နယူးဇီလန်နိုင်ငံရဲ့မြောက်ပိုင်းကျွန်းပေါ်ရဲ့ပဉ္စမမြောက်အကြီးဆုံးမြို့ဖြစ်တဲ့ Tokoroa မြို့မှာ အိမ်ခြေပေါင်း ၁၃,၆၀၀ အထိရှိပြီး ဒေသခံများဟာ ပျမ်းမျှအသက် ၄၄ နှစ်အရွယ်များ များပြားပြီး အလုပ်လက်မဲ့နှုန်း ၂၂% အထိရှိပါတယ်။
ထိုကျွန်းမှာ ၃ လအကြာပေးတဲ့အားလပ်ရက်နှင့် တစ်နှစ်လျှင် လစာ ဒေါ်လာ ၂၆၅,၀၀၀ ကမ်းလှမ်းတဲ့ အလုပ်တစ်ခုရှိပေမဲ့လည်း ၎င်းအလုပ်ကို မည်သူကမှလျှောက်ကြည့်ရန် စိတ်ဝင်စားကြပုံမပေါ်နေပါဘူး။
မြို့ပေါ်ရှိတစ်ခုတည်းသောဆေးခန်းပိုင်ရှင် ဒေါက်တာ Alan Kenny ဟာ သူ့ရဲ့အားလပ်ရက်ကို တစ်ခါမှအနားမယူဖူးတာကြောင့် သူ့ကိုကူညီနိုင်မဲ့လက်တွဲဖော်အဖြစ် အခြား GP (General Practitioner) ကို ရှာဖွေနေခဲ့ပါတယ်။အရမ်းကို ရှည်လျားတဲ့အားလပ်ရက် နဲ့ အရမ်းမြင့်တဲ့လစာ တို့ဖြင့် အလုပ်ကြော်ငြာစာများစွာ တင်ခဲ့ပေမဲ့လည်း ဘယ်သူကမှ ၎င်းရာထူးအတွက် မလျှောက်ချင်ခဲ့ကြပါဘူး။
အကြောင်းရင်းမှာ အင်တာနက်လိုင်းဆက်သွယ်မှု နှင့် ကျွန်းပေါ်ရှိ လူနေမှုဘ၀ချို့တဲ့မှုစတဲ့ ပြဿနာများကြောင့်ဘဲ ဖြစ်ပါတယ်။သို့ပေမဲ့ ၎င်းနေရာဟာ လှပတဲ့ရှုခင်းများစွာရှိပြီး အပန်းဖြေရန်အတွက်နေရာကောင်းတစ်ခုလည်း ဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာနှင့် အင်တာနက်ကို စိတ်မ၀င်စားတဲ့ဆရာ၀န်တစ်ဦးကို လိုအပ်နေပေမဲ့လည်း ကျွန်းပေါ်ရှိ နေမကောင်းသူများတို့ကိုသာ ၀န်ဆောင်မှုပေးခြင်းနှင့်အထီးကျန်ခြင်းတို့ကိုသာ ခံစားရမဲ့နေရာတစ်ခုဖြစ်တာကြောင့် ဘယ်သူကမှ စိတ်မဝင်စားကြပါဘူး။
အထွေထွေအထူးကုဆရာဝန်ကြီး (GP)ဆိုတာက နာတာရှည်ရောဂါများကိုကုသနိုင်တဲ့အပြင် လူနာများကို ကြိုတင်ကာကွယ်မှုပေးနိုင်တဲ့ ဆရာဝန်တစ်ဦးဖြစ်ပါတယ်။သူတို့အလုပ်လုပ်တဲ့နေရာပေါ်မူတည်ပြီး GP ရဲ့အခန်းကဏ္ဍန်က အများကြီးကွာခြားပေမယ့် သူတို့ဟာ မြို့ပြဧရိယာကျဉ်းမြောင်းတဲ့နေရာတွေမှာသာ သွားရောက်အလုပ်လုပ်ကိုင်ကြရပါတယ်။
Zawgyi
နယူးဇီလန်နိုင်ငံရဲ့မြောက်ပိုင်းကျွန်းပေါ်ရဲ့ပဉ္စမမြောက်အကြီးဆုံးမြို့ဖြစ်တဲ့ Tokoroa မြို့မှာ အိမ်ခြေပေါင်း ၁၃,၆၀၀ အထိရှိပြီး ဒေသခံများဟာ ပျမ်းမျှအသက် ၄၄ နှစ်အရွယ်များ များပြားပြီး အလုပ်လက်မဲ့နှုန်း ၂၂% အထိရှိပါတယ်။
ထိုကျွန်းမှာ ၃ လအကြာပေးတဲ့အားလပ်ရက်နှင့် တစ်နှစ်လျှင် လစာ ဒေါ်လာ ၂၆၅,၀၀၀ ကမ်းလှမ်းတဲ့ အလုပ်တစ်ခုရှိပေမဲ့လည်း ၎င်းအလုပ်ကို မည်သူကမှလျှောက်ကြည့်ရန် စိတ်ဝင်စားကြပုံမပေါ်နေပါဘူး။ မြို့ပေါ်ရှိတစ်ခုတည်းသောဆေးခန်းပိုင်ရှင် ဒေါက်တာ Alan Kenny ဟာ သူ့ရဲ့အားလပ်ရက်ကို တစ်ခါမှအနားမယူဖူးတာကြောင့် သူ့ကိုကူညီနိုင်မဲ့လက်တွဲဖော်အဖြစ် အခြား GP (General Practitioner) ကို ရှာဖွေနေခဲ့ပါတယ်။
အရမ်းကို ရှည်လျားတဲ့အားလပ်ရက် နဲ့ အရမ်းမြင့်တဲ့လစာ တို့ဖြင့် အလုပ်ကြော်ငြာစာများစွာ တင်ခဲ့ပေမဲ့လည်း ဘယ်သူကမှ ၎င်းရာထူးအတွက် မလျှောက်ချင်ခဲ့ကြပါဘူး။
အကြောင်းရင်းမှာ အင်တာနက်လိုင်းဆက်သွယ်မှု နှင့် ကျွန်းပေါ်ရှိ လူနေမှုဘဝချို့တဲ့မှုစတဲ့ ပြဿနာများကြောင့်ဘဲ ဖြစ်ပါတယ်။သို့ပေမဲ့ ၎င်းနေရာဟာ လှပတဲ့ရှုခင်းများစွာရှိပြီး အပန်းဖြေရန်အတွက်နေရာကောင်းတစ်ခုလည်း ဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာနှင့် အင်တာနက်ကို စိတ်မဝင်စားတဲ့ဆရာဝန်တစ်ဦးကို လိုအပ်နေပေမဲ့လည်း ကျွန်းပေါ်ရှိ နေမကောင်းသူများတို့ကိုသာ ဝန်ဆောင်မှုပေးခြင်းနှင့်အထီးကျန်ခြင်းတို့ကိုသာ ခံစားရမဲ့နေရာတစ်ခုဖြစ်တာကြောင့် ဘယ်သူကမှ စိတ်မဝင်စားကြပါဘူး။