ဗဟုသုတ

ဆောင်းယွန်းစံနဲ့ အမျိုးတော်ဖို့ကြိုးစားနေတယ်ဆိုတဲ့ ပိုင်တံခွန်ရဲ့အမ

ဆောင်းယွန်းစံနဲ့ အမျိုးတော်ဖို့ကြိုးစားနေတယ်ဆိုတဲ့ ပိုင်တံခွန်ရဲ့အမ

သရုပ်ဆောင်ဆောင်းယွန်းစံကတော့အကောင်းဆုံးသရုပ်ဆောင်ချက်တွေနဲ့အတူဇာတ်ကားတွေမှာသရုပ်ဆောင်ရင်းပရိတ်သတ်တွေရဲ့အားပေးမှုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ဆောင်းယွန်းစံကတော့ချောမောလှပသလို၊စိတ်ထားလေးလဲကောင်းပြီးအလှူအတန်းတွေမှာလဲပါဝင်ကူညီလှူဒါန်းတတ်သေးပါတယ်၊

ဆောင်းယွန်းစံကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူပါဝင်ခဲ့ပါတယ်နော်။မကြာခင်ကမှ မင်းသမီးချောလေး ဆောင်းယွန်းစံကတော့ သူငယ်ချင်းမီးနိုနဲ့အတူ ကင်ဆာရောဂါကို အပြင်းအထန်ခံစားနေရတဲ့ ကလေးငယ်လေးအတွက် လိုအပ်နေတဲ့ ဆေးဖိုးကို တတ်နိုင်သလောက် လှူဒါန်းခဲ့ပါသေးတယ်။

သရုပ်ဆောင်ပိုင်တံခွန်ရဲ့အမဖြစ်တဲ့မေချစ်သွေးကိုတော့ပရိတ်သတ်တွေသိကြမှာပါ၊သူမကတော့သရုပ်ဆောင်ပိုငိတံခွန်တဲ့သတင်းတွေကိုအမြဲမပြတ်လူမှုကွန်ယက်ထက်မှာရေးသားဖော်ပြလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ရက်တွေကလဲပိုင်တံခွန်နေကောင်းကျန်းမာကြောင်းပြောကြားထားသေးပါတယ်၊ ပိုင်တံခွန်ရဲ့အစ်မ မေချစ်သွေးကတော့ မောင်ဖြစ်သူ ပိုင်တံခွန်လိုပဲ ချစ်စရာအပြုံလေးကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

မေချစ်သွေးကိုတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းမရှိပေမဲ့လည်း ပရိသတ်တွေက သူမကို ချစ်ခင်နေကြပြီပဲဖြစ်ပါတယ်။ မေချစ်သွေးက မကြာခဏဆိုသလို သူမရဲ့ဖေ့ဘုတ်စာမျက်နှာထက်မှာလည်း အပျော်စာလေးတွေကို တင်ထားတတ်သူဖြစ်ပြီး တစ်ခါတစ်ခါမှာလည်း မောင်ဖြစ်သူ ပိုင်တံခွန်ရဲ့သတင်းအကြောင်းလေးကိုလည်း ပရိသတ်အလွမ်းပြေအောင် တင်ထားတတ်ပါသေးတယ်. ..

ယခုတစ်ခါမှာလဲမေချစ်သွေးက သရုပ်ဆောင်ဆောင်းယွန်းစံနှင့်ချစ်သူတွေဖြစ်နေကြောင်းကိုအလင်းပြလိုက်တာပဲဖြစ်ပါတယ်။

မေချစ်သွေးကလွမ်းတယ်ကောက်စိန်ရေ၊ကင်မရာပြန်ကိုင်ချင်နေပြီ ဆိုပြီးတော့ ပုံနှင်တကွသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရော သူမတို့နှစ်ယောက်ရဲ့ချစ်ခြင်းအတွက် တစ်ခုခုရေးပေးသွားကြပါအုံးနော်..

Source: May Chit Thwe

Zawgyi






