ကိုယ်ဝန်လေးလရှိတဲ့ အလောင်းကိုသွားသယ်ရင်း သူ့ရဲ့ဘဝမှာ ဘယ်တော့မှမေ့လို့မရနိုင်တော့တဲ့ဖြစ်ရပ်တစ်ခုကိုဖွင့်ဟလာတဲ့ ပရဟိတသမားတစ်ဦး
လက်ရှိအခြေအနေမှာ စေတနာ့ဝန်ထမ်းတွေက သေဆုံးသူရုပ်အလောင်းတွေ၊ကိုဗစ်လူနာတွေကို အမြဲတွေ့နေရတာကြောင့် ပိုပြီးဝမ်းနည်းနေကြရတာဖြစ်ပါတယ်။
ပရဟိတအလုပ်တွေကို မနားမနေလုပ်ဆောင်လို့ အရမ်းပင်ပန်းပြီးခန္ဓာကိုယ်တွေကိုက်ခဲနေပေမယ့်လည်း ပြည်သူတွေရဲ့အပူမီးကို မျှဝေခံစားပေးနေတာဖြစ်ပါတယ်။
ပရဟိတအဖွဲ့တွေက အလောင်းတွေကို သွားသယ်တဲ့အခါမှာ ကျန်ရစ်သူမိသားစုတွေကိုကြည့်ပြီး ထပ်တူခံစားနေခဲ့ကြတာဖြစ်ပါတယ်။
အခုဆိုရင်လည်း ပရဟိတလူငယ်တစ်ဦးက သူကြုံတွေ့ခဲ့ရတဲ့ ဝမ်းနည်းစရာအဖြစ်အပျက်လေးကိုဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။
သူကိုယ်တိုင် အလောင်းသွားသယ်တဲ့အခါမှာ သေဆုံးသူအမျိုးသမီးက ကိုယ်ဝန်လေးလနဲ့ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
သေဆုံးသူအမျိုးသမီးမှာ (၂)နှစ်အရွယ် သမီးလေးတစ်ယောက်ကျန်ခဲ့တယ်လို့သိရပါတယ်။
ကလေးလေးက ဆုံးသွားတဲ့ သူရဲ့အမေနားကနေလုံးဝမခွါတဲ့အပြင် ချီပြီးတခြားနေရာခေါ်သွားလို့လည်းမရတာဖြစ်ပါတယ်။
အဒေါ်ဖြစ်သူက ကလေးကိုရအောင်ချီထားပေမယ့်လည်း အတင်းရုန်းပြီးငိုနေတယ်လို့သိရပါတယ်။
သေဆုံးသူအမျိုးသမီးက အသက်ရှူကြပ်ပြီးဆုံးသွားတာကြောင့် ကိုဗစ် positive ဖြစ်နိုင်တယ်လို့ယူဆပြီးအလောင်းကို အိတ်ထဲထည်ကာ ပလတ်စတစ်အိတ်ထပ်စွပ်ပြီး ကြိုးတွေနဲ့ချည်ရတာဖြစ်ပါတယ်။
ကလေးလေးက ဒီမြင်ကွင်းတွေကိုတွေ့တော့ သူ့အမေကိုတစ်ခုခုလုပ်တယ်ထင်ပြီး အော်ဟစ်ငိုယိုနေတာဖြစ်ပါတယ်။
ကလေးရဲ့အဒေါ်ကတော့ “မေမေနေမကောင်းလို့ ဆေးခန်းသွားပြီးဆေးကုရမှာ ပြီးရင်ပြန်လာမှာ”ဆိုပြီးပြောတော့မှ နည်းနည်းတိတ်သွားတာဖြစ်ပါတယ်။
အလောင်းကိုကားပေါ်တင်ပြီး နောက်အဖုံးပိတ်လိုက်ချိန်မှာကလေးလေးကပြန်ငိုသေးတာဖြစ်ပါတယ်။
ကလေးလေးရဲ့ ဖခင်ဖြစ်သူကလည်း လွန်ခဲ့တဲ့တစ်ပတ်ကျော်ကပဲဆုံးသွားတယ်လို့သိရပါတယ်။ကားထွက်သွားတဲ့အထိ
“အမေရေ အမေရေ”လို့ အော်ခေါ်နေတဲ့ အသံလေးကိုကျောခိုင်းပြီး ထွက်လာခဲ့ရတဲ့ ပရဟိတသမားတစ်ဦးရဲ့အခြေအနေလေးကို စိတ်မကောင်းစွာနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ပင်ပန်းတယ် ကိုယ်တွေလက်တွေဆိုကိုက်ခဲနေတာ
ဒါပေမယ့် အိပ်လို့မပျော်ဘူး
ဒီနေ့ dead body သယ်တော့ ဆုံးတဲ့သူက အမျိုးသမီး ဗိုက်ထဲမှာ ကိုယ်ဝန်လေးလရှိတယ် အပြင်မှာ ၂နှစ်သမီးလေးတယောက်ကျန်ခဲ့တယ်
ကလေးက ဆုံးသွားတဲ့သူ့အမေနားကနေလုံးဝမခွာဘူး
ချီပြီးတခြားခေါ်သွားလို့လည်းမရဘူး ငိုလည်းမငိုဘူး
သူ့အမေနားကနေဖယ်ခိုင်းလို့မရတာ
ကျနော်တို့လည်း ဘယ်လိုလုပ်ရမှန်းမသိ အဒေါ်ဆိုတဲ့သူက ကလေးကိုရအောင်ချီ
ချီထားရင်းနဲ့ကို ကလေးကအတင်းရုန်း အသက်ရှူကျပ်ပြီး ဆုံးတာဆိုတော့ ပေါ့စတစ်ဖြစ်နိုင်လို့ ကလေးကိုချီထားတုန်း
ကျနော်တို့က ပါလာတဲ့ အိတ်ထဲထည့် အပေါ်ကပလတ်စတ်အိတ်ထပ်စွပ်အိပ်ကို ခေါင်း ခါး ခြေထောက်ကြိုးချည်တာတွေလုပ်
ကလေးက သူ့အမေကို တခုခုလုပ်နေတယ်ထင်ပြီး သူ့အဒေါ်လက်ထဲကနေ ရုန်းရင်း သံကုန်ခြစ်အော်
ကလေးအော်လိုက်ရင်ကျနော်တို့က လုပ်နေရင်းလက်ကနှေးနှေးသွား ဘေးကလူတွေက ငို
သယ်ပြီး ကားပေါ်တင်ဖို့သယ်တော့မှ ငိုတယ်
အမေ အမေရေ နဲ့ အော်နေတော့ ကားနားထိ ကလေးကိုသူ့အဒေါ်က ချီလာရ
ကလေးငြိမ်အောင် သူ့အဒေါ်က
မေမေနေမကောင်းလို့ ဆေးခန်းသွားပြီးဆေးသွားကုရမှာ ပြီးရင် ပြန်လာမှာ ဆိုတော့ နည်းနည်းတိတ်သွားတယ်
တင်ပြီးလို့ ကားနောက်ဖုံးပိတ်လိုက်တော့
ပြန်ငိုရော ရောက်တည်းက အဲ့ဒိအချိန်ထိ ကလေးအဖေကိုမတွေ့
ဘယ်တွေ့မလဲ ယောက်ျားလုပ်သူက ရှေ့တပတ်ကျော်လောက်ကပဲဆုံးသွားတာ အဲ့တုန်းကလည်း
ဖေဖေ နေမကောင်းလို့ဆေးခန်းသွားပြတာလို့ ချော့ထားရတာတဲ့ကလေးတယောက်ရဲ့ အသိစိတ်နဲ့ဆို သူ့အမေ နဲ့ အဖေ ဆေးခန်းကပြန်လာမှာကို တကယ်များစောင့်နေမလား
၂ နှစ်ကလေးတယောက်ရဲ့ အမေ အမေ ခေါ်နေတဲ့အသံကို ကျောပေးပြီး လီဗာတံကို နင်းချလိုက်ရတဲ့စိတ်ခံစားမှုမျိုး ကျနော့ ဘဝမယ် ဘယ်တော့မှမေ့နိုင်တော့မယ်မထင်ဘူး။
(Zawgyi)
ကိုယ္ဝန္ေလးလရွိတဲ့ အေလာင္းကိုသြားသယ္ရင္း သူ႔ရဲ႕ဘဝမွာ ဘယ္ေတာ့မွေမ့လို႔မရႏိုင္ေတာ့တဲ့ျဖစ္ရပ္တစ္ခုကိုဖြင့္ဟလာတဲ့ ပရဟိတသမားတစ္ဦး
လက္ရွိအေျခအေနမွာ ေစတနာ့ဝန္ထမ္းေတြက ေသဆုံးသူ႐ုပ္အေလာင္းေတြ၊ကိုဗစ္လူနာေတြကို အၿမဲေတြ႕ေနရတာေၾကာင့္ ပိုၿပီးဝမ္းနည္းေနၾကရတာျဖစ္ပါတယ္။
ပရဟိတအလုပ္ေတြကို မနားမေနလုပ္ေဆာင္လို႔ အရမ္းပင္ပန္းၿပီးခႏၶာကိုယ္ေတြကိုက္ခဲေနေပမယ့္လည္း ျပည္သူေတြရဲ႕အပူမီးကို မွ်ေဝခံစားေပးေနတာျဖစ္ပါတယ္။
ပရဟိတအဖြဲ႕ေတြက အေလာင္းေတြကို သြားသယ္တဲ့အခါမွာ က်န္ရစ္သူမိသားစုေတြကိုၾကည့္ၿပီး ထပ္တူခံစားေနခဲ့ၾကတာျဖစ္ပါတယ္။
အခုဆိုရင္လည္း ပရဟိတလူငယ္တစ္ဦးက သူႀကဳံေတြ႕ခဲ့ရတဲ့ ဝမ္းနည္းစရာအျဖစ္အပ်က္ေလးကိုဖြင့္ဟလာခဲ့တာျဖစ္ပါတယ္။
သူကိုယ္တိုင္ အေလာင္းသြားသယ္တဲ့အခါမွာ ေသဆုံးသူအမ်ိဳးသမီးက ကိုယ္ဝန္ေလးလနဲ႔ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။
ေသဆုံးသူအမ်ိဳးသမီးမွာ (၂)ႏွစ္အ႐ြယ္ သမီးေလးတစ္ေယာက္က်န္ခဲ့တယ္လို႔သိရပါတယ္။
ကေလးေလးက ဆုံးသြားတဲ့ သူရဲ႕အေမနားကေနလုံးဝမခြါတဲ့အျပင္ ခ်ီၿပီးတျခားေနရာေခၚသြားလို႔လည္းမရတာျဖစ္ပါတယ္။
အေဒၚျဖစ္သူက ကေလးကိုရေအာင္ခ်ီထားေပမယ့္လည္း အတင္း႐ုန္းၿပီးငိုေနတယ္လို႔သိရပါတယ္။
ေသဆုံးသူအမ်ိဳးသမီးက အသက္ရႉၾကပ္ၿပီးဆုံးသြားတာေၾကာင့္ ကိုဗစ္ positive ျဖစ္ႏိုင္တယ္လို႔ယူဆၿပီးအေလာင္းကို အိတ္ထဲထည္ကာ ပလတ္စတစ္အိတ္ထပ္စြပ္ၿပီး ႀကိဳးေတြနဲ႔ခ်ည္ရတာျဖစ္ပါတယ္။
ကေလးေလးက ဒီျမင္ကြင္းေတြကိုေတြ႕ေတာ့ သူ႔အေမကိုတစ္ခုခုလုပ္တယ္ထင္ၿပီး ေအာ္ဟစ္ငိုယိုေနတာျဖစ္ပါတယ္။
ကေလးရဲ႕အေဒၚကေတာ့ “ေမေမေနမေကာင္းလို႔ ေဆးခန္းသြားၿပီးေဆးကုရမွာ ၿပီးရင္ျပန္လာမွာ”ဆိုၿပီးေျပာေတာ့မွ နည္းနည္းတိတ္သြားတာျဖစ္ပါတယ္။
အေလာင္းကိုကားေပၚတင္ၿပီး ေနာက္အဖုံးပိတ္လိုက္ခ်ိန္မွာကေလးေလးကျပန္ငိုေသးတာျဖစ္ပါတယ္။
ကေလးေလးရဲ႕ ဖခင္ျဖစ္သူကလည္း လြန္ခဲ့တဲ့တစ္ပတ္ေက်ာ္ကပဲဆုံးသြားတယ္လို႔သိရပါတယ္။ကားထြက္သြားတဲ့အထိ “အေမေရ အေမေရ”လို႔ ေအာ္ေခၚေနတဲ့ အသံေလးကိုေက်ာခိုင္းၿပီး ထြက္လာခဲ့ရတဲ့ ပရဟိတသမားတစ္ဦးရဲ႕အေျခအေနေလးကို စိတ္မေကာင္းစြာနဲ႔ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။
ပင္ပန္းတယ္ ကိုယ္ေတြလက္ေတြဆိုကိုက္ခဲေနတာ ဒါေပမယ့္ အိပ္လို႔မေပ်ာ္ဘူး
ဒီေန႔ dead body သယ္ေတာ့ ဆုံးတဲ့သူက အမ်ိဳးသမီး ဗိုက္ထဲမွာ ကိုယ္ဝန္ေလးလရွိတယ္
အျပင္မွာ ၂ႏွစ္သမီးေလးတေယာက္က်န္ခဲ့တယ္ ကေလးက ဆုံးသြားတဲ့သူ႔အေမနားကေနလုံးဝမခြာဘူး
ခ်ီၿပီးတျခားေခၚသြားလို႔လည္းမရဘူး
ငိုလည္းမငိုဘူး
သူ႔အေမနားကေနဖယ္ခိုင္းလို႔မရတာ
က်ေနာ္တို႔လည္း ဘယ္လိုလုပ္ရမွန္းမသိ
အေဒၚဆိုတဲ့သူက ကေလးကိုရေအာင္ခ်ီ
ခ်ီထားရင္းနဲ႔ကို ကေလးကအတင္း႐ုန္း
အသက္ရႉက်ပ္ၿပီး ဆုံးတာဆိုေတာ့
ေပါ့စတစ္ျဖစ္ႏိုင္လို႔ ကေလးကိုခ်ီထားတုန္း
က်ေနာ္တို႔က ပါလာတဲ့ အိတ္ထဲထည့္
အေပၚကပလတ္စတ္အိတ္ထပ္စြပ္
အိပ္ကို ေခါင္း ခါး ေျခေထာက္ႀကိဳးခ်ည္တာေတြလုပ္
ကေလးက သူ႔အေမကို တခုခုလုပ္ေနတယ္ထင္ၿပီး
သူ႔အေဒၚလက္ထဲကေန ႐ုန္းရင္း
သံကုန္ျခစ္ေအာ္
ကေလးေအာ္လိုက္ရင္
က်ေနာ္တို႔က လုပ္ေနရင္းလက္ကေႏွးေႏွးသြား
ေဘးကလူေတြက ငို
သယ္ၿပီး ကားေပၚတင္ဖို႔သယ္ေတာ့မွ
ငိုတယ္
အေမ အေမေရ နဲ႔ေအာ္ေနေတာ့
ကားနားထိ ကေလးကိုသူ႔အေဒၚက ခ်ီလာရ
ကေလးၿငိမ္ေအာင္ သူ႔အေဒၚက
ေမေမေနမေကာင္းလို႔ ေဆးခန္းသြားၿပီးေဆးသြားကုရမွာ
ၿပီးရင္ ျပန္လာမွာ ဆိုေတာ့
နည္းနည္းတိတ္သြားတယ္
တင္ၿပီးလို႔ ကားေနာက္ဖုံးပိတ္လိုက္ေတာ့
ျပန္ငိုေရာ
ေရာက္တည္းက အဲ့ဒိအခ်ိန္ထိ
ကေလးအေဖကိုမေတြ႕
ဘယ္ေတြ႕မလဲ
ေယာက္်ားလုပ္သူက
ေရွ႕တပတ္ေက်ာ္ေလာက္ကပဲဆုံးသြားတာ
အဲ့တုန္းကလည္း
ေဖေဖ ေနမေကာင္းလို႔ေဆးခန္းသြားျပတာလို႔
ေခ်ာ့ထားရတာတဲ့
ကေလးတေယာက္ရဲ႕ အသိစိတ္နဲ႔ဆို
သူ႔အေမ နဲ႔ အေဖ ေဆးခန္းကျပန္လာမွာကို
တကယ္မ်ားေစာင့္ေနမလား
၂ ႏွစ္ကေလးတေယာက္ရဲ႕
အေမ အေမ ေခၚေနတဲ့အသံကို
ေက်ာေပးၿပီး
လီဗာတံကို နင္းခ်လိုက္ရတဲ့စိတ္ခံစားမႈမ်ိဳး
က်ေနာ့ ဘဝမယ္ ဘယ္ေတာ့မွေမ့ႏိုင္ေတာ့မယ္မထင္ဘူး။