ဗဟုသုတ

YBS ကားပေါ်မှာ Mask ဝေမိတာကြောင့် ဖိနပ်နဲ့ အရိုက်ခံခဲ့ရပြီး အရမ်းရှက်ကာ တစ်လမ်းလုံးငိုလာခဲ့ရတဲ့မိန်းကလေးတဦး

YBS ကားပေါ်မှာ Mask ဝေမိတာကြောင့် ဖိနပ်နဲ့အရိုက်ခံခဲ့ရပြီး အရမ်းရှက်ကာ တစ်လမ်းလုံးငိုလာခဲ့ရတဲ့မိန်းကလေးတဦး

COVID-19 ပထမလှိုင်းကတည်းက ပြည်သူတွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ ရောဂါကို ကာကွယ်ခဲ့ကြတာဖြစ်ပါတယ်

ကိုဗစ်ပထမလှိုင်းမှာဆိုရင် နှာခေါင်းစည်းMask တွေက အရမ်းစျေးတက်ခဲ့တာကြောင့် အခြေခံလူတန်းစာတွေဝယ်သုံးဖို့ ခက်ခဲခဲ့ပါတယ်။

ဒါ့ကြောင့် စေတနာရှင်ပြည်သူတွေနဲ့ ပရဟိတအဖွဲ့တွေက Mask ဘူးလေးတွေဆောင်ထားပြီး လမ်းသွားလမ်းလာပြည်သူတွေကို ဝေပေးခဲ့တာတွေလည်းရှိပါတယ်။

အခု ကိုဗစ်တတိယလှိုင်းမှာလည်း ပြည်သူတွေက အပြန်အလှန်ဖေးမကူညီမှုတွေနဲ့ ကျော်ဖြတ်နေကြတာဖြစ်ပါတယ်။

ကိုဗစ်ကိုကာကွယ်တဲ့အနေနဲ့ ပြည်သူတွေက အိမ်ပြင်ကို လိုအပ်မှသာလျှင်ထွက်ကြပြီး အကယ်၍ အပြင်သွားကြတဲ့အခါနှာခေါင်းစည်းMask ကိုနှစ်ထပ်တပ်ကာ တချို့တွေဆို လက်အိတ်၊ခေါင်းဆောင်းတွေတောင်ဝတ်ဆင်ကြတာဖြစ်ပါတယ်။

အခုဆိုရင်တော့ မိန်းကလေးတစ်ဦးက အပြင်သွားတိုင်း Mask တစ်ထုပ်အမြဲတမ်းဆောင်တတ်ပြီး လိုအပ်သူတွေကိုတွေ့တိုင်း ပေးတတ်တာဖြစ်ပါတယ်။

ဒါ့ကြောင့် သူမက YBS ကားပေါ်မှာလည်း အန်တီကြီးတစ်ယောက်ကို စေတနာနဲ့ Mask လေးသွားပေးခဲ့တာဖြစ်ပါတယ်။

အန်တီကြီးရဲ့ Mask က အရမ်းနွမ်းဖတ်နေပြီး ညစ်ပတ်နေတာကြောင့် မိန်းကလေးကလည်း ရောဂါဖြစ်မှာစိုးတာနဲ့အိတ်ထဲပါလာတာကို ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

အန်တီကြီးကလည်း ချက်ချင်းဖိနပ်ချွတ်ပြီး သူမကိုရိုက်ကာ “ငါ့မှာလည်းရှိတယ်ဟဲ့ နင့်ကိုရဲစခန်းတိုင်ပစ်မယ်”ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။

မိန်းကလေးလည်း အန်တီကြီးကိုမနည်းတောင်းပန်ခဲ့ရပြီး တစ်လမ်းလုံးလည်း အရမ်းရှက်လို့ ငိုပြီးပြန်လာခဲ့တယ်လို့ ရင်ဖွင့်လာတာဖြစ်ပါတယ်။

တစ်ခြားသူအပေါ် စေတနာထားပေးခဲ့တဲ့ မိန်းကလေးလည်း ဒီလိုအခြေအနေမျိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့အကြောင်းကိုစိတ်မကောင်းစွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

၆၅ ကားပေါ်မှာ Masks ဝေမိလို့ ဖိနပ်နဲ့အရိုက်ခံခဲ့ရတာ နာလို့ထက် ရှက်လို့တလမ်းလုံးငိုလာမိတယ်

အခုထိလည်းငိုချင်နေတုန်းပဲ

ကျမက လမ်းထွက်ရင် masks တထုပ်အမြဲဆောင်တယ်

တကယ်လို့လမ်းသွားရင် masks မတပ်ပဲသွားနေတဲ့ကလေးတွေ ဒါမှမဟုတ် လိုအပ်နေတဲ့သူတွေ တွေ့ရင်ဝေဖို့ တတ်နိုင်သလောက်စေတနာလေးပါ

အခုလည်းအဲ့လိုပဲ အဲ့အဒေါ်ကြီး ရဲ့ masks က အရမ်းကြီးကို နွမ်းဖတ်နေပြီး မဲတူးညစ်ပတ်နေတာ တွေ့တော့ စေတနာနဲ့ ရောဂါဖြစ်မှာစိုးတဲ့စေတနာနဲ့ အိတ်ထဲပါလာတဲ့ masks တခုကို ထုတ်ပြီးပေးမိလိုက်တယ်

ချက်ချင်း ကြီးဖိနပ်ချွတ်ပြီးရိုက်ပစ်ခဲ့တယ်

*ငါ့မှာလည်းရှိတယ်ဟဲ့တဲ့ နင့်ကိုရဲစခန်းမှာလည်းတိုင်ပစ်မယ်*တဲ့ တောင်းပန်လိုက်ရတယ်

ရှက်လိုက်တာကိုမှ တခါမှလည်းမကြုံဖူးဘူး

အရမ်းလည်းဝမ်းနည်းတယ်

နောက်လည်းမဝေရဲတော့ဘူး 😭

အရမ်းရှက်တယ် 😭

(Zawgyi)

YBS ကားပေါ်မှာ Maskဝေမိတာကြောင့် ဖိနပ်နဲ့အရိုက်ခံခဲ့ရပြီး အရမ်းရှက်ကာတစ်လမ်းလုံးငိုလာမိတယ်လို့ ရင်ဖွင့်လာတဲ့ မိန်းကလေးတစ်ဦး


ကိုဗစ်ပထမလှိုင်းမှာဆိုရင် နှာခေါင်းစည်းMask တွေက အရမ်းဈေးတက်ခဲ့တာကြောင့် အခြေခံလူတန်းစာတွေဝယ်သုံးဖို့ ခက်ခဲခဲ့ပါတယ်။
















တောင်းပန်လိုက်ရတယ်




အရမ်းရှက်တယ် 😭