News

“မြန်မာနိုင်ငံ ကိုဗစ် ထိန်းချုပ်ရေးအတွက် အမေရိကန်က ဒေါ်လာသန်း ၂၀ ကျော် ကူညီ”

ကိုဗစ်ထိန်းချုပ်ရေးအတွက် အမေရိကန်က မြန်မာနိုင်ငံကို ဒေါ်လာသန်း ၂၀ ကျော် ကူညီထောက်ပံ့လိုက်ပါတယ်။ အာဆီယံ-အရှေ့တောင် အာရှနိုင်ငံများအသင်းဝင် နိုင်ငံတွေကို ကူညီထောက်ပံ့တာဖြစ်ပြီး အင်ဒိုနီးရှားကို ဒေါ်လာ ၆၅ သန်း၊ ဖိလစ်ပိုင်ကို ဒေါ်လာ ၂၆ သန်းကျော်နဲ့ မြန်မာကို တတိယ အများဆုံးအဖြစ် ဒေါ်လာသန်း ၂ဝ ကျော် အကူအညီပေးတာပါ။

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးကို အမေရိကန်ပြည်ထောင်စုက ဦးဆောင်လှုပ်ရှား နေပြီး၊ အဲဒီထဲမှာ ထိရောက် စိတ်ချရတဲ့ ကိုဗစ်ကာကွယ်ဆေး သန်းငါးရာကျော်ကို ကမ္ဘာတဝှမ်းက ဝင်ငွေ အလယ် အလတ်နဲ့ ဝင်ငွေနိမ့် နိုင်ငံပေါင်း ၉၂ နိုင်ငံ အတွက် ဖြန့်ဖြူးရေးလည်းပါဝင်ပါတယ်။

အထူးစိုးရိမ်ဖွယ်ကောင်းတဲ့ မြန်မာနိုင်ငံအခြေအ နေကိုဆွေးနွေးခဲ့ကြကြောင်း အွန်လိုင်းကကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအ ဝေးအပြီး သူ့ရဲ့ Facebook မှာ ဖော်ပြခဲ့ပါတယ်။

ဒါ့ပြင် ဧပြီ ၂၄ ရက် နေ့က သဘောတူခဲ့တဲ့ အချက် (၅) ချက်ပါ အာဆီယံဘုံသဘောတူညီချက်ကို ထိထိ ရောက်ရောက် အမြန် အကောင် အထည်ဖော်ဖို့ တိုက်တွန်းကြောင်း ၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံရဲ့ အဓိကအရေးပါမှုကို အမြဲအသိအမှတ်ပြုသလို အင်ဒို-ပစိဖိတ်ဒေသ လွတ်လပ်ပွင့်လင်းမှုရှိရေး ရှုမြင်ပုံကို ထောက်ခံကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါ့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေး၊ ရာသီဥတုပြဿနာ၊ လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြန်မာနိုင်ငံကိစ္စ အရေးပေါ် ဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

အာဆီယံက မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးဖို့ စတင်ပြင်ဆင်ချိန်မှာ စင်ကာပူက အမေရိကန်ဒေါ်လာ တသိန်းထည့်ဝင်မယ်လို့ ဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးများ အ စည်းအဝေးအပြီးမှာ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ဩဂုတ် ၂ ရက် နေ့က ပြောကြားလိုက်ပါတယ်။