(Zawgyi/Unicode)
“မြန်မာတွေသေ ကြတယ်။ ကျနော်ထင်တယ်သုံးလေးဆယ်ထက်မနည်းရှိပြီ ဖြစ်တဲ့အချိန်ကျမစပြီးမနေ့က ထိသေကြတယ် ၂လပတ်ဝန်းကျင်အတွင်း မှာပေါ့ ဆလန်းကောပြည်နယ်မှာအဖြစ်များတယ်။”
မလေးရှားနိုင်ငံက လူမူ ကူညီရေးအသင်းအဖွဲ့ တွေ နာရေးကူညီမူ့အဖွဲ အနေနဲ့လက်ရှိမှာ ကိုဗစ်ကူးစက်ပြီးသေဆုံးသွားတဲ့မြန်မာနိုင်ငံသားတွေကို ကိုယ်တိုင်သဂြိုလ်တာတွေ မလုပ်ပေးတော့ပဲမလေးရှားအစိုးရရဲ့ ကျန်းမာရေးအဖွဲ့တွေရဲ့ အစီစဉ်တွေနဲပဲလုပ်ဆောင်ရတော့တယ်လို့လည်းဦးစန်းဝင်းကပြောပြပါတယ်။
မလေးရှားနိုင်ငံမှာကိုဗစ်အတည်ပြုလူနာ တသန်း နှစ်သိန်း နှစ်သောင်းလေးထောင်ကျော်ရှိပါတယ် သြဂုတ်လ ၆ ရက်နေ့ တနေ့တည်းကူးစက်သူ၂ ၀၈၀၀ ကျော်ရှိပြီး သေဆုံးသူစုစုပေါင်း ၁သောင်းကျော်ရှိသွားပြီဖြစ်ကြောင်းမလေးရှားအစိုးရ ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။
မလေးရှားရောက် မြန်မာအလုပ်သမား၄၀ ကိုဗစ်နဲ့သေဆုံး
(Unicode)
ကူးစက်မှုနှစ်စဉ်သောင်းချီမြင့်တက်နေတဲ့ မလေးရှားနိုင်ငံမှာကိုဗစ်ကူးစက်ခံရပြီးသေဆုံးခဲ့ရတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမား ၂လအတွင်းလူ ၄၀ ထက်မနည်းရှိပြီလို့မလေးရှားမှာရှိတဲ့ လူမူ့ကူညီရေးအဖွဲ့တွေကဆိုပါတယ် ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်
မလေးရှားနိုင်ငံမှာလည်းကိုဗစ်ကူးစက်မူတွေ နေစဉ်သောင်းချီတိုးနေရာမှာ မြန်မာအများဆုံးနေထိုင်နေတဲ့ဆလန်ကောပြည်နယ်မှာလည်း ကူးစက်မှုအများဆုံးဖြစ်နေတာမို့ ကာကွယ်ဆေးထိုးတဲ့စင်တာအများအပြားဖွင့်လှစ်ထားပါတယ်။
၂လအတွင်းမှာတာ့ ကိုဗစ်ကူးစက်မှုကြောင့်သေဆုံးတဲ့မြန်မာန်ိုင်ငံသား ၄၀ထက်မနည်းရှိတယ်လို့ မလေးရှားအခြေစိုက် မြန်မာလူမူ့ကူညီရေးအသင်းဥက္ကဌ ဦးစန်းဝင်းကပြောပြပါတယ်။
“မြန်မာတွေသေ ကြတယ်။ ကျနော်ထင်တယ်သုံးလေးဆယ်ထက်မနည်းရှိပြီ ဖြစ်တဲ့အချ်ိန်ကျမစပြီးမနေ့က ထိသေကြတယ် ၂လပတ်ဝန်းကျင်အတွင်း မှာပေါ့ ဆလန်းကောပြည်နယ်မှာအဖြစ်များတယ်။”
မလေးရှားနိုင်ငံက လူမူ ကူညီရေးအသင်းအဖွဲ့တွေ နာရေးကူညီမူ့အဖွဲ အနေနဲ့လက်ရှိမှာ ကိုဗစ်ကူးစက်ပြီးသေဆုံးသွားတဲ့မြန်မာန်ိုင်ငံသားတွေကို ကိုယ်တိုင်သဂြိုလ်တာတွေ မလုပ်ပေးတော့ပဲမလေးရှားအစိုးရရဲ့ ကျန်းမာရေးအဖွဲ့တွေရဲ့အစီစဉ်တွေနဲပဲလုပ်ဆောင်ရတော့တယ်လို့လည်းဦးစန်းဝင်းကပြောပြပါတယ်။
“ကိုဗစ်ဆိုရင် သူတို့က တရားဝင် သူတို့အစိုးရပဲတရားဝင်ကိုင်တွယ်တယ်။လိုအပ်တာပဲကျနော်တို့လုပ်ပေးရတယ် အခုနောက်ပိုင်းတော့သဂြိုလ်တဲ့အခါ ဒီက နိုင်ငံသားတွေပဲ လုပ်ရတယ် သင်တန်းမတက်ထားဘူးဆိုရင် ပြန်ပြီးရောဂါတွေ ကူးစက်ကြလို့လေ။ ဒီန်ိုင်ငံသားတွေနဲ့ အရေးပေါ်အဖွဲ့တွေကိုပဲ သဂြိုလ်ခွင့်ပြုတော့တယ်စာကျလာမှာသဂြိုလ်ခွင့်ပြုတယ်။
မလေးရှားနိုင်ငံမှာကိုဗစ်အတည်ပြုလူနာ တသန်း နှစ်သိန်း နှစ်သောင်းလေးထောင်ကျော်ရှှိပါတယ် သြဂုတ်လ ၆ ရက်နေ့ တနေ့တည်းကူးစက်သူ၂ ၀၈၀၀ ကျော်ရှိပြီး သေဆုံးသူစုစုပေါင်း ၁သောင်းကျော်ရှိသွားပြီဖြစ်ကြောင်းမလေးရှားအစိုးရ ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။
#VOAburmese