News

“ပုဒ်မ (၅၀၅-က)နဲ့ အမှုဖွင့်ဖမ်းဆီးခံရပြီး သေဆုံးသွားတဲ့ လူငယ်လေးကို ဆီးချိုကြောင့် သေတယ်လို့ ရဲတွေကပြော”

မွန်ပြည်နယ် ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ ဖမ်း‌ဆီးထိန်းသိမ်းထားတဲ့ အမျိုးသားတစ်ဦး ဩဂုတ် ၄ ရက်နေ့က သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ အသက်(၂၉)နှစ် အရွယ် ကိုပြေသိမ်း ဟာ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က ရေးမြို့နယ် စစ်အာဏာရှင်ဆန္ဒပြပွဲမှာ ဖမ်းဆီးခံလိုက်ရပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရပါတယ်။

“မနေ့က သူတို့အိမ်ကို ရဲတွေက သူဆုံးပြီး ဆိုပြီး အကြောင်းလာကြားတယ်၊ဘာကြောင့် ဆုံးတာလည်း မေးတော့ ဆီးချိုလို့တော့ ပြောတယ်၊ အရင်က သူမှာ ဆီးချိုရှိတယ်လို့လည်း မကြားမိဘူး၊ လက်ရှိ အချိန်ထိ အလောင်းမရသေးဘူး၊ ဒီနေ့(၁၂)နာရီမှ အလောင်းထုတ်ပေးမယ် ပြောတယ်”လို့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ရေးမြို့နယ်မှာ ဆန္ဒပြနေစဉ် ဖမ်းဆီး ခံရသူ လူငယ်(၁၇)ဦး ရှိပြီး အဲ့ဒီထဲမှာ အသက်မပြည့်သူ တစ်ဦးကိုတော့ လူငယ်ပြုပြင် ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ခဲ့ပြီး ကျန်သူတွေကိုတော့ ကျိုက်မရောဗဟို အကျဉ်းထောင်ကို ပို့ဆောင်ခဲ့ကြောင်းနဲ့ လက်ရှိမှာတော့ အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ စစ်အာဏာရှင်ကို ဆန္ဒဖော်ထုတ်ခဲ့တဲ့အတွက်‌ေကြာင့် အပြစ်မဲ့ပြည်သူ ၄၀၀ ကျော် မတရား ဖမ်းဆီးခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်