News

“ဒေါက်တာဇော်မြင့်မောင်ကို ထောင်တွင်းဆေးခန်းမှာ ဆေးကုသပေးပြီး မသက်သာတဲ့အတွက် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထား”

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် အိုးဘိုထောင်မှ

မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် သြဂုတ် (၆)ရက် ညပိုင်းက အကျဉ်းထောင်မှ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ဆေးကုသရန် ပို့ဆောင်ထားရှိကြောင်း သိရသည်။

ဒေါက်တာဇော်မြင့်မောင်သည် အကျဉ်ထောင် ဆေးရုံတွင် ဇူလိုင်လ၂၉ ရက်နေ့က သွေကင်ဆာရောဂါဖြင့် တက်ရောက်ဆေးကုသနေရာမှ သက်သာမှုမရှိသဖြင့် မန္တလေးအထွေထွေေရောဂါကု ဆေးရုံကြီး၊ သွေးရောဂါ ဗေဒဌာနမှ ဒေါက်တာတစ်ဦး၏ ဆေးမှတ်ချက်အရ မန္တလေးအထွေထွေေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသနိုင်ရန် အိုးဘိုထောင်မှ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ပါဝင်သော လုံခြုံရေးအဖွဲ့ဖြင့် မန္တလေ းအထွေထွေရောဂါကုဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့သည်ဟု လုံခြုံရေးတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

ဒေါက်တာဇော်မြင့်မောင်အား မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ထားသော်လည့် မည်သည့်အဆောင်တွင် ထားရှိသည်ကို မသိရှိရပေ။

ဒေါက်တာဇော်မြင့်မောင်သည် ဖမ်းဆီးမခံရခင်ကတည်းက သွေးကင်ဆာဝေဒနာရှင်တစ်ဦးဖြစ်ပြီး ဆေးပုံမှန်သွင်းနေခဲ့ရကြောင်း၊ လက်ရှိအချိန်ထိ အကျဉ်းထောင်ဆေးခန်းမှာ ဆေးကုသရာ မသက်သာသည့်အတွက် မန္တလေးဆေးရုံကြီးလွှဲပြောင်းခြင်းဖြစ်ကြောင်း သိရသည်။