News

“စကစ တပ်က ရဲဘော်တွေ လက်နက် အပြည့်အစုံ နှင့် လာရောက်ပူးပေါင်းရင် ဆုကြေးငွေ သိန်း (၅၀) ပေးမယ်လို့ CDF မင်းတပ်က ကြေငြာ”

မင်းတပ် ဩဂုတ် -၁၀

စစ်ကောင်စီတပ်မှ ရဲဘော်များအနေဖြင့် ပြည်သူကိုအမိ အဖအဖြစ် အသိမှတ်ပြုပြီး ပြည်သူနဲ့အတူရပ်တည်လိုတဲ့ ရဲဘော်များအနေဖြင့် လက်နက်ခဲယမ်းအပြည့်အစုံနှင့် လာရောက်ပူး ပေါင်းပါကတစ်ဦးလျှင်ဆုကြေး‌ ငွေကျပ်သိန်း ၅၀ထုတ်ပေးမည့်အပြင် ပြည်ပနိုင်ငံများတွင် သွားရောက်ခိုလှုံ နိုင်ရန် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မင်းတပ် CDFအဖွဲ့မှ ထုတ်ပြန် လိုက်သည်။

” တစ်ချို့ကတပ်ထဲမှာမနေချင်ကြတဲ့ရဲဘော်တွေ၊ အများကြီးရှိတယ်။ သူတို့မှာ သွားစရာနေစရာဘာမှမရှိဘူး ။ အဲလိုလူတွေအများကြီး သူတို့လည်း အပြစ်မရှိတဲ့ ပြည်သူတွေကို ပစ်ချင်မှာမဟုတ်ဘူး။ အာဏာမက်တဲ့ လူတစ်စုကြောင့် သူတို့တွေကမြေဇာပင်ဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့သိတယ်။ဒါကြောင့် ဒီထုတ်ပြန်ချက်က သူတို့အတွက် ထွက်ပေါက်တစ်ခုရမှာဖြစ်တယ်” ဟု CDFမင်းတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဩဂုတ်လ ၇ ရက်နေ့ ညဦးပိုင်းတွင် ကျောက်ထုလေယာဉ်ကွင်းအတွင်းရှိ တာဝန်ကျရဲဘော် ၁၀ဦးလက်နက်အပြည့်အစုံဖြင့် တပ်ထဲမှ ထွက်ပြေးခဲ့ကြပြီး တစ်ဦးမှာ စစ်ကောင်စီက ပြန်လည်ဖမ်းမိခဲ့ကြောင်းသိရသည်။

ယခုရက်ပိုင်းအတွင်း မင်းတပ် အနီးအနားရှိ ရွာများတွင်လည်း စစ်ကောင်စီ တပ်များမှ ထွက်ပြေးသွားသောရဲဘော်များကိုလိုက်လံရှာဖွေ‌နေလျှက် ရှိကြောင်း သိရသည်။