ဗဟုသုတ

အချိန်အတော်ကြာ ပျောက်နေရာမှ ပရဟိတတွေလုပ်ပြပြီး လိုင်းပေါ်ပြန်တက်လာတဲ့ တချိန်က ပရဟိတမလေး

ပရိသတ်ကြီးရေ

လူကယ်ပြန် ဝန်ကြီး သက်သက်ခိုင်ရဲ့ တစ်ဦးတည်းသော သမီး အဆိုတော် G ကတော့အာဏာမသိမ်းခင် ကာလတုန်းက ပြည်သူတွေအတွက် လိုအပ်တာတွေ ကူညီပေးဖို့လူမှုကူညီရေးအဖွဲ့ တည်ထောင်ထားခဲ့ပါတယ်နော်။

အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်သွားပြီးနောက်ပိုင်း ပြည်သူများမှ ဝေဖန်ရှုံ့ချတဲ့အတွက်ဆိုရှယ်မီဒီယာများကနေ ပျောက်ကွယ်သွားခဲ့ပါတယ်နော်။

မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်း စဖြစ်တာနဲ့ တစ်ပြိုင်နက် သက်သက်ခိုင်ရဲ့ သမီးလည်း လူတွေကို ကူညီဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြန်ပေါ်လာပြန်ပါပြီနော်။

သူ့ရဲ့ လုပ်ဆောင်မှုတွေကို ဖေ့စ်ဘုတ်ပေါ်တင်ရင် အဆဲခံရမှာ စိုးတဲ့အတွက် အင်စတာဂရမ်အကောင့်မှာပဲ တိတ်တဆိတ်တင်နေလျက် ရှိပါတယ်နော်။

နွေဦးတော်လှန်ရေးကာလတုန်းက ပြည်သူတွေအကြောင်းမဲ့သေခဲ့တာတောင် တစ်စက်မှ စိုးရိမ်ခြင်းမရှိခဲ့ဘဲ ကိုဗစ်ကြောင့် လူတွေတဖြုတ်ဖြုတ်ကွယ်လွန်ကုန်မှသာ ချက်ချင်းပြန်ပေါ်လာခဲ့တာပါနော်။

အခြားသော အနုပညာရှင်များလည်း အခုမှ ထပြီး အလှူအတန်းတွေကောက်ခါငင်ကာ ထလှူနေကြတာတွေလည်း ရှိနေပါတယ်နော်။

(Zawgyi)

ပရိသတ်ကြီးရေ






အခြားသော အနုပညာရှင်များလည်း အခုမှ ထပြီး အလှူအတန်းတွေေ ကာက်ခါငင်ကာ ထလှူနေကြတာတွေလည်း ရှိနေပါတယ်နော်။