ဗဟုသုတ
ချို့တဲ့တဲ့ပြည်သူတွေအတွက် ဟင်းသီးဟင်းရွက်တွေ လှူဒါန်းပေးခဲ့တဲ့ ချယ်ရီသင်း
ချို့တဲ့တဲ့ပြည်သူတွေအတွက် ဟင်းသီးဟင်းရွက်တွေလှူဒါန်းပေးခဲ့တဲ့ ချယ်ရီသင်း
ပရိသတ်ကြီးရေ.. အသံချိုချိုအေးအေးလေးနဲ့ သီချင်းကောင်းလေးတွေများစွာသီဆိုတတ်တဲ့ အဆိုတော်ချယ်ရီသင်းကတော့ ဂီတလမ်းကြောင်းမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်စွာရပ်တည်နေတဲ့အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါ တယ်..။
ချယ်ရီသင်းဟာ လက်ရှိအခြေအနေတွေမှာ ကိုယ်တိုင်ကလည်း လမ်းပေါ်ထွက်လှုပ်ရှားမှုတွေ ပြုလုပ်နေသလို တော်လှန်ရေးတိုက်ပွဲကြီးမှာ လူထုလှုပ်ရှားမှုတွေပြုလုပ်ရင်း ကျဆုံးသွားတဲ့ သူရဲကောင်းပြည်သူတွေအတွက်လည်း လှူဒါန်းမှုတွေ ပြုလုပ်နေသူလေး လည်း ဖြစ်ပါတယ်..။
အချစ်တော်အဆိုတော် ချယ်ရီသင်းကတော့ ချို့တဲ့တဲ့ပြည်သူတွေအတွက် ဟင်းသီးဟင်းရွက်တွေလှူဒါန်းပေးခဲ့ပြန်ပါတယ်။
ချယ်ရီသင်းက လိုအပ်နေတဲ့သူတွေအတွက် လိုအပ်တာတွေကလိုက်လံလှူဒါန်းဖြည့်ဆည်းပေးနေခဲ့ပြီး အခုတစ်ခေါက်မှာဆိုရင်လည်း သူ့ရဲ့အလှူရှင်တွေနဲ့ စုပေါင်းပြီးထပ်မံလှူဒါန်းပေးခဲ့တာပါ။
ဒီနေ့လေးမှာလည်း ချယ်ရီသင်းကတော့ သူနဲ့အတူ တောင်ရိုးတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း လူငယ်လူမှုအထောက်ကူပြု ရှမ်း/တောင် ဒေသ နှင့် တောင်ရိုးတိုင်းရင်းသား
ခရမ်းချဉ်သီး စိုက်တောင်သူအဖွဲ့ရယ် အလှူရှင်တွေရယ်စုပေါင်းပြီးတော့ ခရမ်းချဉ်သီး ပိဿာ-၁၀၀၀၊ပန်းမုံလာပိဿာ-၅၀၊ပန်းဂေါ်ဖီထုပ်ပိဿာ-၅၀၊ဂျင်းပိဿာ-၃၀၊ ဂေါ်ရခါးသီးပိဿာ -၃၀၊
ရွှေဖရုံရွက်နဲ့ ဆူကာညွန့်စတာတွေနဲ့တခြားလိုအပ်တဲ့ စားသောက်ကုန်တွေကိုပါလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ချယ်ရီသင်းက အခုလို သူ့ရဲ့ လှူဒါန်းမှုမှာ ပါဝင်လှူဒါန်းပေးတဲ့ အလှူရှင်တွေ
အားလုံးကို ကျေးဇူးတင်ရှိကြောင်းနဲ့ အလှူလေးအထမြောက်စွာလှူဒါန်းနိုင်ခဲ့တဲ့အတွက် ပီတိဖြစ်စွာနဲ့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါတယ်။ ပရိသတ်ကြီးက ချယ်ရီသင်းတို့ရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Source – Cherry Thin
Zawgyi
ချယ်ရီသင်းက လိုအပ်နေတဲ့သူတွေအတွက် လိုအပ်တာတွေကို လိုက်လံလှူဒါန်းဖြည့်ဆည်းပေးနေခဲ့ပြီး အခုတစ်ခေါက်မှာဆိုရင်လည်း သူ့ရဲ့အလှူရှင်တွေနဲ့ စုပေါင်းပြီးထပ်မံလှူဒါန်းပေးခဲ့တာပါ။
ပးတဲ့ အလှူရှင်တွေအားလုံးကို ကျေးဇူးတင်ရှိကြောင်းနဲ့ အလှူလေးအထမြောက်စွာလှူဒါန်းနိုင်ခဲ့တဲ့အတွက် ပီတိဖြစ်စွာနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါတယ်။ Weekly Myanmar ပရိသတ်ကြီးတွေက ချယ်ရီသင်းတို့ရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Source – Cherry Thin