ဗဟုသုတ

ငပျင်းတွေအတွက် ဇောက်ထိုးနေပီး ခေါင်းလျှော်နိုင်မယ့်စက်ကို တီထွင်လိုက်တဲ့ အမျိုးသား (ရုပ်သံ)

သင့်အနေနဲ့ ခေါင်းလျှော်ရမှာကို အလွန် အင်မတန် ပျင်းနေပါသလား။ တရုတ်နိုင်ငံက တီထွင်ပညာရှင် Handyman Di က လုံးဝ သက်သက်သာသာ အေးအေးဆေးဆေး ခေါင်းလျှော်နိုင်မယ့် စက်တစ်လုံးကို တီထွင်ခဲ့ ပါတယ်။

Di က သရုပ်ပြထားတဲ့ video လေးကို Weibo မှာ တင်ခဲ့ပါတယ်။ ဒီခေါင်းလျှော်စက်က အချိန်ကော၊ စွမ်းအင်ကော၊ လူကော သက်သာတယ်လို့ Di က ရှင်းပြပါတယ်။ ဆံပင်ကို အားစိုက်ပြီး အားရပါးရ လျှော်တဲ့အခါ ဆံပင်တွေ၊ ဦးရေပြားတွေ ပျက်စီးတတ် ပါတယ်။

အဲဒါကြောင့် ခေါင်းလျှော်ပြီး မျက်နှာပါ သစ်လို့ရတဲ့ စက်ကို တီထွင်ဖို့ စိတ်ကူး ရခဲ့တာလို့ Di က ပြောပါတယ်။ ပြီးတော့ ဒီစက်မှာ ဆံပင်အခြောက်ခံစက်ပါ ပါဝင်ပါတယ်။ Di က ပထမဆုံးအနေနဲ့ နှာခေါင်းကို အဝတ်ညှပ်တဲ့ ကလစ်နဲ့ ညှပ်လိုက် ပါတယ်။

ပြီးတော့ အသက်ရှူဖို့ ပါးစပ်မှာ ပိုက်တပ်ပါတယ်။ စက်က အလုပ် စလုပ်တဲ့အခါ ခန္ဓာကိုယ်က ဇောက်ထိုး ဖြစ်သွားပါတယ်။ ခေါင်းကလည်း ပလက်စတစ်ပုံးကို စိုက်လျက်သား ဖြစ်သွားပါတယ်။ အဲဒီအခါ ပါးစပ်မှာ တပ်ထားတဲ့ ပလက်စတစ်ပိုက် ကနေ အသက်ရှူရ ပါတယ်။

စက်ကို ဖွင့်လိုက်တဲ့အခါ ပလက်စတစ် ပုံးထဲကို လိမ္မော်ရောင်ပိုက်ထဲက ရေနဲ့ ဖြည့်ပါတယ်။ ဒီစက်က ဆံပင်အရှည်ကြီးတွေ ကိုလည်း လျှော်လို့ ရပါတယ်။ အဝတ်လျှော်စက်က ရေတွေ လည်သလိုမျိုး ပလက်စတစ်ပုံးရဲ့ အောက်က တာဘိုင်က ရေတွေ လည်စေပါတယ်။

တစ်မိနစ်၊ နှစ်မိနစ်လောက် ကြာတဲ့အခါ ရေတွေကို အပြင် ထုတ်လိုက် ပါတယ်။ ပြီးတော့ ဆံပင်ကို လေမှုတ်ဖို့ အတွက် ခလုတ်တစ်ချက် နှိပ်လိုက်ပါတယ်။ ဆံပင်က သန့်ရှင်းပြီး နူးညံ့သွားကြောင်း Di က ပြောပြပါတယ်။ သူ့ရဲ့စက်က ခေါင်းလျှော်ရမှာ ပျင်းတဲ့သူတွေ အတွက် အဆင်ပြေလာ နိုင်ပါတယ်။