News

“သရုပ်ဆောင် ကျော်ဇင်ထွဋ် ၏ ဦးလေး၊ “ဘယ်ပန်းချီရေးလို့မမီ” သီချင်းနဲ့ နာမည်ကြီးခဲ့တဲ့ အဆိုတော်ကြီး ကွယ်လွန်”

စတီရီယိုခေတ်ဦး အဆိုတော်ကြီးတစ်ဦးဖြစ်တဲ့စွယ်စုံရ ဂီတပညာရှင် တက္ကသိုလ်အေးမောင် (၇၂ နှစ်) ဟာ ယနေ့နံနက်၁နာရီမိနစ်၃၀ အချိန်က ကွယ်လွန်သွားကြောင်း သိရှိရပါတယ်။

အဆိုတော်တက္ကသိုလ်အေးမောင်ကွယ်လွန်ကြောင်းကိုတူတော်စပ်သူသရုပ်ဆောင်ကျော်ဇင်ထဋ်က

“ကျွန်တော့ဦးလေးဖြစ်သူ “ဘယ်ပန်းချီရေးလို့မမှီ” သီချင်းနဲ့ လူသိများခဲ့တဲ့ ပြည်သူချစ်တဲ့နိုင်ငံကျော်တေးသံရှင် တက္ကသိုလ်ဦးအေးမောင် (Reggie Ba Oo) (အန်ကယ်ဘိုအေး) သည် 9-8-2021 ရက်မနက် 1:30AM အချိန်တွင် ကွယ်လွန်အနိစ္စရောက်သွားပါသဖြင့် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ် ။

ဦးလေးဖြစ်သူ တက္ကသိုလ်ဦးအေးမောင် (အန်ကယ်ဘိုအေး) ကောင်းရာသုဂတိလားပါစေ”လို့သူ့ရဲ့လူမှုကွန်ယက်မှာရေးသားထားပါတယ်။

ဦးအေးမောင်သည် ဂန္တဝင်အဆိုတော် ဦးအံ့ကြီးနဲ့ အသံဖမ်း ဦးဘသိန်းတို၏တူဖြစ်ပြီးမျိုးရိုးလိုက်ဂီတပညာရှင်များဖြစ်ကြကာ ညီဖြစ်သူအယ်ဒီဘဦးခေါ်တင်အောင်မိုးမှာလည်း စတီရီယိုခေတ်ဦးအဆိုတော်ဖြစ်ပြီး၊ဝမ်းကွဲညီအကိုမောင်နှမများမှာ အဆိုတော် စိန်လွင်၊သန်းနိုင်၊ ပုလဲ၊ တယ်ရီဘတူ၊ ပီတာဘသိန်း၊ သန်းသန်းနွယ်၊ ခင်မြတ်မူတို့ဖြစ်ပါတယ်။

တက္ကသိုလ်အေးမောင်၏ ထင်ရှားသော သီချင်းတစ်ပုဒ်မှာ မိဘမေတ္တာဖော်ကျူးတဲ့ “ဘယ်ပန်းချီရေလိုမမှီ” ဖြစ်ပြီး အကောင်းဆုံးရုပ်ရှင်တေးသီချင်းတစ်ပုဒ်အဖြစ်ယနေ့ချိန်ထိလူကြိုက်များနေဆဲဖြစ်သည်။

#Yangon_Media_Group