Dr. Van Lal Za Thang ဒေါက်တာ ဗန်လာလ်ဇထန် (ခ) Dr. Thang Thang သည် ၁၉၈၈ တွင် အမိ Daw Fung Nei Tlem နှင့် အဖ U Khuang Hlei Thang တို့မှမွေးဖွား၍ မွေးချင်း ၆ ဦးတွင် စတုတ္ထမြောက်၊ တစ်ဦးတည်းသောသား ဖြစ်သည်။
၂၀၀၅ ခုနှစ်တွင် ဆေးတက္ကသိုလ် မန္တလေးတွင် တက်ရောက်ခွင့်ရခဲ့ပြီး မန္တလေးမြို့၌ ပညာသင်စဉ် တွင် ချင်းစာပေနှင့် ယဉ်ကျေးမှု၊ ချင်း လူမျိုးများသာရေး နာရေးတွင်လည်း တက်ကြွစွာ ပါဝင် ဦးဆောင်ခဲ့သူဖြစ်သည်။
၂၀၁၂ ခုနစ်တွင်ဘွဲ့ရပြီး ချင်းလူမျိုးများ၏ ဌါနီ ရပ် ကလေး-တာဟန်း ရှိ ဝယ်စလီ ဆေးရုံ တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
ထို့နောက် ဇာတိမြို့ ဖလမ်း အခြေပြု NGO တွင် တာဝန်ထမ်းဆောင်ကာ ဖလမ်းမြို့နှင့် အနီးနားရွာများသို့ လှည့်လည်ဆေးကုခဲ့ပါသည်။
၂၀၁၅ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ချင်းပြည်နယ်အတွက် ဆရာဝန်များခေါ်စဉ် နိုင်ငံနှင့် လူမျိုးအတွက် ဖလမ်းပြည်သူ့ဆေးရုံ၌ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၂၀၁၈ ဧပြီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၉ မှစ၍ စိတ်ကျန်းမာပညာ ဘွဲ့လွန် ကို ရန်ကုန်ဆေးတက္ကသိုလ် (၁) တွင်ဆည်းပူးလျက်ရှိသည်။
မျိုးရိုး ပြောင်း COVID သည် ၂၀၂၁ ဇွန်လ အစောပိုင်းခန့်မှ ချင်းပြည်နယ်နှင့် ကလေးဒေသတွင် ဆိုးရွားစွာ ကူးဆက်ကာ များစွာသော ပြည်သူမှား အသက်ဆုံးရှုံးခဲ့ကြသောကြောင့် မိမိ အသက်ကို မငှဲ့ပဲ ရန်ကုန်မြို့မှ ဇာတိဖလမ်းမြို့သို့ လူနာများအား စောင့်ရှောက်ရန် ဇွန်လ အလယ်ပိုင်းတွင် ရောက်လာခဲ့ပါသည်။
ဖလမ်းပြန်ရောက်ခါစတွင် မြို့ပေါ်တွင် COVID လူနာများအားကြည့်ရှူပေးခဲ့ပြီး ရက်သတ္တပတ်နှစ်ပတ်မြောက်ခန့်တွင် စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူများထံလိုက်လံရင်း အကူအညီလိုအပ်နေသည့်ရွာများတွင် COVID လူနာများကို လှည့်လည်ပြုစုစောင့် ရှောက်ပေးခဲ့သည်။
လူနာများအား စောင့်ရှောက်ရင်း ဇူလိုင်လ နှောင်းပိုင်းတွင် မိမိကျန်းမာရေးအခြေနေ ဆိုးရွားလာကာ သြဂုတ်လ ၂ ရက်၊ ၂၀၂၁ ဒေသစံတော်ချိန် ညနေ ၅ နာရီခန့်တွင် COVID-19 ရောဂါကြောင့် ကွယ်လွန်အနိစ္စရောက်ခဲ့ပါသည်။
ချင်းပြည်နယ်နှင့် ချင်းလူမျိုးများ အတွက် အားကိုးရသော ဆရာဝန်တစ်ဦး ဆုံးရူံးရ၍ မိသားစုနှင့်အတူ Zalen အဖွဲ့သားများအားလုံး လွန်စွာ စိတ်နှလုံးငြိုးငယ်ရပါသည်။
Dr. Thang Thang ချင်းပြည်နယ် ဖလမ်းမြို့နှင့် အနီးတဝိုက်ရွာများမှ COVID လူနာများကို ပြုစုစောင့်ရှောက်ခဲ့ရာတွင် လုံလောက်သောဆေးပစ္စည်းများနှင့် PPE ပင်မရှိဘဲ ပြုစုခဲ့သည်ဖြစ်ရာ သူကိုယ်တိုင် ကူးစက်ခံခဲ့ရပြီး ဖလမ်းမြို့ ဆေးရုံတွင် ကုသမှုခံယူခဲ့သည်။
ဆေးရုံတွင် နှစ်ပတ်ကျော် ကုသမှုခံယူခဲ့ပြီး ရောဂါက အနိုင်ယူခဲ့သဖြင့် ဆုံးပါးခဲ့ရသည်။ ဆေးရုံတွင်ကုသမှုခံယူစဉ် ရောဂါအခြေအနေပိုမိုသိရှိဖို့ရာ X-ray ရိုက်ရန်လိုအပ်ခဲ့သော်လည်း ဖလမ်းမြို့နယ်တဝိုက်မှ လူနာများအတွက် X-ray စက် တစ်ခုတည်းသာရှိသည်ဖြစ်၍ COVID လူနာများအတွက် X-ray ရိုက်ရန် အခြားစက်မရှိသဖြင့် ရိုက်ရန်အခွင့်မသာခဲ့ပါ။
COVID လူနာများအတွက်လည်း လုံလောက်သော ကျန်းမာရေး စက်ပစ္စည်းများရှိခဲ့လျှင် လူနာ၏ လိုအပ်ချက်အလျောက် ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပြုလုပ်နိုင်မည်ဖြစ်သည်။
Dr. Vanlal Za Thang Foundation တွင် ရရှိသမျှသော အလှူငွေများသည် ဖလမ်းမြို့ဆေးရုံ၌ လိုအပ်နေသည့် X-ray စက်နှင့် အခြားကျန်းမာရေးစောင့်ရှောက်မှုပစ္စည်းများ အတွက် အသုံးပြုသွားမည်ဖြစ်သည်။ သင်၏ပါဝင် လှူတန်းမှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။