အရေးတော်ပုံကြီးအောင်မြင်ရေးမှာ တက်ကြွစွာပါ၀င်နေကြတဲ့ အနုပညာရှင်တွေထဲမှာဆိုရင် မေဦးနဲ့ ထားထက်ထက်တို့ကလည်းချန်ထားလို့မရတဲ့ သူတွေပဲဖြစ်ပါတယ်။
ဖေဖော်ဝါရီလအစပိုင်းတည်းကတိုင် လမ်းထွက်ဆန္ဒပြမှုတွေမှာပါ၀င်ခဲ့သလို အခုဆိုရင်လည်း လွတ်မြောက်နယ်မြေကိုသွားရောက်ကာ အာဏာရှင်တော်လှန်ဖို့အတွက် စစ်ပညာသင်ယူနေကြတာဖြစ်ပါတယ်။
ထားထက်ထက်ဟာဆိုရင်လည်း လွတ်မြောက်နယ်မြေမှာ Gen Zလူငယ်လေးတွေနဲ့အတူ စစ်ပညာသင်ယူနေရင်း တတ်နိုင်တဲ့ဘက်ကနေFundraising ပြုလုပ်ပေးကာ PDFလူငယ်လေးတွေအတွက် ထောက်ပံ့မှုတွေပြုလုပ်ပေးနေတာကိုတွေ့ရပါတယ်။
မေဦးဟာဆိုရင်လည်း တတ်နိုင်တဲ့ဘက်ကနေ လွတ်မြောက်နယ်မြေကနေရာတွေအတွက် လှူဒါန်းမှုတွေပြုလုပ်နေသလိုအခုအခါမှာဆိုရင်လည်း ထားထက်ထက်နဲ့အတူ PDF ရဲဘော်တွေအတွက် ရိက္ခာတွေထောက်ပံ့ပေးခဲ့တာပါ။
ဒီအကြောင်းအရာလေးကိုလည်း မေဦးဟာသူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ
“မမရေ မမတို့လှူပေးတာတွေ ခလေးတွေလက်ထဲ အကုန်ရောက်ပါတယ်
ခလေးတွေလဲ အရမ်းပျော်ပြီး မမတို့ကိုကျေးဇူးအရမ်းတင်ကြပါတယ်
ခလေးတွေကိုယ်စားလည်း မေဦးကကျေးဇူးအရမ်းတင်ပါတယ်🙏🏻🙏🏻🙏🏻
အရေးတော်ပုံအောင်ဖို့အတွက် ပြည်သူတွေရဲ့ ချွေးနဲစာနဲ့ထာက်ပံ့တာကို PDF တွေကအသက်တမျှတန်ဖိုးထားပါကြောင်း အသိပေးအပ်ပါတယ်🙏🏻❤️…”ဆိုပြီး ရေးသားမျှဝေထားခဲ့ပါတယ်။
ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
(Zawgyi)
မေဦးနဲ့ထားထက်ထက်တို့ကူညီပေးတဲ့ ရိက္ခာတွေရောက်ရှိလာတာကြောင့် အတိုင်းမသိပျော်ရွှင်နေကြတဲ့ PDFလူငယ်လေးများ
အရေးတော်ပုံကြီးအောင်မြင်ရေးမှာ တက်ကြွစွာပါဝင်နေကြတဲ့ အနုပညာရှင်တွေထဲမှာဆိုရင် မေဦးနဲ့ ထားထက်ထက်တို့ကလည်းချန်ထားလို့မရတဲ့ သူတွေပဲဖြစ်ပါတယ်။
ဖေဖော်ဝါရီလအစပိုင်းတည်းကတိုင် လမ်းထွက်ဆန္ဒပြမှုတွေမှာပါဝင်ခဲ့သလို အခုဆိုရင်လည်း လွတ်မြောက်နယ်မြေကိုသွားရောက်ကာ အာဏာရှင်တော်လှန်ဖို့အတွက် စစ်ပညာသင်ယူနေကြတာဖြစ်ပါတယ်။