News

“စကစ ကို ချေမှုန်းဖို့ တောတောင်ထဲမှာ အနေဆင်းရဲ၊အစားဆင်းရဲနဲ့ စစ်ပညာသင်ယူနေရတဲ့ သူတို့ရဲ့အခြေအနေမှန်ကိုပြသလာတဲ့ PDFရဲဘော်တစ်ဦး”

နိုင်ငံရေးအခြေအနေတင်းမာမှုတွေကြောင့် အာ‌ဏာရှင်စနစ်ကို အမြစ်ဖြတ်တော်လှန်ဖို့အတွက် Gen Zလူငယ်လေးတွေဟာ လွတ်မြောက်နယ်မြေတွေမှာ အသီးသီးစစ်ပညာသင်ယူနေကြတာဖြစ်ပါတယ်။

အခုလိုတောတောင်‌ထဲတွေမှာ စစ်ပညာသင်ယူကြရင်း အခက်အခဲမျိုးစုံကြုံတွေ့ကြရပြီး ငှက်ဖျားရောဂါ အန္တရာယ်တွေလည်း စိုးရိမ်ရတဲ့အပြင် ကျွတ်တွေ၊မျှော့တွေလည်းပေါများပြီး တောင်ကျရေအန္တရာယ်တွေလည်း ကြုံကြရပါတယ်။

Photo credit-Original Uploader

တောထဲမှာ အခုလိုပင်ပင်ပန်းပန်းနဲ့စစ်ပညာသင်ယူနေရတာဟာ တကယ်ကိုမလွယ်ကူလှတဲ့ ကိစ္စတစ်ရပ်ပါ။ အခုလိုအခက်အခဲတွေမျိုးစုံရှိနေပေမယ့်လည်း PDFလူငယ်လေးတွေဟာ အာ‌ဏာရှင်ကိုတော်လှန်ဖို့အတွက် စိတ်အားထက်သန်နေပြီး စစ်ပညာကြိုးစားသင်ယူနေကြတာကိုတွေ့ရပါတယ်။

PDFလူငယ်လေးတွေဟာ အစားအသောက်လည်း ချို့တဲ့ကြသလို နေရတဲ့နေရာတွေကလည်း အတော်လေးအဆင်မပြေဖြစ်နေကြတာတွေ့ရပါတယ်။

Photo credit-Original Uploader

မကြာသေးမီက PDFလူငယ်လေးတစ်ဦးဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ “အဲ့လောက်ထိ ဒုက္ခ ခံစရာမလိုပါဘူးလို့ မပြောပါနဲ့ ကျွန်တော်တို့လဲ အိမ်မှာပဲ နွေးနွေးထွေးထွေးနဲ့ ပြန်လာနေချင်တာပဲဒါပေမယ့် တိတ်ဆိတ်ပြီး ခြောက်ခြားစရာကောင်းတဲ့ရပ်ကွက်ကြီး မိဘတွေကတစ်ခြား ညီအစ်ကိုတွေတစ်ခြားဖြစ်နေတဲ့ အချိန်မှာကျွန်တော်တို့မှာရွေးချယ်စရာ များများစားစားမရှိခဲ့ဘူး အားလုံးကို အကူညီတောင်းခံပါတယ်ဗျ

မေးချင်တာသိချင်တာ ရှိရင်လဲ ကျွန်တော့ CB မှာ လာမေးမြန်းလို့ရပါတယ်ခင်ဗျ….” ဆိုပြီးရေးသားကာ အခြေအနေမှန်ပုံရိပ်တွေကို မျှဝေထားပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Myanmarload