News

” စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ပယ်ချလိုက်တဲ့ အမေရိကန်နှင့် အာဆီယံကိုယ်စားလှယ်၏ ဖိအား “

မြန်မာအတွက် အာဆီယံအထူးသံတမာန် ခန့်အပ်ခြင်းအပေါ်မှာ အောင်မြင်မှု့တွေ စွမ်းဆောင်နိုင်မလား လို့ CNA သတင်းဌာနက ၊ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီရန် ( VIVIAN BALAKRISHAN ) ကို တွေ့ဆုံမေးမြန်းလိုက်တယ် ။

” အဓိကမေးခွန်းက သူလုပ်နိုင်တဲ့ အခြေအနေ အဆင့်ပဲထင်ပါတယ် ။ သံတမန်တစ်ဦးရဲ့ လုပ်ဆောင်မှု့မှာ မဖြစ်မနေလိုအပ်တာက နိုင်ငံရေးပြဿနာမှာ ပါဝင်ပတ်သက်သူအားလုံးနဲ့ တွေ့ဆုံးဆွေးနွေးနိုင်မှသာ အောင်မြင်နိုင်ပါလိမ့်မယ် ”

” မြန်မာရဲ့ နက်ရှိုင်းတဲ့ အကျပ်အတည်းကို အချိန်ကြာသွားမှ အာဆီယံကိုယ်စားလှယ် ခန့်အပ်နိုင်ခဲ့တာပါ ။ အားလုံးနဲ့ တွေ့ခွင့်ရမှသာ ပြဿနာရဲ့ ရင်းမြစ်ကို သိနိုင်မှာပါ ။ တားဆီးပိတ်ပင်မှု့တွေ ရှိလာရင်တော့ အာဆီယံကိုယ်စားလှယ်အတွက် အခက်အခဲတွေ ရှိနိုင်ပါတယ် ။ ”

” မင်းတို့ စင်္ကာပူအစိုးရဟာ ပြည်သူကိုကိုယ်စားပြုတဲ့ NUG အစိုးရနဲ့ ဆက်ဆံနေသလား ၊ စစ်ကောင်စီနဲ့ပဲ ဆက်ဆံနေတာလား ”

ဆိုတဲ့မေးခွန်းကို CNA က မေးတဲ့အခါမှာတော့

” ဒီအခြေအနေမှာ ငါတို့စင်္ကာပူဟာ ဘယ်သူ့ကို ကူညီ ဆက်ဆံနေတယ်ဆိုတာ ပြောရမယ့်အချိန် မဟုတ်သေးပါဘူး ။ အသေအချာပြောနိုင်တာက စင်္ကာပူဟာ မြန်မာ့အရေးကို နိုင်ငံရေးရှု့ထောင့်ကနေ သေသေချာချာ စေ့စပ်ဆွေးနွေးပြီးပါပြီ ။ ကျန်တဲ့အခြေအနေတွေကိုတော့ ဖြစ်သင့်တာ ဆက်လုပ်ရမှာပါဘဲ ”

ဒါကတော့ CNA ရဲ့ တွေ့ဆုံမေးမြန်းမှု့မှာ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးက ဖြေကြားထားတာတွေပါ ။

သုံးသပ်ရရင် ….၊ အာဆီယံ ၁၀ နိုင်ငံရဲ့ အမြင်က သူတို့ရဲ့ကိုယ်စားလှယ်ဟာ ဘယ်လောက်အထိ လေ့လာ ဆွေးနွေး ညှိနှိုင်းနိုင်ဖို့ အခွင့်အရေးရမလဲ ဆိုတာကို တွေးထားကြပါတယ် ။ အာဆီယံဟာ ဘာ့ကြောင့် မြန်မာ့အရေးအတွက် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် စိတ်ပူနေရသလဲဆိုရင် ၊ ကမ္ဘာကြီးရဲ့ ဖိအားပေးမှု့ပါ ။ ကုလအတွင်းရေးမှုးက အာဆီယံကို တာဝန်ပေးထားတယ် ။ အာဆီယံကိုယ်စားလှယ်ကို လုပ်ငန်းစဉ်တွေ ချမှတ်ပေးထားတယ် ။

နောက်ထပ် အရေးအကြီးဆုံး အာဆီယံမျက်ခုံးလှုပ်တဲ့ ကိစ္စကတော့ တောင်တရုပ်ပင်လယ်အရေးနဲ့ လွန်ခဲ့တဲ့ရက်ပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ပေးတဲ့ ဖိအားပါ ။ အာဆီယံအစည်းအဝေးမှာ အမေရိကန်က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်ကို ပယ်ချခဲ့ပါတယ် ။ အသိအမှတ်မပြုပါဘူး ။ ဒီတော့ စစ်ကောင်စီရဲ့ အိမ်စောင့်အစိုးရနဲ့ ၊ MAH ရဲ့ ဝန်ကြီးချုပ်အိမ်မက်ဟာ ပျက်ပျယ်ခဲ့ရပါတယ် ။

အမေရိကန်ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး WENDY SHERMAN ဟာ လွတ်မြောက်နယ်မြေမှာရောက်နေတဲ့ NUG ကိုယ်စားလှယ်တစ်ယောက်နဲ့ နိုင်ငံတကာသိ တရားဝင် ဆွေးနွေးခဲ့တယ် ။ ( ဒေါ်ဇင်မာအောင် လို့ ယူဆရပါတယ် ) ။

ဆိုရရင် …၊ အာဆီယံကိုယ်စားလှယ်ရောက်လာလို့ ၊ ရွှေဝါရောင်အရေးအခင်းတုန်းက လာတဲ့ကိုယ်စားလှယ်လို စစ်ကောင်စီဘက်က နားလှည့်ပါးရိုက် လုပ်လွှတ်မှာကို ပြည်သူတွေစိုးရိမ်နေကြတယ် ။ မနေ့ကပိုစ့်မှာတော့

” အာဆီယံကိုယ်စားလှယ်ကို အသင့်အတင့် လိုက်လျောပေးလိုက်ရင် R2P လာပါဦးမလား ၊ အီလည်လည်နဲ့ ပြီးသွားမှာပါ ”

ဆိုတဲ့ ကွန်မန့်တစ်ခု တွေ့ရပါတယ် ။ ကွန်မန့်ပေးသူဟာ အဓမ္မအဖွဲ့ဝင်မဟုတ်ဘဲ တော်လှန်ရေးအတွက် တက်ကြွလှုပ်ရှားနေသူတစ်ယောက် ဖြစ်တဲ့အတွက် လေးလေးစားစား ပြန်ဖြေပေးလိုက်ပါတယ် ။

ဟုတ်ကဲ့ …၊ မြန်မာ့အရေးကို ဖြေရှင်းကိုင်တွယ်နေတဲ့ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေဟာ တစ်ခုတည်းမဟုတ်ပါဘူး ။ အာဆီယံ ၊ လုံခြုံရေးကောင်စီ ၊ GCR2P ၊ ICJ ၊ ICC ၊ ဥရောပသမဂ္ဂ ဆိုသလို အထင်ကရ တာဝန်ရှိတဲ့ အဖြွ့ကြီးတွေက တာဝန်ယူဖြေရှင်းနေတာပါ ။ ဆက်စပ် ပတ်သက်မှု့တွေရှိပေမယ့် လုပ်ငန်းတစ်ခုစီနဲ့ ကိုင်တွယ်နေတာပါ ။

ဥပမာပြောရရင် ရှမ်းပြည်နယ်မှာ လူသတ်မှု့ကျူးလွန်ခဲ့သူတစ်ယောက်ဟာ ၊ ရန်ကုန်မှာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု့နဲ့ ရင်ဆိုင်ရမယ့် ဥပဒေချင်း မတူပါဘူး ။ တစ်ခုစီပါ ။ ဒီလိုပါဘဲ ။ R2P က သူ့တာဝန်အတိုင်း တဆင့်ချင်းလုပ်ဆောင်နေသလို ၊ ICC ကလည်း စွဲချက်တင်ဖို့ လုံးပမ်းနေပါတယ် ။ လုံခြုံရေးကောင်စီကလည်း ဒီအတိုင်းပါဘဲ ။ အကူအညီပေးမယ့် အဖွဲ့တွေ မပါသေးပါဘူး ။

အနှစ်ချုပ်ရရင် ၊ အာဆီယံကိုယ်စားလှယ်ဟာ ကုလ ၊ နိုင်ငံတကာနဲ့ အဓိက အမေရိကန်ရဲ့ ဖိအားပေးမှု့ကြောင့် ဝင်လာရတဲ့ စုံးစမ်းရေး ၊ ညှိနှိုင်းရေး ကိုယ်စားလှယ်ပါ ။ သူပေးတဲ့ အကူအညီကို လိုချင်တာယူ ၊ မလိုချင်တာ ပယ်ရုံပါဘဲ ။ သူ့ရဲ့ အဓိကတာဝန်က အမေစု ၊ သမ္မတကြီးဦးဝင်းမြင့်နဲ့ နယ်ပယ်အသီးသီးက အသံတွေ ၊ အဖြစ်အပျက်တွေကို ကုလနဲ့အမေရိကန်ထံ ပြန်လည်တင်ပြပေးဖို့ပါဘဲ ။

မနေ့ကတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အသက်အန္တရယ်ခြိမ်းချောက်သူ မြန်မာနိုင်ငံသားနှစ်ဦးက ရဲတပ်ဖွဲ့က နာရီဝက်အတွင်းမှာ အွန်လိုင်းကနေ ခြေရာခံပြီး ဖမ်းဆီးလိုက်တယ် ။ အဖမ်းခံရသူတွေက ဖြိူးဟိန်းထွဋ် ၂၈ နှစ်နဲ့ ရဲဟိန်းဇော် ၂၀ နှစ်တွေပါ ။ တောင်ပိုင်းနယူးယောခ့် ရဲတပ်ဖွဲ့က ဖမ်းစီးလိုက်တာပါ ။ ထောင်ဒဏ် ၅ နှစ်အထက် အကျခံရဖို့ရှိပါတယ် ။ နိုင်ငံရေးခိုလှုံခွင့်မရပါဘူး ။ အမေရိကန်နိုင်ငံအတွင်းမှာ ရာဇဝတ်မှု့ ကျူးလွန်လို့ပါ ။

ဘကြီးအောင် LA”