ပါရာစီတေမာနဲ႔ တြဲေသာက္ရန္မသင့္ေသာ အစားအေသာက္အခ်ိဳ႕ကို အမ်ားသိရွိရေလေအာင္ ထပ္မံမွ်ေဝလိုက္ပါတယ္။
၁။ ပါရာစီတေမာကို ကိုကာကိုလာ၊ ပက္ပစီ စတဲ့ ဂတ္စ္ပါတဲ့ အရာမ်ားနဲ႔ အခ်ဥ္ဓါတ္ပါေသာ အစားအစာမ်ားနဲ႔ တြဲမေသာက္သင့္ပါဘူး။
၂။ ပါရာစီတေမာကို ကဖင္းဓါတ္ပါတဲ့ အစားအေသာက္မ်ားနဲ႔ တြဲၿပီး မေသာက္သင့္ပါဘူး။ တကယ္လို႔ ေသာက္မိလွ်င္လည္း တစ္ေန႔ကို (၂)လုံးထက္ ပိုေသာက္မိလွ်င္ အႏၲရာယ္ရွိပါတယ္။
၃။ ပါရာစီတေမာဟာ အရက္၊ ဘီယာ စတဲ့ မူးယစ္ေဆးဝါးတို႔နဲ႔လည္း မတည့္ပါဘူး။
၄။ ပါရာစီတေမာကို အျခားပါရာေဆးပါတဲ့ Decolgen တို႔လိုေဆးနဲ႔ တြဲမေသာက္သင့္ပါဘူး။
၅။ ပါရာစီတေမာကို တခါေသာက္ရင္ အနည္းဆုံး (၄)နာရီျခားသင့္ပါတယ္။ (၂၄) နာရီအတြင္း 500 mg (၈)လုံးထက္ပိုေသာက္မိလွ်င္အႏၲရာယ္ရွိပါတယ္။
၆။ ပါရာစီတေမာကို(အျခားအခ်ိဳေရ၊အခ်ဥ္၊စတဲ့အထက္က ေဖာ္ျပခဲ့တာေတြနဲ႔ေရာမေသာက္ေသာ္လည္းပဲ)အလြန္အကြၽံ ေသာက္မိလွ်င္ေက်ာက္ကပ္နဲ႔ အသည္း ပ်က္စီးၿပီး ေသတတ္ပါတယ္။
ပါရာစီတေမာတင္မကပဲ အကိုက္အခဲေပ်ာက္ေဆးမ်ားနဲ႔ အဂၤလိပ္ေဆးေတာ္ေတာ္မ်ားမ်ားဟာ ဂတ္စ္ပါတဲ့ အခ်ိဳေရမ်ား၊ အခ်ဥ္ဓါတ္ပါတဲ့ အရာမ်ားနဲ႔ တြဲမေသာက္သင့္ပါဘူး။
႐ိုး႐ိုးေရနဲ႔ေသာက္ရင္ အေကာင္းဆုံးပါ။ပါရာစီတေမာလ္ေဆးဟာ ျမန္မာျပည္သူျပည္သားမ်ား အမ်ားဆုံးေသာက္သုံးေနသည့္ေဆးတစ္မ်ိဳးျဖစ္သည့္အတြက္ မသိေသးသူမ်ားအတြက္ အသိေပးျခင္းျဖစ္သလို သိၿပီးသူမ်ားအတြက္လည္း သတိေပးရင္း မွ်ေဝလိုက္ရပါတယ္။ပို၍ တတ္သိနားလည္သူမ်ားလည္း လိုအပ္မႈမ်ား၊ မွားယြင္းမႈမ်ား ရွိေနပါက ထပ္မံျဖည့္စြပ္မွ်ေဝေပးႏိုင္ပါတယ္။
အသက္ကို ဉာဏ္ေစာင့္ဆိုသလိုကိုယ့္အသက္ကို ကိုယ္ပိုင္ဉာဏ္ျဖင့္ဆင္ျခင္ၿပီး လူသားတိုင္း က်န္းမာစြာ အသက္ရွည္ႏိုင္ၾကပါေစ။
Unicode
ပါရာစီတမောနဲ့ တွဲသောက်ရန်မသင့်သော အစားအသောက်အချို့ကို အများသိရှိရလေအောင် ထပ်မံမျှဝေလိုက်ပါတယ်။
၁။ ပါရာစီတမောကို ကိုကာကိုလာ၊ ပက်ပစီ စတဲ့ ဂတ်စ်ပါတဲ့ အရာများနဲ့ အချဉ်ဓါတ်ပါသော အစားအစာများနဲ့ တွဲမသောက်သင့်ပါဘူး။
၂။ ပါရာစီတမောကို ကဖင်းဓါတ်ပါတဲ့ အစားအသောက်များနဲ့ တွဲပြီး မသောက်သင့်ပါဘူး။ တကယ်လို့ သောက်မိလျှင်လည်း တစ်နေ့ကို (၂)လုံးထက် ပိုသောက်မိလျှင် အန္တရာယ်ရှိပါတယ်။
၃။ ပါရာစီတမောဟာ အရက်၊ ဘီယာ စတဲ့ မူးယစ်ဆေးဝါးတို့နဲ့လည်း မတည့်ပါဘူး။
၄။ ပါရာစီတမောကို အခြားပါရာဆေးပါတဲ့ Decolgen တို့လိုဆေးနဲ့ တွဲမသောက်သင့်ပါဘူး။
၅။ ပါရာစီတမောကို တခါသောက်ရင် အနည်းဆုံး (၄)နာရီခြားသင့်ပါတယ်။ (၂၄) နာရီအတွင်း 500 mg (၈)လုံးထက်ပိုသောက်မိလျှင်အန္တရာယ်ရှိပါတယ်။
၆။ ပါရာစီတမောကို(အခြားအချိုရေ၊အချဉ်၊စတဲ့အထက်က ဖော်ပြခဲ့တာတွေနဲ့ရောမသောက်သော်လည်းပဲ)အလွန်အကျွံ သောက်မိလျှင်ကျောက်ကပ်နဲ့ အသည်း ပျက်စီးပြီး သေတတ်ပါတယ်။
ပါရာစီတမောတင်မကပဲ အကိုက်အခဲပျောက်ဆေးများနဲ့ အင်္ဂလိပ်ဆေးတော်တော်များများဟာ ဂတ်စ်ပါတဲ့ အချိုရေများ၊ အချဉ်ဓါတ်ပါတဲ့ အရာများနဲ့ တွဲမသောက်သင့်ပါဘူး။
ရိုးရိုးရေနဲ့သောက်ရင် အကောင်းဆုံးပါ။ပါရာစီတမောလ်ဆေးဟာ မြန်မာပြည်သူပြည်သားများ အများဆုံးသောက်သုံးနေသည့် ဆေးတစ်မျိုးဖြစ်သည့်အတွက် မသိသေးသူများအတွက် အသိပေးခြင်းဖြစ်သလို သိပြီးသူများအတွက်လည်း သတိပေးရင်း မျှဝေလိုက်ရပါတယ်။
ပို၍ တတ်သိနားလည်သူများလည်း လိုအပ်မှုများ၊ မှားယွင်းမှုများ ရှိနေပါက ထပ်မံဖြည့်စွပ်မျှဝေပေးနိုင်ပါတယ်။
အသက်ကို ဉာဏ်စောင့်ဆိုသလိုကိုယ့်အသက်ကို ကိုယ်ပိုင်ဉာဏ်ဖြင့်ဆင်ခြင်ပြီး လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။