ဗဟုသုတ

ပြေတီဦးရဲ့ဖခင် သေဆုံးရတဲ့ အကြောင်းအရင်းမှန်ကို ပြောပြလာတဲ့ ဒါရိုက်တာ မောင်မျိုးမင်း








Unicode

ပြေတီဦးရဲ့ဖခင် သေဆုံးရတဲ့ အကြောင်းအရင်းမှန်ကို ပြောပြလာတဲ့ ဒါရိုက်တာ မောင်မျိုးမင်း

ပြီးခဲ့တဲ့သြဂုတ်လ၂ရက်နေ့မှာတော့ သရုပ်ဆောင်ပြေတီဦးရဲ့ ချစ်ရတဲ့ဖခင်ကြီးဖြစ်တဲ့ ဒေါက်တာဦးတင်မောင်ဦး၊ အသက်(၇၄)နှစ်မှာကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်နော်။

မိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ်၊ အခုတစ်ခါမှာဆိုရင်လဲဒါရိုက်တာဦးမျိုးမင်းက သရုပ်ဆောင်ပြေတီဦးရဲ့ဖခင်ကြီး ဦးတင်မောင်ဦး ကွယ်လွန်သွားခဲ့ရတဲ့ အကြောင်းအရာလေးကို အနည်းငယ်ပြောပြလာပါတယ်။

သရုပ်ဆောင်ပြေတီဦးရဲ့ဖခင်ကြီး ဦးတင်မောင်ဦးက ကိုဗစ်ရောဂါစတင်ဖြစ်စဉ်မှာ ဆေးရုံမတက်ပဲ အိမ်မှာကုသခဲ့ပါတယ်၊

မိသားစုများကလဲဆေးရုံတက်ပြီး ကုသစေချင်တဲ့အတွက် သမီးဖြစ်သူငွေတီဦးက​ဖြောင်းဖျပြောဆိုခဲ့တဲ့အတွက် ဆေးရုံတက် ဖို့ပြင်ဆင်ပါတယ်။

ဆေးရုံသွားမယ့်နေ့မှ ဝေဠုကျော်ပရဟိတလုပ်ငန်းက ခေါ်ဆောင်ပေးဖို့ သွားပေမယ့်လဲ အဲဒီနေ့အိမ်မှာပဲ ကွယ်လွန်ခဲ့တာကြောင့် ရုပ်ကလက်ကိုပဲ သယ်ဆောက်ခဲ့ရတဲ့အကြောင်းလေး ပြောကြားလာခဲ့ပါတယ်နော်။

ဒီသတင်းကိုကြားသိပြီးဖြစ်တဲ့ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်လဲ အင်မတန်ဝမ်းနည်းငိုကျွေးနေမိမှာ အမှန်ပါပဲ။

ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင်ပြေတီဦးရဲ့ ဖခင်ကြီးဦးတင်မောင်ဦးလဲကောင်းရာသုဂတိလားပါစေလို့ဆုတောင်းပေးရင်း ဒီသတင်းကိုတင်ဆက်ပေးလိုက်ရခြင်းပဲ ဖြစ်ပါတယ်​ဗျာ။