မောင်းသူလည်းမရှိ၊ ကားစက်လည်းမနှိုးဘဲနဲ့ အရှေ့မှာရပ်နားထားတဲ့ taxi ယာဥ်ကို ယိမ်းထိုးပြီး ဝင်ဝင်တိုက်နေတဲ့ ထူးခြားအံ့သြစရာကောင်းတဲ့ ဖြစ်ရပ်လေး
(ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုပါရန်)
ယခုအချိန်ကာလမှာ ပြည်သူတွေကတော့ နိုင်ငံရေးအခြေအနေနဲ့ ကပ်ရောဂါဆိုးကြီး ဆိုးရွားစွာခံစားနေရတဲ့အပြင်
တချို့နေရာဒေသတွေမှာ ရေကြီးနစ်မြုပ်မှုတွေကိုပါ ခံစားနေရရှာပါတယ်။
ဒါ့အပြင် တချို့နေရာတွေမှာဆိုရင် အဖြေရှာလို့မရတဲ့ ထူးထူးခြားခြား ဖြစ်ရပ်တွေလည်း ရှိလာခဲ့ရပါတယ်။
ယခုမှာလည်း ရန်ကုန်မြို့ရဲ့ နေရာတစ်နေရာမှာ ထူးခြားအံ့သြစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်သွားခဲ့တာကို ပြည်သူတစ်ဦးရဲ့ လူမှုကွန်ယက်မှာ ဖော်ပြလာတာ တွေ့ရပါတယ်။
ဒီထူးခြားတဲ့ ဖြစ်စဥ်ကတော့ ယမန်နေ့ ည(၁၀)နာရီဝန်ကျင်ခန့်လောက်က လမ်းတစ်လမ်းမှာ ညအိပ်ရပ်နားထားတဲ့ ကားတစ်စီးဟာ လူသူမရှိတဲ့အပြင်
ကားစက်လည်းမနှိုးဘဲနဲ့ မျက်နှာချင်းဆိုင်မှာ ရပ်နားထားတဲ့ taxi ယာဥ် ကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ခံရတဲ့ taxi ယာဥ်ပိုင်ရှင်က ကားပတ်ချာလည် သေချာစွာ စစ်ဆေးကြည့်ပေမယ့် ဘာအရိပ်ရောင်မျှမတွေ့ရဘူးလို့ သိရပါတယ်။
ကားတွေဟာ Aoto စက်ပွင့်ပြီး ဘီးလှိမ့်သွားတတ်တာတွေရှိပေမယ့် ဒီတစ်ခါဖြစ်စဥ်ကတော့ မောင်းသူလည်းမရှိ၊ ကားလည်းစက်မနှိုးဘဲ
အရှေ့ကကားကို လှိမ့်တွန်းတိုက်နေတာက တကယ့်ကို ထူးခြားလွန်းပါတယ်။
ယင်းနောက် လမ်းထိပ်နားမှာ စောင့်နေတဲ့ လုံခြုံရေးတပ်သားတွေ လာရောက်စစ်ဆေးကြည့်ပေးမယ့်လည်း
ဘာအရိပ်အရောင်မျှမတွေ့ရသဖြင့် ကားဘီးကို ကွန်ကရစ်တုံးတွေနဲ့ ခုပြီးတာတောင် ကားက ယိမ်းထိုးနေတာ ဖြစ်ပါတယ်။
ကားပိုင်ရှင်ကတော့အခြားလမ်းမှာ နေတာကြောင့် မနက်မိုးလင်းသွားတဲ့အထိ ကားကိုလမ်းပေါ်မှာ ဒီအတိုင်းထားရတယ်လို့ ဖော်ပြပေးတဲ့ ပြည်သူတစ်ဦးက ပြောပြထားတာ သိရပါတယ်။
ဒီထူးခြားတဲ့ ဖြစ်စဥ်ကိုတော့ ကြည့်ရှုလို့ရအောင် ဖော်ပြပေးရင်း ပရိသတ်တွေရဲ့ အမြင်ကိုလည်း ပြောပြပေးပါဦးနော်…။
ဟိုကောင်တွေ ကွန်ကရစ်တုံးရှာပြီး ဘီးလေးဘီးလုံးခုပေးလိုက်လို့ပဲ မဟုတ်ရင် ဘာတွေဆက်ဖြစ်မလဲမသိ
မနေ့ညက ၁၀နာရီကျော် က
လမ်းထဲမှာဖြစ်သွားတာ
မျက်မြင်တွေ့လို့တာ ယုံတာ
ရပ်ထားတဲ့ ကားက စက်လဲမနှိုး
ကားပေါ်မှာလဲ တစ်ယောက်မှ မရှိပဲနဲ့ကို
မျက်နှာချင်းဆိုင်က taxi ကိုဝင်တိုက်တာ
ဝင်တိုက်တဲ့ကားက စက်တခုခုဖြစ်နေလို့ဆိုရင်
နောက်ပြန်တွန်းရင် လှိမ့်ရမှာပါ
ခုက လူ၃/၄ယောက်ဝိုင်းတွန်းတာတောင်
နောက်ကိုလုံးဝလှိမ့်မသွားဘူး
အဲ့ဒါကြောင့်မနက်ထိ ကားကို
ဒီတိုင်းထားလိုက်ရတယ်
ဖြစ်တဲ့ချိန်က ညဘက်ညမထွက်ရအချိန်
လမ်းထိပ်မှာတပ်စွဲထားတဲ့ဟိုကောင်တွေလဲ ရောက်လာတယ် အဲ့ကောင်တွေတောင်ကားတစ်စီးလုံး ပတ်ကြည့်တယ်
Video (1) ကွန်ကရစ်တုံးတွေ မခုရသေးခင်
Video (2) ဟိုကောင်တွေ ကွန်ကရစ်တုံးရှာပြီး ဘီးလေးဘီးလုံးခုပေးလိုက်လို့ပဲ မဟုတ်ရင် ဘာတွေဆက်ဖြစ်မလဲမသိ
ဘယ်သူမှမတွေ့ရဘူး..သူတို့တောင် ကွန်ကရစ်တုံးတွေ
ဝိုင်းသယ်ပြီး ခုပေးသေးတယ်
(နောက်နေ့ မနက်မှာ တွေ့ရတဲ့ ကား)
တုံးခုပြီးတာတောင် ကားက ယိမ်းထိုးနေတုန်း
ကားက စက်လဲမနှိုး
လီဗာနင်းသံလဲမကြားရပဲနဲ့ကို
အာ့လိုကြီးဖြစ်နေတာ
ခုရေးနေရင်းတောင် ကြက်သီးထတယ် 😫