ဗဟုသုတ
တပ်မတော် အရိုးအထူးကု ဆေးရုံသို့ လိုအပ်သည်များ သွားရောက်လှူဒါန်းခဲ့တဲ့ ခန့်စည်သူ..
Unicode
တပ်မတော်အရိုးကုဆေးရုံကို လိုအပ်တာတွေလှူဒါန်းလိုက်တဲ့ ပရိသတ်အချစ်တော်ခန့်စည်သူ
သရုပ်ဆောင် ခန့်စည်သူကိုတော့ ပရိသတ်တွေက ဒီအရေးတော်ပုံကာလမှာ အနုပညာရှင်တစ်ယောက်အနေနဲ့ ဘာမှ ဝင်မပါခဲ့တာကြောင့် ဝေဖန်ခဲ့ကြပါတယ်။လွန်ခဲ့တဲ့ လတွေတုန်းကတော့ သရုပ်ဆောင် ခန့်စည်သူက အရေးတော်ပုံမှာ ကျဆုံးသွားခဲ့သူများနဲ့ ထိခိုက်ဒဏ်ရာရသူတို့ကိုကိုယ်တိုင်သွားရောက်လှူဒါန်းဖြစ်ခဲ့ေကြာင်းသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ ပရိသတ်တွေကတော့ ဖေဖော်ဝါရီ တစ်လလုံး ပျောက်နေခဲ့တဲ့ ခန့်စည်သူကို မကျေနပ်ကြပါဘူး။အခုမှ အလှူထလုပ်ရုံနဲ့ ခွင့်လွှတ်မပေးနိုင်ဘူးလို့လဲ အကုန်လုံးက ဝိုင်းပြောခဲ့ပါတယ်။
ခန့်စည်သူဟာ စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ယောက် ဖြစ်တာေြကာင့်လဲ အခုလို ပြောဆိုကြတာ ဖြစ်နိုင်ပါတယ်။နောက်ပိုင်းမှာတော့ ခန့်စည်သူက ပရိသတ်တွေအပေါ်မှာတင်နေတဲ့အကြွေးတွေကို အလှူတွေလုပ်ခြင်းနဲ့ ပေးဆပ်သွားမယ်လို့ရေးသားထားခဲ့ပါသေးတယ်။
ခန့်စည်သူရေးသားထားခဲ့သလိုပဲ.. သြဂုတ်လ(၁)ရက်နေ့မှာဆေးရုံတက်ရောက်ဆေးကူသမှုခံယူနေရတဲ့ လူနာတွေအတွက် အလှူလေးပြုလုပ်ခဲ့ပါတယ်။ ခန့်စည်သူကတော့ အမြဲတမ်းလိုလို အလှူအတန်းတွေကို မပြတ်တမ်းပြုလုပ်လေ့ရှိတာ ပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါ။ခန့်စည်သူကတော့တပ်မတော် အရိုးအထူးကုဆေးရုံသို့ လိုအပ်သည်များ လှူဒါန်းပေးခဲ့တာပဲဖြစ်ါတယ်။
ဒါ့အပြင် ဆေးရုံအတွက် လိုအပ်နေတဲ့ ဆေးရုံသုံးပစ္စည်းတွေကိုလည်း လှူဒါန်းပေးခဲ့ပါသေးတယ်။ခန့်စည်သူကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့အလှူလေးကို ပရိတ်သတ်ကို အသိပေးတင်ထားခြင်းမရှိပါဘူး..ဒါပေမဲ့လည်း အလှူလုပ်တာကိုတော့ ဖုံးကွယ်ထားလို့မရတဲ့အတိုင်းပဲ ဟုတ်လို့မှန်လို့ ပေါ်လာခဲတာပဲ ဖြစ်ပါတယ်နော်..
ပရိသတ်ကြီးလည်း ခန်စည်သူရဲအလှူအတွက်သာဓုခေါ်ပေးကြပါအုံးနော်…