ရခိုင်မှာ AAက တရားစီရင်ရေးကိုတောင် လုပ်နိုင်သွားပြီ။ အမှုအခင်းတွေကို ကိုင်တွယ်မယ်လို့ ကြေညာသွားတယ်။ ရခိုင်ဟာ မြန်မာနိုင်ငံရဲ့ လွတ်မြောက်နယ်မြေ တစ်ခု ဖြစ်သွားပြီ။ မအလတို့ အာဏာ မသက်ရောက်နိုင်တော့ဘူး။
ကချင်ဘက်က တပ်တွေ ပြန်ဆုပ်သွားပြီလို့ သတင်းရထားတယ်။ တိုင်းရင်းသားနယ်မြေတွေနဲ့ ပြည်မကြားမှာ တပ်တွေ ချထားတယ်။ မအလက KIA နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမယ် ကမ်းလှမ်းနေပြီ။
KNU နယ်မြေကတော့ NCAကို လေသံပစ်ပြီး ကျွံလာရင် ဝုန်းတာပဲ။ ချင်းပြည်ဘက် CDF ကလည်း အင်အားတောင့်တင်းနေပြီ။ မအလတို့ကို ခြိမ်းခြောက်နိုင်နေပြီ။ ကယားကလည်း ရှယ်ကင်တာ။
မအလဟာ ဘယ်လိုမှ ထိန်းမရနိုင်တဲ့ နယ်မြေတွေကို လက်လွှတ်လိုက်ပြီး လက်နက်အင်အား နည်းတဲ့ ပြည်မကို ဖိဖို့ ကြိုးစားနေပြီလို့ တွေးလို့ရသလို သူတို့အင်အားချိနဲ့လာပြီလို့ အကောင်းဘက်က တွေးလို့ရတယ်။
NUG ရဲ့ D-Day ဟာလည်း အနှေးနဲ့ အမြန် ဖြစ်ကိုလာမှာ။ အနှေးဆိုရင်တောင် သိပ်ဝေးမယ် မထင်ဘူး။
အလံနဲ့ အသံကို နားစွင့်ကြ။
တော်လှန်ရေးကို မျက်ခြေမပြတ်နဲ့။ ✊✊