News

“NUG အစိုးရက ရောင်းချမယ့် “အောင်လံလွှင့်ချီ နွေဦးထီ” ရောင်းနိုင်မယ့် နည်းလမ်း”

NUG အစိုးရက “အောင်လံလွှင့်ချီ နွေဦးထီ” လက်မှတ်များ ရောင်းချမည်

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)က နွေးဦးတော်လှန်ရေးအောင်ပွဲကို အရယူရန်နှင့် စစ်အာဏာရှင်ကို ကြံ့ကြံ့ခံ တော်လှန်နေသည့် CDM ဝန်ထမ်းများအား ထိရောက်စွာ ကူညီထောက်ပံ့နိုင်ရန် ယနေ့ သြဂုတ်လ ၆ ရက်နေ့တွင် “လောင်းကစားဥပဒေကို ပထမအကြိမ် ပြင်ဆင်သည့်ဥပဒေ”ကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဌာန်းခဲ့ပြီး “အောင်လံလွှင့်ချီ နွေဦးထီ” လက်မှတ်များကို ဥပဒေနှင့် အညီ ရောင်းချနိုင်ရန် လုပ်ဆောင်နေကြောင်း NUG အစိုးရ ထုတ်ပြန်ခဲ့သည်။

ထိုသို့ “အောင်လံလွှင့်ချီ နွေဦးထီ” ဖော်ဆောင်ရခြင်းသည် ပြည်သူလူထု၏ တခဲနက်ဆန့်ကျင်၊ ညီညွတ်စွာသပိတ်မှောက်ခြင်းကြောင့် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ “ အောင်ဘာလေထီ “ သည် လုံးဝချုပ်ငြိမ်းသွားချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ၏ “အောင်လံလွှင့်ချီ နွေဦးထီ” နှင့် ပြည်သူ့အောင်ပွဲကို ထပ်လောင်းရယူနိုင်ရန်နှင့် မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ် အလုံးစုံ ပျက်သုဉ်း ပျောက်ကွယ်သွားစေရေး၊ ဖက်ဒရယ်ဒီမိုကရေစီ စနစ် ပီပြင်စွာ ဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် မဆုတ်မနစ်၊ အလံမလှဲစတမ်း ကြံ့ကြံ့ခံ တော်လှန် နေသည့် CDM ဝန်ထမ်းများအတွက် ထိရောက်စွာ ကူညီထောက်ပံ့ပေးနိုင်ရန်တို့ကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူလူထုက တရားဝင်အာဏာအပ်နှင်းခြင်းခံထားရသော ပြည်သူ့အစိုးရဖြစ်သည့် အားလျော်စွာ “အောင်လံလွှင့်ချီ နွေဦးထီ” ကိုအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေနှင့်အညီဖြစ်စေရန် ဤဥပဒေကို ပြင်ဆင်ပြဌာန်းရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက် အဆုံးတွင် ဖော်ပြထားသည်။

အဆိုပါ “အောင်ဘာလေထီ” ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနက ပေးပို့လာသော “ လောင်းကစားဥပဒေကို ပထမအကြိမ် ပြင်ဆင်သည့်ဥပဒေ “ အားပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းလိုက်ခြင်းဖြစ်သည်။

NUG ထီဘယ်လိုရောင်းမလဲ?

အဖြေကရှင်းပါတယ်၊ 21 ရာစုပါ၊ ကုန်းဘောင်ခေတ်မဟုတ်တော့ပါဘူး၊ ထီလက်မှတ်ကြီးကိုင် ငွေထုပ်ကြီးထမ်းလမ်းသလားရမည့် ကာလမဟုတ်တောပါ။

မိတ်ဆွေတို့ရဲ့ ဖုန်း၊ ကွန်ပြူတာ၊ တက်ဘလက်တွေက ထီလက်မှတ်တွေ၊ ငွေထုပ်ကြီးတွေ၊ ကား၊ ရထား၊ လေယာဥ်လက်မှတ် ဖြစ်ကုန်တဲ့ digitalization ခေတ်ကြီးပါ။ ကွီဖြိုးက ဒီလို Digital lottery ဒီဂျစ်တယ်ထီလက်မှတ် ရောင်းဖို့ စီစဥ်ခဲ့ဘူးပါတယ်။

ဒါပေမယ် မအလတို့ရဲ့နှောက်ယှက်မှုကြောင့် ကြန့်ကြာခဲ့ရပါတယ်။ ဒီဂျစ်တယ်နည်းဖြင့်ရောင်းရင် အရောင်းကိုယ်စားလှယ်မလိုတော့လို စျေးပိုပေးရတာမျိုးမရှိနိုင်ပါ။ နောက်ထပ်သတင်းကောင်းက ထီပေါက်နိုင်ခြေများလာစေရန် ဂဏန်းတွေရှေ့က (က..ခ..ဂ)စတဲ့ အက္ခရာတွေကို ဖြုတ်ပြစ်မှာပါ။

အချိန်အားဖြင့်လည်း အချိန်တိုအတွင်း ထီပြန်ဖွင့်နိုင်ပါတယ်။ ထီပေါက်စဥ်တိုက်စရာမလိုပဲ ထီဖွင့်ရက်မှာ ထီပေါက်ခြင်းကို ချက်ခြင်းသိရမှာဖြစ်လို့ ထီပေါက်စဥ်ဝယ်စရာမလိုပါ။ Digital ထီတိုက်စံနစ်ထည့်ပေးထားလို့ ကိုယ့်တိုင်လည်း ထီတိုက်နိုင်မှာပါ။

ပေါက်တဲ့ ငွေက ကိုယ့်ဖုန်းထဲရောက်လာမှာဖြစ်ပါတယ်။ ဥပမာ..Wave Money လိုမျိုးပါ။ ပြီးရင် သက်ဆိုင်ရာငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတွေမှာကိုယ့်ရဲ့ QR Code ကလေးပြလိုက်ယုံပါဘဲ။

#Soe Naung