ဗဟုသုတ

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် စစ်​ကောင်စီတပ်မှ ဗိုလ်တစ်ဦး သေနတ် ဖြင့် ၃ ချက် ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ကင်းမွန်ခြုံကျေးရွာမှ စစ်ဗိုလ်တစ်ဦးသည် သြဂုတ်လ ၇ ရက် ညနေ ၄ နာရီခန့်တွင် အုန်းပင်ကျေးရွာအနီး သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ခံရပြီး နေရာတွင်တင်ပွဲချင်းပြီးသေဆုံးသွားကြောင်း ​ဒေသခံများ၏​ပြောဆိုချက်နှင့် ဒေသသတင်းရင်းမြစ် ခရမ်းချန်နယ်ထံမှ သိရသည်။

“ပစ်ခံရတာက ဗိုလ်ကြီးတစ်ဦး သုံးပွင့်လို့ပြောတယ်၊ ရွာမှာတော့ သူ့ကို ဗိုလ်ဇော်ထိုးလို့ ခေါ်ကြတယ်၊ ညနေ ၄ နာရီ ဝန်းကျင်လောက်တော့ရှိမယ်၊ ဆိုင်ကယ်ပေါ်ကနေပစ်သွားတာ” ဟု ဒေသခံတစ်ဦးမှ ပြောသည်။

အခင်းဖြစ်ပြီးနောက် အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်သားများက ဖြတ်သန်းသွားလာခွင့်မပေးဘဲ ရှာဖွေစစ်ဆေးမှုများပြုလုပ်နေသည်ဟု သတင်းရရှိသည်။

သြဂုတ်လ ၅ ရက် နေ့လယ်ပိုင်းက ခရမ်းမြို့နယ် ကမာကလူကျေးရွာမှ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်ဟောင်း ဦးဝင်းခိုင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နေရာမှာတင်ပွဲချင်းပြီး သေဆုံးခဲ့သည်။

Photo Credit – Khayan Channel