News

“စစ်သားရဲ့ သားသမီး ပါဝင်တဲ့ အဖွဲ့ကို ဆန္ဒပြတဲ့ အဖွဲ့ထင်ပြီး ဖမ်းလိုက်မိတဲ့ ရဲတပ်ဖွဲ့”

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဒီနေ့ သြဂုတ် ၇ ရက် မနက် ၁၀ နာရီခန့်က မဂ်လာဥယျာဉ်ရပ်ကွက်အမှတ် ၁၁ ကျောင်းနားမှာ သာကူကျိုယူဖို့သွားနေတဲ့ လူငယ် ၇ ယောက်ကို သံသယနဲ့ ရဲတွေက ဖမ်းဆီးသွားတယ်လို့သတင်းရရှိပါတယ်။

ကလေးမြို့တွင် မနက်ပိုင်း ဆန္ဒပြတဲ့လူငယ်တွေကို ဖမ်းဖို့ရဲကား ၃ စီးနဲ့ အရပ်ဝတ်လူအချို့က လမ်းကြားထဲကနေ စောင့်နေကြတာပါ။

ဒါပေမယ့် ဆန္ဒပြတဲ့လူငယ်တွေဟာ ချက်ချင်းလူစုခွဲနိုင်လို့ အဖမ်းခံရတဲ့သူမရှိပါ။ ဆန္ဒပြတဲ့လူငယ်တွေကို ဖမ်းဖို့စောင့်နေရင်း သာကူကျိုယူဖို့ လူငယ် ၇ ယောက်အဖွဲ့လိုက်သွားနေတာကို သံသယနဲ့ဖမ်းဆီးတာဖြစ်ပါတယ်။ ဒါပေမယ့် ၎င်းတို့ထဲတွင် စစ်သားရဲ့ သားသမီး ၁ ယောက်ပါလို့ နေ့လည် ၁၂ လောက်မှာ ပြန်လွတ်လိုက်တယ်လို့သိရတယ်။

ကလေးမြို့နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြလူငယ်နဲ့ သင်တန်းဆင်းသံသယနဲ့ဖမ်းဆီးခံရတာ ၇၀ လောက်ရှိပြီး ၎င်းတို့ဟာ တကြိမ်မျှ ရုံးထုတ်စစ်ဆေးတာမရှိခဲ့ပါ။ ဒါ့ပြင် ပထမအကြမ်လွှတ်ငြိမ်းခွင့်နဲ့ ဒုတိယအကြိမ်လွတ်ငြိမ်းခွင့်ထဲမှာလည်း တစ်ယောက်မျှ မလွတ်ဘူးလို့သိရပါတယ်။

Zalen