နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ငွေကျပ်သိန်း ၅၀ နဲ့ လေလံအောင်
PDF များအတွက် လှူရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ငွေကျပ်သိန်း ၅၀ နဲ့ လေလံအောင်
ပြည်သူ့ကာကွယ်ရေးတပ် PDF များအတွက် လှူဒါန်းရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို ဂေါ်ရခါး လူငယ်တစ်ဦးက ငွေကျပ်သိန်း ၅၀ ဖြင့် လေလံအောင်သွားကြောင်း သိရသည်။
သြဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းမှာ လေလံကြာချိန် ၃နာရီအတွင်းမှာ လေလံကြေး ငွေကျပ်သိန်း ၅၀ ဖြင့်ကချင်ပြည်နယ်မှ ဂေါ်ရခါးလူငယ်တစ်ဦးက လေလံအောင်သွားကြောင်း ဓာတ်ပုံပိုင်ရှင်BO BO ရဲ့ လူမှု့ကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အဆိုပါ ရောင်းရတဲ့ငွေကြေးကို နွေဦးတော်လှန်ရေးတွင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်နေသည့်ပြည်သူ့ကာကွယ်ရေးတပ် PDF များ၏ တော်လှန်ရေးအတွက် လှူဒါန်းမည်ဟု
ဓာတ်ပုံဆရာ Bo Bo က သူ၏ လူမှု့ကွန်ယက်မှ ရေးသားထားသည်။
(Zawgyi)