ဗဟုသုတ

ဒါတွေကို တကယ်လုပ်ပါ…. မင်းတစ်သက်လုံး ဘယ်တော့မှ မဆင်းရဲစေရဘူး…

တကယ်ချမ်းသာချင်ရင် ဒါတွေ တကယ်လုပ်ပါ ။

(၁) အလုပ်ဟူသမျှ ဂုဏ်ရှိစွတဲ့ အလုပ်မရွေးပါနဲ့ ။

(၂) ချွေတာစုဆောင်း သူဌေးလောင်းတဲ့ ရသမျှကို အကုန်မသုံးပါနဲ့ စုနိုင်သမျှ စုပါ ။

(၃) အချိန်ဟူသည် အဖိုးတန်ဆုံးသော အရင်းအနှီးတဲ့ အချိန်ကို မဖြုန်းပါနဲ့ ။ အကြိုးရှိစွာ အသုံးချပါ ။

(၄) ကျန်းမာခြင်းသည် လာဘ်ကြီး တစ်ပါးတဲ့

ကျန်းမာရေးကို ဂရုစိုတ် ပါ ။ ကျန်းမာမှ လည်း အလုပ်လုပ် နိုင်မှာပါ ။

(၅) ဝါသနာကို အရင်းခံပြီး အလုပ် လုပ်ပါတဲ့ မိမိဝါသနာ ပါတဲ့ အလုပ်သည်သာလျှင် မိမိအတွက် အကောင်းဆုံး ဖြစ်ပါ လိမ့်မယ် ။

(၆) အနားယူရင်း စာဖတ်ပါတဲ့ စာအုပ်တွေ ထဲက အောင်မြင် သူတို့၏ နည်းဗျူးဟာတွေကို လေ့လာ သင်ယူပါ ။

(၇) ကံပင်ကောင်းလျှက် အပျင်းဖက် တစ်သက် မချမ်းသာတဲ့ ချမ်းသာ ချင်ရင် လုံး၀ မပျင်းပါနဲ့ ။

(၈) ဉာဏ်ပင်ကောင်းလျှက် အပျင်းဖက် အထက်မမှန်းသာတဲ့ မိမိက ဉာဏ်ကောင်းတယ်ဆိုပြီးအရာရာကို လျှော့မတွက်ပါနဲ့ အလေးအနက် ထားပါ ။

(၉) ကံကိုပဲ အားမကိုးပါနဲ့ ။ ဝရိယနဲ့ ဉာဏ် ကိုလည်း အသုံးချပါ ။

(၁၀) မာနခွါ၍ ပညာရှာပါ ပညာရှိမှ စီးပွားကို ရှာပါ ။