တေးရေးဆရာ နိုင်မြန်မာ ကွယ်လွန်သွားပြီ ဆိုသည့် သတင်း လူမှုကွန်ယက်တွင်ပျံ့နှံ့
(“ကမ္ဘာမကြေဘူး” သီချင်း ကို အောက်တွင် ဗားရှင်း ၂ မျိုးဖြင့် ကြည့်ရှုနိုင်ပါသည်)
“တေးရေးနိုင်မြန်မာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်”
ဩဂုတ်လ ၈ရက်နေ့က အလှူရှင်တစ်ဦးမှ တေးရေးနိုင်မြန်မာဆီကို စားသောက်ကုန်များ သွားရောက်လှူဒါန်းခဲ့ပါတယ်။
တေးရေးနိုင်မြန်မာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်းလည်း သိရပါတယ်။
တေးရေးဆရာ နိုင်မြန်မာ ကွယ်လွန်သွားပြီ ဆိုသည့် သတင်းဟာ သတင်းအမှားဖြစ်သည်ဟု သိရပါသည်။
အသိဉာဏ်ပညာ၊ဆင်ခြင်တုံတရားနှင့် ဒီမိုကရေစီစနစ် ဒီနေ့ ကမ္ဘာမကြေဘူး သီချင်းရဲ့ ဖန်တီးရှင် တေးရေးနိုင်မြန်မာနဲ့တွေ့ခဲ့တယ်။
အဓိက ကလက်ရှိ ည ၈နာရီတိုင်း သူ့သီချင်းတွေဆိုနေတဲ့ အကြောင်းကို အင်တာဗျူးလုပ်ဖို့ပါပဲ။
ဆရာနိုင်မြန်မာက အသက်(၆၃)နှစ်ရှိပြီ။လူပုံကတုတ်တုတ်ခိုင်ခိုင် ခန္ဓာကိုယ်က ၀၀လုံးလုံးအသားညိုညိုနဲ့ လက်ခလယ်ကြားမှာ မယ်ခွေပဲအမြဲနေတယ်။
၈၈ အရေးအခင်းဖြစ်တော့ သီချင်းရေးတဲ့သူဖြစ်တဲ့အလျှောက် တွေ့နေမြင်နေရတာတွေကို အများသူငါလိုပဲ မခံနိုင်လို့ တော်လှန်ရေးသီချင်းတွေ ရေးခဲ့တယ်။ စုစုပေါင်း ခုနစ်ပုဒ်လောက်ရှိတယ်။
သီချင်းခြောက်ပုဒ်က ကိုယ်ပိုင်သံစဉ်ဖြစ်ပြီးတော့ ကမ္ဘာမကြေဘူးဆိုတဲ့ သီချင်းတစ်ပုဒ်တည်းပဲ Dust in the wind ကို သံစဉ်ယူပြီး ပြန်မွမ်းမံထားတာပါ။
အဓိကကတော့ လူတွေလိုက်ဆိုဖို့ လွယ်တဲ့သီချင်းကို သံစဉ်ယူပြီးစာသားထည့်ထားတာပါ။ပြီးတော့ သူ့ရဲ့ မြောက်ဥက္ကလာပက နွားခြံထဲမှာပဲ သီချင်းလေ့ကျင့် အသံသွင်း။
အသံသွင်းတော့ လူငယ် ၁၄ ယောက်ပါခဲ့တယ်။ မိန်းကလေး ၁ဝ ယောက်၊ ယောက်ျားလေး လေးယောက်။ အားလုံးကို သူ့နွားခြံရှိတဲ့ ရပ်ကွက်ထဲကနေ ခေါ်ထားကြတာ။
(သီချင်းသမိုင်းကြောင်းက သူ့အင်တာဗျူးတွေကြည့်ပြီးတဲ့ လူတော်တော်များများ သိပြီးကြပါပြီ)ဒီနေ့တွေ့တော့ သူပြောတယ်။ ”၈ နာရီထိုးတိုင်းလူတွေ ကျွန်တော်ရေးခဲ့တဲ့ သီချင်းကိုဆိုကြတယ်။
ဒီသီချင်းက ၈၈ ပြီးကတည်းက ကျွန်တော်မပိုင်တော့ဘူး။ လူတွေအားလုံးပိုင်သွားပြီ။ ကျွန်တော်လည်း လေးနှစ်အရွယ် ကျွန်တော့်သားနဲ့ ညတိုင်းအတူတူထွက်ဆိုတယ်”တဲ့။
မတရားမှုတွေ မရပ်တန့်သေးသရွေ့ ဒီသီချင်းက ဆက်ပြီးတော့ တိုက်ပွဲဝင်နေဦးမှာပဲ” ဟု သူက ဆိုတယ်။ သူက ဆက်ပြောသေးတယ်။”လတ်တလော ပြည်သူတွေ သိပ်ညီညွတ်တယ်။ စည်းကမ်းရှိတယ်။
၈၈ တုန်းကလိုမျိုး သွေးထွက်သံယိုဖြစ်တာ မမြင်ချင်တော့ဘူး။ သွေးထွက်သံယိုဖြစ်တိုင်းလည်း အောင်မြင်တာမဟုတ်ဘူး။ ဒီမိုကရေစီမှာ လူတွေကပါးနပ်ရမယ်။ အကွက်မြင်တတ်ရမယ်။ စိတ်ရှည်ရမယ်။
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အောင်မြင်အောင်လုပ်ရမယ်” တဲ့။သူဆိုလိုချင်တာက ဒီအချိန်မှာဘယ်ဟာက ကျော့ကွင်း၊ ဘယ်ဟာကခြေနင်းလဲဆိုတာ သိရမယ်ပေါ့ဗျာ။ ပြီးတော့ သူကလူငယ်တွေကို အားကိုးရှာပါတယ်။
တကယ်လည်းခေတ်က ၈၈ တုန်းကနဲ့မှ မတူတော့ဘဲ။ လူငယ်တွေက ပွင့်နေတဲ့ကောင်းကင်ကြီးအောက်မှာ လွတ်လွတ်လပ်လပ် ပျံသန်းနေကြတာ။
ရုတ်တရက် ပိတ်လှောင်လိုက်ရင် ဘယ်လောက် မွန်းကျပ်လဲဆိုတာ ကောင်းကောင်းသိကြတယ်။ဟုတ်တယ်လေ။ အခုချိန်မှာ လူတိုင်းနီးပါး မနက်မိုးလင်း မျက်လုံးပွင့်လာတာနဲ့ စိတ်ကအလိုလိုကို မှိုင်းနေတာ။
ဟိုတစ်ခါ ထိန်ပင်အမှိုက်ပုံ မီးလောင်တုန်းက အူပြီးထွက်နေတဲ့ မီးခိုးမှိုင်းထဲ မတ်တတ်ရပ်နေကြရသလိုပဲ။ဒါနဲ့ သူက ”မတရားမွန်းကျပ်အောင်လုပ်တဲ့ သူတိုင်းကိုအသိပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ ပေါင်းပြီး အိပ်မက်ထဲကနေပြီးတော့တောင် ဆန့်ကျင်ရမယ်” တဲ့။
ဒါက ဘယ်လိုအခြေအနေမျိုးမှာမဆို လုပ်ဖို့ပြောတာ။”အခုအချိန်မှာ လူတိုင်းလူတိုင်း သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တောင်းဆိုနေကြတယ်။
ဒါက သူတို့အခွင့်အရေးပဲ၊ သူတို့ထုတ်ဖော်တောင်းဆိုရမှာပဲ။ လူတစ်ယောက်အနေနဲ့ ကြိုက်တာကို ကြိုက်တယ်။ မကြိုက်တာကို မကြိုက်ဘူးဆိုတဲ့
အခွင့်အရေးမျိုးကတော့ ဘယ်လိုတိုင်းပြည်မှာမဆို ရှိသင့်တယ်။ ကျွန်တော်တို့တိုင်းပြည်မှာ မရှိရင်လည်းအနုနည်း၊ ငြိမ်းချမ်းတဲ့နည်းနဲ့ ရအောင်ယူရမှာပဲ” တဲ့။
(Zawgyi)
“တေးရေးနိုင်မြန်မာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်”
ဩဂုတ်လ ၈ရက်နေ့က အလှူရှင်တစ်ဦးမှ တေးရေးနိုင်မြန်မာ ဆီကိုစားသောက်ကုန်များ သွားရောက်လှူဒါန်းခဲ့ပါတယ်။
တေးရေးနိုင်မြန်မာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်းလည်း သိရပါတယ်။
အသိဉာဏ်ပညာ၊ဆင်ခြင်တုံတရားနှင့် ဒီမိုကရေစီစနစ် ဒီနေ့ ကမ္ဘာမကြေဘူး သီချင်းရဲ့ ဖန်တီးရှင် တေးရေးနိုင်မြန်မာနဲ့တွေ့ခဲ့တယ်။
အဓိက ကလက်ရှိ ည ၈နာရီတိုင်း သူ့သီချင်းတွေဆိုနေတဲ့ အကြောင်းကို အင်တာဗျူးလုပ်ဖို့ပါပဲ။
ဆရာနိုင်မြန်မာက အသက်(၆၃)နှစ်ရှိပြီ။လူပုံကတုတ်တုတ်ခိုင်ခိုင် ခန္ဓာကိုယ်က ၀၀လုံးလုံးအသားညိုညိုနဲ့ လက်ခလယ်ကြားမှာ မယ်ခွေပဲအမြဲနေတယ်။
၈၈ အရေးအခင်းဖြစ်တော့ သီချင်းရေးတဲ့သူဖြစ်တဲ့အလျှောက် တွေ့နေမြင်နေရတာတွေကို အများသူငါလိုပဲ မခံနိုင်လို့ တော်လှန်ရေးသီချင်းတွေ ရေးခဲ့တယ်။ စုစုပေါင်း ခုနစ်ပုဒ်လောက်ရှိတယ်။
သီချင်းခြောက်ပုဒ်က ကိုယ်ပိုင်သံစဉ်ဖြစ်ပြီးတော့ ကမ္ဘာမကြေဘူးဆိုတဲ့ သီချင်းတစ်ပုဒ်တည်းပဲ Dust in the wind ကို သံစဉ်ယူပြီး ပြန်မွမ်းမံထားတာပါ။
အဓိကကတော့ လူတွေလိုက်ဆိုဖို့ လွယ်တဲ့သီချင်းကို သံစဉ်ယူပြီးစာသားထည့်ထားတာပါ။ပြီးတော့ သူ့ရဲ့ မြောက်ဥက္ကလာပက နွားခြံထဲမှာပဲ သီချင်းလေ့ကျင့် အသံသွင်း။
အသံသွင်းတော့ လူငယ် ၁၄ ယောက်ပါခဲ့တယ်။ မိန်းကလေး ၁ဝ ယောက်၊ ယောက်ျားလေး လေးယောက်။ အားလုံးကို သူ့နွားခြံရှိတဲ့ ရပ်ကွက်ထဲကနေ ခေါ်ထားကြတာ။
(သီချင်းသမိုင်းကြောင်းက သူ့အင်တာဗျူးတွေကြည့်ပြီးတဲ့ လူတော်တော်များများ သိပြီးကြပါပြီ)ဒီနေ့တွေ့တော့ သူပြောတယ်။ ”၈ နာရီထိုးတိုင်းလူတွေ ကျွန်တော်ရေးခဲ့တဲ့ သီချင်းကိုဆိုကြတယ်။
ဒီသီချင်းက ၈၈ ပြီးကတည်းက ကျွန်တော်မပိုင်တော့ဘူး။ လူတွေအားလုံးပိုင်သွားပြီ။ ကျွန်တော်လည်း လေးနှစ်အရွယ် ကျွန်တော့်သားနဲ့ ညတိုင်းအတူတူထွက်ဆိုတယ်”တဲ့။
မတရားမှုတွေ မရပ်တန့်သေးသရွေ့ ဒီသီချင်းက ဆက်ပြီးတော့ တိုက်ပွဲဝင်နေဦးမှာပဲ” ဟု သူက ဆိုတယ်။ သူက ဆက်ပြောသေးတယ်။”လတ်တလော ပြည်သူတွေ သိပ်ညီညွတ်တယ်။ စည်းကမ်းရှိတယ်။
၈၈ တုန်းကလိုမျိုး သွေးထွက်သံယိုဖြစ်တာ မမြင်ချင်တော့ဘူး။ သွေးထွက်သံယိုဖြစ်တိုင်းလည်း အောင်မြင်တာမဟုတ်ဘူး။ ဒီမိုကရေစီမှာ လူတွေကပါးနပ်ရမယ်။ အကွက်မြင်တတ်ရမယ်။ စိတ်ရှည်ရမယ်။
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အောင်မြင်အောင်လုပ်ရမယ်” တဲ့။သူဆိုလိုချင်တာက ဒီအချိန်မှာဘယ်ဟာက ကျော့ကွင်း၊ ဘယ်ဟာကခြေနင်းလဲဆိုတာ သိရမယ်ပေါ့ဗျာ။ ပြီးတော့ သူကလူငယ်တွေကို အားကိုးရှာပါတယ်။
တကယ်လည်းခေတ်က ၈၈ တုန်းကနဲ့မှ မတူတော့ဘဲ။ လူငယ်တွေက ပွင့်နေတဲ့ကောင်းကင်ကြီးအောက်မှာ လွတ်လွတ်လပ်လပ် ပျံသန်းနေကြတာ။
ရုတ်တရက် ပိတ်လှောင်လိုက်ရင် ဘယ်လောက် မွန်းကျပ်လဲဆိုတာ ကောင်းကောင်းသိကြတယ်။ဟုတ်တယ်လေ။ အခုချိန်မှာ လူတိုင်းနီးပါး မနက်မိုးလင်း မျက်လုံးပွင့်လာတာနဲ့ စိတ်ကအလိုလိုကို မှိုင်းနေတာ။
ဟိုတစ်ခါ ထိန်ပင်အမှိုက်ပုံ မီးလောင်တုန်းက အူပြီးထွက်နေတဲ့ မီးခိုးမှိုင်းထဲ မတ်တတ်ရပ်နေကြရသလိုပဲ။ဒါနဲ့ သူက ”မတရားမွန်းကျပ်အောင်လုပ်တဲ့ သူတိုင်းကိုအသိပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ ပေါင်းပြီး အိပ်မက်ထဲကနေပြီးတော့တောင် ဆန့်ကျင်ရမယ်” တဲ့။
ဒါက ဘယ်လိုအခြေအနေမျိုးမှာမဆို လုပ်ဖို့ပြောတာ။”အခုအချိန်မှာ လူတိုင်းလူတိုင်း သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တောင်းဆိုနေကြတယ်။
ဒါက သူတို့အခွင့်အရေးပဲ၊ သူတို့ထုတ်ဖော်တောင်းဆိုရမှာပဲ။ လူတစ်ယောက်အနေနဲ့ ကြိုက်တာကို ကြိုက်တယ်။ မကြိုက်တာကို မကြိုက်ဘူးဆိုတဲ့အခွင့်အရေးမျိုးကတော့ ဘယ်လိုတိုင်းပြည်မှာမဆို ရှိသင့်တယ်။
ကျွန်တော်တို့တိုင်းပြည်မှာ မရှိရင်လည်းအနုနည်း၊ ငြိမ်းချမ်းတဲ့နည်းနဲ့ ရအောင်ယူရမှာပဲ” တဲ့။
ကမ္ဘာမကြေဘူး