ဗဟုသုတ

မိခင်ရဲ့အသက်ထက် ရဲဘော်တွေရဲ့ကျန်းမာရေးကိုရွေးလိုက်လို့ နောက်ဆုံးခရီးကိုတောင် လိုက်မပို့ပေးခဲ့နိုင်တဲ့ PDF လူငယ်လေး

မိခင်ရဲ့အသက်ထက် ရဲဘော်တွေရဲ့ကျန်းမာရေးကိုရွေးလိုက်လို့ နောက်ဆုံးခရီးကိုတောင် လိုက်မပို့ပေးခဲ့နိုင်တဲ့ PDF လူငယ်လေး

မိခင်ရဲ့အသက်ထက် ရဲဘော်တွေရဲ့ကျန်းမာရေးကိုရွေးလိုက်လို့ နောက်ဆုံးခရီးကိုတောင် လိုက်မပို့ပေးခဲ့နိုင်တဲ့ PDF လူငယ်လေးရဲ့ရင်နင့်စရာအဖြစ်

ပြည်သူတွေရဲ့ကောင်းကျိုးအတွက် အနစ်နာခံဆောင်ရွက်နေကြတဲ့ PDF လူငယ်လေးတွေကတော့ အခုချိန်မှာမိသားစုနဲ့ဝေးရာတွင် နေထိုင်နေရတာဖြစ်ပါတယ်။

ပြည်သူလူထုကလည်း အရာရာကိုပေးဆပ်ရဲတဲ့ PDF တွေအတွက် တစ်ထောင့်တစ်နေရာကနေ ကူညီပေးနေကြတာဖြစ်ပါတယ်။

အခုလိုမိုးရာသီမှာ တောထဲရောက်နေတဲ့လူငယ်လေးတွေခမျာ အစားအသောက်၊အနေအထိုင် အဆင်မပြေတဲ့အပြင် တချို့တွေဆိုရင် ကိုဗစ်ကူးစက်ရောဂါကိုတောင်ခံစားနေရတာဖြစ်ပါတယ်။

အိမ်မှာကျန်ရစ်ခဲ့တဲ့မိသားစုဝင်တွေထဲမှာ မကျန်းမာတဲ့သူရှိရင်လည်း အနားမှာနေပေးလို့မရတဲ့အခြေအနေပဲဖြစ်ပါတယ်။

အခုဆိုရင်လည်း လူငယ်လေးတစ်ယောက်က တောထဲရောက်နေချိန်မှာ ကျန်းမာရေးမကောင်းတဲ့မိခင်ကြီးရဲ့ဘေးမှာ မရှိခဲ့တာဖြစ်ပါတယ်။

မိခင်ဆုံးပါးသွားတဲ့သတင်းကိုတောင် ရဲဘော်တွေဆီ ရိက္ခာသယ်ပို့ပြင်ဆင်နေရင်းကြားသိခဲ့ရတာဖြစ်ပါတယ်

မိခင်ရဲ့အသက်ထက် ရဲဘော်တွေရဲ့ကျန်းမာရေးကို သူကဦးစားပေးပြီး ရွေးချယ်ခဲ့သေးတာဖြစ်ပါတယ်။

ဒါ့ကြောင့် မိခင်ရဲ့နာရေးကိုလိုက်မပို့ရတဲ့အပြင် အရိုးပြာလည်း မရခဲ့ဘူးလို့သိရပါတယ်။

ကွယ်လွန်သူရဲ့သက်ပျောက်ဆွမ်းကိုတောင် ရက်ကျော်ပြီးမှ ဆွမ်းကပ်ဖို့စီစဉ်ခဲ့ရတာဖြစ်ပါတယ်။

PDF လူငယ်လေးကတော့ အခုချိန်မှာ မိသားစုဝင်တွေအတွက် တာဝန်မကျေပေးနိုင်ပေမယ့် မိခင်ဖြစ်သူခွင့်လွှတ်နိုင်မယ်လို့တွေးနေတာဖြစ်ပါတယ်။

အများအကျိုးအတွက်သယ်ပိုးဆောင်ရွက်ရင်း မိခင်ရဲ့နောက်ဆုံးခရီးမှာတောင် အတူမရှိပေးလိုက်နိုင်တဲ့

PDF လူငယ်လေးရဲ့ စိတ်မကောင်းစရာအဖြစ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(Zawgyi)

မိခင္ရဲ႕အသက္ထက္ ရဲေဘာ္ေတြရဲ႕က်န္းမာေရးကိုေ႐ြးလိုက္လို႔ ေနာက္ဆုံးခရီးကိုေတာင္ လိုက္မပို႔ေပးခဲ့ႏိုင္တဲ့ PDF လူငယ္ေလးရဲ႕ရင္နင့္စရာအျဖစ္

ျပည္သူေတြရဲ႕ေကာင္းက်ိဳးအတြက္ အနစ္နာခံေဆာင္႐ြက္ေနၾကတဲ့ PDF လူငယ္ေလးေတြကေတာ့ အခုခ်ိန္မွာမိသားစုနဲ႔ေဝးရာတြင္ ေနထိုင္ေနရတာျဖစ္ပါတယ္။

ျပည္သူလူထုကလည္း အရာရာကိုေပးဆပ္ရဲတဲ့ PDF ေတြအတြက္ တစ္ေထာင့္တစ္ေနရာကေန ကူညီေပးေနၾကတာျဖစ္ပါတယ္။

အခုလိုမိုးရာသီမွာ ေတာထဲေရာက္ေနတဲ့လူငယ္ေလးေတြခမ်ာ အစားအေသာက္၊အေနအထိုင္ အဆင္မေျပတဲ့အျပင္ တခ်ိဳ႕ေတြဆိုရင္ ကိုဗစ္ကူးစက္ေရာဂါကိုေတာင္ခံစားေနရတာျဖစ္ပါတယ္။

အိမ္မွာက်န္ရစ္ခဲ့တဲ့မိသားစုဝင္ေတြထဲမွာ မက်န္းမာတဲ့သူရွိရင္လည္း အနားမွာေနေပးလို႔မရတဲ့အေျခအေနပဲျဖစ္ပါတယ္။

အခုဆိုရင္လည္း လူငယ္ေလးတစ္ေယာက္က ေတာထဲေရာက္ေနခ်ိန္မွာ က်န္းမာေရးမေကာင္းတဲ့မိခင္ႀကီးရဲ႕ေဘးမွာ မရွိခဲ့တာျဖစ္ပါတယ္။

မိခင္ဆုံးပါးသြားတဲ့သတင္းကိုေတာင္ ရဲေဘာ္ေတြဆီ ရိကၡာသယ္ပို႔ျပင္ဆင္ေနရင္းၾကားသိခဲ့ရတာျဖစ္ပါတယ္

မိခင္ရဲ႕အသက္ထက္ ရဲေဘာ္ေတြရဲ႕က်န္းမာေရးကို သူကဦးစားေပးၿပီး ေ႐ြးခ်ယ္ခဲ့ေသးတာျဖစ္ပါတယ္။

ဒါ့ေၾကာင့္ မိခင္ရဲ႕နာေရးကိုလိုက္မပို႔ရတဲ့အျပင္ အ႐ိုးျပာလည္း မရခဲ့ဘူးလို႔သိရပါတယ္။

ကြယ္လြန္သူရဲ႕သက္ေပ်ာက္ဆြမ္းကိုေတာင္ ရက္ေက်ာ္ၿပီးမွ ဆြမ္းကပ္ဖို႔စီစဥ္ခဲ့ရတာျဖစ္ပါတယ္။

PDF လူငယ္ေလးကေတာ့ အခုခ်ိန္မွာ မိသားစုဝင္ေတြအတြက္ တာဝန္မေက်ေပးႏိုင္ေပမယ့္ မိခင္ျဖစ္သူခြင့္လႊတ္ႏိုင္မယ္လို႔ေတြးေနတာျဖစ္ပါတယ္။

အမ်ားအက်ိဳးအတြက္သယ္ပိုးေဆာင္႐ြက္ရင္း မိခင္ရဲ႕ေနာက္ဆုံးခရီးမွာေတာင္ အတူမရွိေပးလိုက္ႏိုင္တဲ့

PDF လူငယ္ေလးရဲ႕ စိတ္မေကာင္းစရာအျဖစ္ကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။