ဗဟုသုတ

ပြည်ခိုင်ဖြိုးသီချင်းကို ဆောင်းဘောက်ဖြင့်အသံကုန်ဖွင့်တဲ့သူ ရပ်ကွက်နေပြည်သူများ ဝိုင်းရိုက်ခံရဟုဆို

ပြည်ခိုင်ဖြိုးသီချင်းကို ဆောင်းဘောက်ဖြင့်အသံကုန်ဖွင့်တဲ့သူ ရပ်ကွက်နေပြည်သူများ ဝိုင်းရိုက်ခံရဟုဆို

ဩဂုတ်လ ၅ ရက် နံနက် ၁၀ နာရီဝန်းကျင်က ကယားပြည်နယ် ဘော်လခဲမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးအား ဆောင်းဘောက်ဖြင့်သီချင်းဖွင့်သောကြောင့် ရပ်ကွက်နေပြည်သူများက ဝိုင်းရိုက်ခဲ့ကြသည်။

ဖစ်စဉ်မှာ မင်းသစ်ဝေဟုခေါ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မဲဆွယ်စည်းရုံးရေးမှူးတစ်ဦးက ရာအိမ်မှူး အောင်ဇော်ရှိန်းနှင့်အတူမြနန္ဒာလက်ဖက်ရည်ဆိုင်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီးမင်းသစ်ဝေမှ အမြင့် ၂၀ လက်မရှိဆောင်းဘောက်ကို ဆိုင်အတွင်းသို့မလာကာ ပြည်ခိုင်ဖြိုး လာပြီ သီချင်းကို နာရီဝက်ခန့် ကျယ်လောင်စွာ ဖွင့်ခဲ့ရာ ဘေးဝိုင်းမှ ချယ်ဆီးဖန်များက ထလာပြီး ဝိုင်းရိုက်ခဲ့ခြင်း ဖြစ်သည်။

ဆိုင်ထဲမှထွက်ပြေးလာပြီးနောက် ၇ လမ်းထိပ်တွင် ဆောင်းဘောက်ဖြင့် ထပ်မံ၍ တပ်မတော်ရှိမှ တိုင်းပြည်အင်အားရှိမည် သီချင်းကို ဖွင့်ခဲ့သဖြင့် မြနန္ဒာလက်ဖက်ရည်ဆိုင်ထဲမှ ချယ်ဆီးဖန် ၂၁ ဦးခန့် ပြေးလိုက်လာပြီး နီးစပ်ရာအုတ်နီခဲများဖြင့် ဝိုင်းဝန်းထုနှက်ခဲ့ကြပြီး ဘော်လခဲမြို့နယ်ရဲစခန်းသို့ အပ်လိုက်ကြောင်း သိရသည်။

လက်ရှိတွင် မင်းသစ်ဝေမှာ ဦးခေါင်းဒဏ်ရာများပြည့်နှက်နေပြီး ခဲဖြင့်ထုသောချယ်ဆီးဖန်များကို စခန်းမှူး ဒုရဲမှူးဦးမေစိုးက နောက်တစ်ကြိမ်မလုပ်ကြရန် တောင်းပန်လျက်ရှိကြောင်း သိရသည်။
၇ လမ်းထိပ်တွင် ထိုကိစ္စနှင့်ပတ်သက်ပြီး မကျေနပ်၍ ဆန္ဒပြနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထောက်ခံသူများကို ဖြိုခွင်းရန် ရဲတပ်ရင်းများ ခေါ်ယူထားကြောင်း သိရသည်။

(Zawgyi)

ျပည္ခိုင္ၿဖိဳးသီခ်င္းကို ေဆာင္းေဘာက္ျဖင့္အသံကုန္ဖြင့္တဲ့သူ ရပ္ကြက္ေနျပည္သူမ်ား ဝိုင္း႐ိုက္ခံရ

ဩဂုတ္လ ၅ ရက္ နံနက္ ၁၀ နာရီဝန္းက်င္က ကယားျပည္နယ္ ေဘာ္လခဲၿမိဳ႕နယ္တြင္ ႀကံ့ခိုင္ေရးပါတီဝင္တစ္ဦးအား ေဆာင္းေဘာက္ျဖင့္သီခ်င္းဖြင့္ေသာေၾကာင့္ ရပ္ကြက္ေနျပည္သူမ်ားက ဝိုင္း႐ိုက္ခဲ့ၾကသည္။

ဖစ္စဥ္မွာ မင္းသစ္ေဝဟုေခၚေသာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ မဲဆြယ္စည္း႐ုံးေရးမႉးတစ္ဦးက ရာအိမ္မႉး ေအာင္ေဇာ္ရွိန္းႏွင့္အတူျမနႏၵာလက္ဖက္ရည္ဆိုင္အတြင္းသို႔ ဝင္ေရာက္လာခဲ့ၿပီးမင္းသစ္ေဝမွ အျမင့္ ၂၀ လက္မရွိေဆာင္းေဘာက္ကို ဆိုင္အတြင္းသို႔မလာကာ ျပည္ခိုင္ၿဖိဳး လာၿပီ သီခ်င္းကို နာရီဝက္ခန႔္ က်ယ္ေလာင္စြာ ဖြင့္ခဲ့ရာ ေဘးဝိုင္းမွ ခ်ယ္ဆီးဖန္မ်ားက ထလာၿပီး ဝိုင္း႐ိုက္ခဲ့ျခင္း ျဖစ္သည္။

ဆိုင္ထဲမွထြက္ေျပးလာၿပီးေနာက္ ၇ လမ္းထိပ္တြင္ ေဆာင္းေဘာက္ျဖင့္ ထပ္မံ၍ တပ္မေတာ္ရွိမွ တိုင္းျပည္အင္အားရွိမည္ သီခ်င္းကို ဖြင့္ခဲ့သျဖင့္ျ မနႏၵာလက္ဖက္ရည္ဆိုင္ထဲမွ ခ်ယ္ဆီးဖန္ ၂၁ ဦးခန႔္ ေျပးလိုက္လာၿပီး နီးစပ္ရာအုတ္နီခဲမ်ားျဖင့္ ဝိုင္းဝန္းထုႏွက္ခဲ့ၾကၿပီး ေဘာ္လခဲၿမိဳ႕နယ္ရဲစခန္းသို႔ အပ္လိုက္ေၾကာင္း သိရသည္။

လက္ရွိတြင္ မင္းသစ္ေဝမွာ ဦးေခါင္းဒဏ္ရာမ်ားျပည့္ႏွက္ေနၿပီး ခဲျဖင့္ထုေသာခ်ယ္ဆီးဖန္မ်ားကို စခန္းမႉး ဒုရဲမႉးဦးေမစိုးက ေနာက္တစ္ႀကိမ္မလုပ္ၾကရန္ ေတာင္းပန္လ်က္ရွိေၾကာင္း သိရသည္။

၇ လမ္းထိပ္တြင္ ထိုကိစၥႏွင့္ပတ္သက္ၿပီး မေက်နပ္၍ ဆႏၵျပေနေသာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ေထာက္ခံသူမ်ားကို ၿဖိဳခြင္းရန္ ရဲတပ္ရင္းမ်ား ေခၚယူထားေၾကာင္း သိရသည္။