မြန်မာအများစုမုန့်ဟင်းခါးအရမ်းကြိုက်ကြပါတယ် မုန့်ဖတ်ကို မုန့်ဟင်းခါးရောင်သူကိုယ်တိုင် ပြုလုပ်တာမရှိသလောက်ရှားပါတယ် ရန်ကုန်မှာဆို မင်းလမ်းရခိုင်မုန့်တီမှာ ကိုယ်တိုင် မုန့်ဖတ်လုပ်တာကို အများမြင်သာအောင်အသားပေးပြထားပါတယ် အလွန်အားကျစရာပါ ပုံမှန်ဆိုမုန့်ဖတ်ကို ညဦးပိုင်းစလုပ်ကြပါတယ် နံနက်အစေဆိုင်တွေပို့ချိန်ဆို အချဉ်အနံစရပါပြီ။
အနံကနှစ်လိုဘွယ်ရှိပါတယ် ရောင်းမကုန်ရင် ညနေပိုင်းဆို အချဉ်များလာပြီးပျက်ဆီးတာကို ကာကွယ်ဘို့ဖော်မလင်ကိုစသုံးလာပါတယ် သူတို့သတိမထားတာက နေ့စဉ်ကိုင်တွယ်နမ်းရှုံနေရင်ကိုသူမှာကင်ဆာဖြစ်တော့မှာပါ ဖော်မလင်ပါတဲ့မုံဖတ်ကသိသာပါတယ် မုန့်ဟင်းခါးမစားခင် မုံဖတ်ကိုယူပြီးအနံရှုကြည့်ပါ ပုပ်အယ်အယ်အနံကြီးထွက်နေပါတယ်။
အဲဒါကိုထုပ်လုပ်သူတွေဖျောက်လို့မရပါဘူ ချဉ်စုပ်စူပ်အနံရရင်တော့စိတ်ချလက်ချသာစားပါ အလွယ်ဆုံးကမုန့်တခုကိုစိတ်မသင်ကာရင်ခွေးကျွေးကြည့်ပါ သူမစားရင်မစားပါနှင့် ပုရွတ်ဆိတ်မတက်ရင် ယင်ကောင်မနားရင်မစားကြပါနှင့် နွားနို့ကိုပိုးသတ် ပုလင်းသွင်း အအေးကောင်တာမှာထားရောင်တာမျိုးမလုပ်ချင်တော့ဖော်မလင်ထည့်ပါ။
တယ်လွယ်ပါတယ်ခွက်တခုထဲထည့်ပြီးအပြင်မှာထားကြည့်ပါမပျက်စီးသွားရင်လုံးဝမသောက်ပါနှင့် ဒိန်ချဉ်နဲနဲ နွားနို့ခွက်ထဲထည့်စမ်းလိုလဲရတယ် ဖော်မလင်ပါရင်သူကပိုးတွေသတ်ပြစ်လိုက်လို့ဒိန်ချဉ်မဖြစ်နိင်တော့ပါ။
ဘူး္စမုန့်လုပ်ရာမှာအလွယ်လိုက်ပြီးတဆေးအစား အီကြာကွေးကိုအမိုးနီးယားဆားတခုထည့်လုပ်ပါတယ်အမြင်လှပေမဲ့ခွေးမစားပါဘူးစားသောက်ကုန်အများစုမှာစစ်ဆေးရေးအဖွဲ့အားနည်းတော့မဟုတ်တဲ့တည်ထွင်မှု့ကိုကြိုးစားလုပ်ဆောင်နေကြတယ်ငရဲမကြောက်သူများဟာသူတောင်းစားများမဟုတ်ကြပါဘူးစီးပွားရေးတောင့်တင်းသူများဖြစ်ကြပါတယ်။
သူတို့ထုပ်ကုန်ကိုတော့ သူတို့မစားကြပါဘူး သူတို့တတွေဟာ ဘုရားတရားအပေါ် မယုံကြည်သူများဖြစ်ကြပါယ်
zawgyi