News

“စိတ်မကောင်းစရာ ပို့စ်လေးတင်ပြီး နာရီပိုင်းအတွင်း မိမိကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ မိတ်ကပ်ပညာရှင် ခိုင်ခိုင်”

နာမည်ကျော် အနုပညာရှင်တွေ ရဲ့ မိတ်ကပ်ဆရာ ဖြစ်ပြီး အဆိုတော် ArT နဲ့ အလွန်ခင်မင်ရင်းနှီးသူဖြစ်တဲ့ ခိုင်ခိုင် (၂၉)နှစ် ဟာ ရခိုင်ပြည်နယ် မှာ သြဂုတ်လ ၅ ရက်က ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း သိရပါတယ်

“ဘဝဆက်တိုင်း ဘုန်းကြီးဖြစ်ရ၏။ ဆင်းရဲသူတွေ ကယ်ပေးပါမယ်ဘုရား” လို့ ရေးသားခဲ့ပြီး ၅ နာရီ အကြာ အဆုံးစီရင်သွားခဲ့တာဖြစ်ပါတယ် ။

ဒီသတင်းကြောင့် သရုပ်ဆောင်တစ်ချို့ကလည်း ဝမ်းနည်းခံစားနေရကြောင်း သူတို့ရဲ့ လူမှုကွန်ယက်တွင် ရေးသားထားကြတာ ဖြစ်ပါတယ်။

သရုပ်ဆောင် ဆောင်းဝတ်ရည်မေကလည်း ခိုင်ခိုင်ဟာ သူမရဲ့ ပင်တိုင်မိတ်ကပ်ဆရာမတစ်ဦးဖြစ်ပြီး shooting တိုင်းလိုလို အမြဲလိုက်ပေးခဲ့တဲ့ အမှတ်တရတွေကို ရေးသား ပြောပြထားတာပါ။

ခိုင်ခိုင်ဆုံးသွားတာကို အခုထိမယုံနိုင်သေးဘဲ စနေတယ်လို့သာ ထင်မှတ်မိနေကြောင်းကိုလည်း ဝမ်းနည်းစွာဖြင့် ရေးသားထားတာ ဖြစ်ပါတယ်။

ကောင်းရာသုဂတိလားပါစေ .. မွန်းကြပ်မှု အားလုံး ပျော်ရွှင်လွတ်မြောက်ပါစေ .. ခိုင်ခိုင် 😢🙏