ဝိုင်းမော်မြို့ ၅၈ တပ်ရင်းက ပစ်ခတ်မှုသည် နောက်တန်းစစ်သည်များနှင့် စစ်သားများ၏ ဇနီးများမှ ကာကွယ်ပစ်ခတ်သွားခြင်း ဖြစ်ကြောင်းဆို
ကချင်ပြည်နယ် ဝိုင်းမော်မြို့ စစ်ကောင်စီတပ်ရင်း ၅၈ က ညတိုင်းလိုလို ကျေးရွာများသို့ လက်နက်ကြီးများ ပစ်ထည့်နေသည်မှာ နောက်တန်းစစ်သည်များနှင့် စစ်သားများ၏ အမျိုးသမီးများမှ ကာကွယ်တိုက်ခိုက်သည့် ပစ်ခတ်မှုဖြစ်ကြောင်း စစ်ကောင်စီထောက်ခံသူ မော်ဒယ်ရွှေရူပါဦး မှ ချီးကျိုးပြောဆိုထားသည့် ရုပ်သံဖိုင် ဖြစ်ပါသည်။
ဗီဒီယိုဖိုင်ကို စစ်ကောင်စီထောက်ခံသူ မော်ဒယ်ရွှေရူပါဦးက ၎င်း၏ တယ်လီဂရမ် ချန်နယ်တွင် ၉ နာရီခွဲ၌ တင်ထားသည်ကိုတွေ့ရပါသည်။
ရုပ်သံကြည့်ရန်
၎င်းပစ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးပြီး ကျေးရွာပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါသည်။
KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူကတော့ ဝိုင်းမော် ၅၈ တပ်ရင်းကို KIA ကသွားတိုက်တာမျိုး မရှိသလို PDF တွေက သားတိုက်တယ်လို့လဲ မကြားမိဘူးလို့ ပြောပါတယ်
တပ်ထောက်ခံသူတွေကတော့ ၅၈ တပ်ရင်းကို KIA နှင့် PDF တွေက ပူးပေါင်းပြီး လာရောက်တိုက်ခိုက်ရာမှာ တပ်တွင်း နေထိုင်သူ နောက်တန်းက ရဲမေတွေက အောင်မြင်စွာ ပြန်တိုက်နိုင်ခဲ့တယ်ဆိုတဲ့ ဂျင်းသတင်းကို ယုံပြီး ဂုဏ်ယူနေကြတာ ဖြစ်ပါတယ်