News

“အရမ်းခက်ခဲနေပြီး အိမ်လခတောင် မပေးနိုင်တဲ့အချိန်မှာ ချစ်သူခင်သူတွေက ဝိုင်းဝန်းကူညီကြလို့ ဝမ်းနည်းဝမ်းသာ ဖြစ်နေတဲ့ လူရွှင်တော်ကြီး ဦးတိမ်ညွှန့်”

ဝမ်းသာစရာ သတင်းပါ။

ပြီးခဲ့တဲ့ ရက်ကပဲ လူရွှင်တော်ကြီး ဦးတိမ်ညွှန့် အိမ်လခ ပေးစရာမရှိလို့ အခက်အခဲဖြစ်နေတဲ့အကြောင်း သတင်းလေး တင်ပေးခဲ့ပတယ်

အဲဒီသတင်းတင်ပြီး နောက်နေ့မှာပဲ ကိုပူတူးနဲ့ဘော်ဒါများက လူရွှင်တော်ကြီးဦးတိမ်ညွန့်အတွက် အိမ်လစာ (3)လစာ အခုညတွင်းချင်း ချုပ်ပေးခဲ့ပါတယ်။

ဒီနေ့မှာလည်းအကူအညီလိုအပ်နေတဲ့ လူရွှင်တော်ကြီးဦးတိမ်ညွန့်ကို လူရွှင်တော်မိုးစက်က အားလုံးရဲ့ ကိုယ်စား ဒီကနေ့သွားရောက်လှူဒါန်းခဲ့ပါတယ်။

“အလှူငွေ သိန်း ၃၀ ကျော် ရပါတယ်။အိမ်လခ (၆) လချုပ် ၄၅၀၀၀၀ ကျပ် ပေးခဲ့တဲ့အပြင် အလှူငွေ…၂၅၉၀၀၀၀ (နှစ်ဆယ့်ငါးသိန်းကိုးသောင်း)ဆန်တစ်အိတ် (52000) ကျပ် တို့ကိုပေးအပ်ခဲ့ပါတယ် ။% ခ နှုတ်ပြီးပါခင်ဗျာ။

အဖက်ဖက်မှ ဝိုင်းဝန်းလှူဒါန်းသူများကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ. ။

အခြားအလှူရှင်များလာရောက်လှုသည့်ငွေကို စာချုပ်မချုပ်ရသေးတဲ့ အတွက်သိမ်းထားဖို့ပြောပေးပြီးကျွန်တော့်အလှူငွေနဲ့ဘဲ ချုပ်ပေးခဲ့ပါတယ်။

ခုတော့ ဘဘဦးတိမ်ညွှန့် ဟာ သူ့ကို ချစ်သူ ခင်သူတွေရဲ့ မေတ္တာကို ခံစားရလို့ ဝမ်းနည်း ဝမ်းသာဖြစ်ပြီး မျက်ရည်များတောင် လည်နေရှာပါတယ်

ဦးတိမ်ညွန့်အတွက် အလှူခံခြင်းရပ်လိုက်ပါပြီ “လို့ လူရွှင်တော်မိုးစက်က ဝေမျှထားပါတယ်

အလှူရှင်များနဲ့ တကွ လူရွှင်တော်မိုးစက်ကိုလည်း ကျေးဇူးတင်ပါတယ်။