ဩဂုတ်လ ၇ ရက် ၊ KABUL
အဖဂ္ဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်တပ်များဆုတ်ခွါသွားပြီးနောက် တာလီဘန်စစ်သွေးကြွအဖွဲ့များဟာ ဩဂုတ်လ ၆ ရက်နေ့က အဖဂ္ဂန်ရဲ့အနောက်ဘက် စစ်ရေးမဟာဗျူဟာအချက်အချာကျတဲ့ အီရန်နှင့်နယ်စပ် Nemroz ခရိုင် မြို့တော် #Zaranj မြို့တော်ရှိအစိုးရတပ်စခန်းများ ၊ ရဲဌာနစခန်းများ ၊ အစိုးရုံးများကိုအလွယ်တကူဝင်ရောက်သိမ်းပိုက်ထားလိုက်ပြီလို့ ရဲတပ်ဖွဲ့မှတရားဝင်ထုတ်ဖော်ပြောကြားခဲ့တယ်လို့ Aljazeera သတင်းမှာဖော်ပြခဲ့သည် ။
သည့်မတိုင်မီ တာလီဘန်အဖွဲ့များဟာ Herat ခရိုင်နှင့် Kandahar မြို့တော်ကိုဝင်ရောက်သိမ်းပိုက်ဘို့ကြိုးစားခဲ့ပေမယ့် အစိုးရတပ်များနဲ့ ပြင်းထန်စွာအပြန်အလှန်ထိတွေ့တိုက်ပွဲများဖြစ်ပွါးခဲ့တဲ့အတွက်ကြောင့် မအောင်မြင်ခဲ့ပေမယ့် မနေ့က Zaranj မြို့တော်အပါအခြားမြို့လေးများကိုပါ အလွယ်တကူသိမ်းပိုက်နိုင်ခဲ့ကြပါတယ် ။
ဒေသခံပြည်သူတွေရဲ့ပြောပြချက်အရ တာလီဘန်လက်နက်ကိုင်အဖွဲ့တွေဟာ အစိုးရရဲ့ တပ်စခန်းများနဲ့အစိုးရရုံးများကို သိမ်းပိုက်နိုင်ခဲ့ကြတဲ့အတွက် ပျော်ရွှင်စွာအောင်ပွဲခံနေကြတယ် လို့ဆိုပါတယ် ။
ဒါဟာနှစ်ပေါင်း ၂၀ အတွင်းအမေရိကန်တပ်တွေဆုတ်ခွါသွားပြီးနောက် တာလီဘန်တွေရဲ့ ပထမဆုံးအောင်မြင်တဲ့မြို့သိမ်းတိုက်ပွဲတစ်ခုဖြစ်တယ်လို့သိရသည် ။
မြို့တော် Kabul ကဘူးလ်မှာတော့ အစိုးရရဲ့ သတင်းနဲ့ပြန်ကြားရေး ၊ ပြောရေးဆိုခွင့်ရှိသူအကြီးအကဲတစ်ဦးကို တာလီဘန်တို့က ပစ်မှတ်ထားသတ်ဖြတ်လိုက်ပါတယ် ၊ ဒါဟာ လက်ရှိ သမ္မတ Ashraf Ghani ရဲ့ရွေးကောက်ခံအစိုးရအား နှုတ်ထွက်သွားရန် အချက်ပေးခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ် ။
တန်ပြန်ထိုးစစ်အနေဖြင့် အာဖဂ္ဂန် စစ်တပ်မှ ဗိုလ်ချုပ်ကြီး တစ်ဦး ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် Nemroz ဒေသတွင် တာလီဘန်၏ထိပ်တန်းအရာရှိတစ် ဦး နှင့်သူ၏အဖွဲ့ ၁၄ ဦးတို့သေဆုံးခဲ့တယ်လို့ အာဖဂ္ဂန်တပ်မတော်ရဲ့ အမှတ် (၂၁၅ ) Maiwand တပ်မမှူး ဗိုလ်ချုပ် Sami Sadat ( commander of the 215 Maiwand Afghan Army Corps ) ကသူရဲ့ Twitter စာမျက်နှာမှာတင်ထားပေမယ့် Reuters ရဲ့မေးမြန်းချက်ကိုတော့ ချက်ချင်းအတည်မပြုနိုင်ခဲ့ဘူးဟုဆိုသည် ။
ထိုနေ့တွင်အာဖဂန်နစ္စတန်ဆိုင်ရာအမေရိကန်သံတမန်အထူးကိုယ်စားလှယ် Mr. Deborah Lyons မှ တာလီဘန်တို့ရဲ့ နိုင်ငံရေးသဘောတူညီချက်တို့ကိုမေးမြန်းခဲ့ပြီးလုံခြုံရေးကောင်စီကိုအကြောင်းကြားသွားမယ်လို့ဆိုပါတယ် ၊ စစ်ပွဲရဲ့ရလဒ်ဟာ Syria 🇸🇾 နဲ့ Sarajevo တို့လို့ လူအမြောက်အများသေကြေပျက်စီးကာ အသိုက်အမြုံတွေပိုမိုပျက်စီးစေမယ့်အဖြစ်ကိုပိုမိုရောက်ရှိစေမယ့် ကာလတစ်ခုဆွဲခေါ်သွားဘို့ အဆင်သင့်ဖြစ်နေပြီလို့ဆိုပါတယ် ။
အိမ်ဖြူတော်၌အစိုးရပြောရေးဆိုခွင့်ရှိသူ Mr. Jen Psaki ကတော့ “တာလီဘန်တို့ရဲ့လုပ်ရပ်များကိုနိုင်ငံတကာဥပဒေအဖွဲ့အစည်းများကအသိအမှတ်ပြုလိမ့်မည်မဟုတ်ဘူး “ လို့ပြောကြားသွားပါတယ် ။
Photo #ရိုက်တာ
#SiThuMaung