ဗဟုသုတ
ဆေးဝါးတွေနဲ့အတူ ကြက်သားဆန်ပြုတ်တွေပါလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ
ဆေးဝါးတွေနဲ့အတူ ကြက်သားဆန်ပြုတ်တွေပါလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ
ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ခိုင်နှင်းဝေကတော့ မနေ့ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အသက် (၆၀)နှင့်အထက် အဖိုးအဖွားတွေအတွက် ဆေးဝါးတွေလှူဒါန်ပေးဖို့ ပြင်ဆင်နေခဲ့တာကိုပရိသတ်တွေသိရှိအောင် ဖော်ပြထားခဲ့ပါတယ်။
အလှူလေးကတော့ သူ့ရဲ့သူ့ရဲ့အလှူ ရှင်တွေလှူဒါန်းထားတဲ့ အလှူငွေတွေထဲကနေလှူဒါန်းတာဖြစ်ပြီးဒီနေ့ သြဂုတ်လ (၉)ရက်နေ့မှာ ခိုင်နှင်းဝေကကိုယ်တိုင်ကိုယ်ကျ အဖိုးအဖွားတွေရဲ့အိမ်တွေအထိ လိုက်လံလှူဒါန်းပေးခဲ့တာပါ။ ဆေးဝါးတွေအပြင်
ခိုင်နှင်းဝေက အဖိုးအဖွားတွေ အားရှိစေဖို့ ရည်ရွယ်ပြီး သူကိုယ်တိုင်ချက်တဲ့ ကြက်သားဆန်ပြုတ်တွေကိုပါ အဖိုးအဖွားတွေနဲ့ လိုအပ်နေတဲ့သူတွေအတွက်
ထပ်မံလှူဒါန်းပေးခဲ့ပါသေးတယ်။
သူနဲ့အလှူရှင်တွေလှူဒါန်းတဲ့ ကြည်နူးဖွယ်အလှူပုံရိပ်လေးတွေကိုလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။CeleCity ပရိသတ်ကြီးတွေလည်း ခိုင်နှင်းဝေနဲ့ သူ့ရဲ့အလှူရှင်တွေ စုပေါင်းလှူဒါန်းတဲ့ အလှူလေးကို သာဓုခေါ်ဆိုနိုင်စေဖို့ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။
ပရိသတ်ကြီးက ခိုင်နှင်းဝေတို့ရဲ့ အလှူလေးကို ထပ်တူ ကုသိုလ်ရအောင်ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
zawgyi
ပရိသတ်ကြီးတွေက ခိုင်နှင်းဝေတို့ရဲ့ အလှူလေးကို ထပ်တူ ကုသိုလ်ရအောင်ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။