ဗဟုသုတ

အောက်စီဂျင်လိုအပ်နေတဲ့လူနာတွေကို အချိန်မီကယ်တင်နိုင်တော့မယ့် သတင်းကောင်းလေးတစ်ခု ပြောပြလာတဲ့ ခိုင်နှင်းဝေ

အောက်စီဂျင်လိုအပ်နေတဲ့လူနာတွေကို အချိန်မီကယ်တင်နိုင်တော့မယ့် သတင်းကောင်းလေးတစ်ခု ပြောပြလာတဲ့ ခိုင်နှင်းဝေ

လတ်တလော Covid တတိယလှိုင်းမှာ သေဆုံးသူများပြားလျက်ရှိပြီး ပြည်သူတွေဟာလည်း မိမိတို့ရဲ့ဘဝနေထိုင်မှုမှာ သတိကြီးစွာထားနေရတဲ့အနေအထားဖြစ်နေခဲ့ပါတယ်။ တကယ်တမ်း ဖြစ်လာခဲ့ရင်လည်း ကိုယ်ထူကိုယ်ထနည်းနဲ့ကြိုးစားရမှာဖြစ်ပြီး ပြည်သူအချင်းချင်း လက်တွဲကူရမယ့် အခြေအနေတွေနဲ့ရင်ဆိုင်နေခဲ့ရတာပါ။

ရောဂါဖြစ်ပွားသူအများစုဟာ အောက်စီဂျင်ကျတတ်တာကြောင့် အောက်စီဂျင်လှူဒါန်းသူတွေလည်းရှိနေပြီး ပြည်သူအချင်းချင်းကပဲ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖြတ်သန်းနေကြရပါတယ်။

ရှုသွင်းရမယ့်လေကိုတောင် အပြည့်အဝ မရှုသွင်းနိုင်တဲ့အထိ ဝေဒနာခံစားနေရသူတွေအတွက် ကလေးတို့မေမေခိုင်နှင်းဝေဟာလည်း Oxygen Concentrator အိုးတွေမှာယူထားခဲ့ပြီး လတ်တလောအနေနဲ့ (၁၀) လုံးဝယ်ယူထားနိုင်ခဲ့ပြီး လိုအပ်နေသူတွေအတွက် ကူညီပေးမယ့်အကြောင်း ပြောပြလာခဲ့ပါတယ်။

နောက်ထပ်မှာယူထားတဲ့ Oxygen Concentrator အလုံး (၃၀) နဲ့ အောက်စီဂျင် 40L အိုး (၅၀) ဟာလည်း မကြာခင်ရောက်ရှိလာတော့မယ့်အကြောင်းပြောပြလာခဲ့ပါသေးတယ်။

ဒီစက်တွေကိုတော့ အသက် (၆၀) နဲ့အထက် နာတာရှည်ရောဂါအခံရှိသူတွေကိုအဓိကဦးစားပေးကူညီမယ်လို့လည်း အသိပေးခဲ့ပါသေးတယ်။ လတ်တလောမှာတော့ ဝယ်ယူလို့ရထားတဲ့စက်တွေနဲ့ အရေးပေါ်လူနာတွေကို ကူညီထားကြောင်းလည်း ပြောခဲ့ပါသေးတယ်။

လက်လှမ်းမီသလောက် ပရဟိတအလုပ်တွေကို ကြိုးကြိုးစားစားလုပ်နေတဲ့ ကလေးတို့မေမေရဲ့စိတ်စေတနာကတော့ တကယ်ကိုပြောမကုန်နိုင်အောင်ပါပဲ။ အဖက်ဖက်က လိုအပ်နေတဲ့ကွက်လပ်တွေကို ရသလောက်လိုက်ပြီး ဖြည့်ဆည်းပေးတဲ့စေတနာဟာ တကယ်ကို လေးစားထိုက်ပါတယ်။

သူမရဲ့ကြည်နူးစရာအလှူလေးအကြောင်းကို ” ဝမ်းသာစရာလေးပါရှင်…ကြားဖြတ်အနေနဲ့ Oxygen Concentrator (10) လုံး ဝယ်လို့ရပါတယ်ရှင် မှာယူထားတဲ့ စက်အလုံး (၃၀) နှင့် 40l အိုး (၅၀) လည်း မကြာခင်ရောက်ရှိလာတော့မှာဖြစ်ပါတယ်

ဒီကြားထဲ အရေးပေါ် လူနာများကို ဝယ်လို့ရသလောက်နဲ့ ကူညီပေးထားပါတယ် အသက် (၆၀) နှင့် အထက် နာတာရှည်ရောဂါအခံရှိသူများကို အဓိက ဦးစားပေး ကူညီပေးပြီး ကျန်ခဲ့သူများရှိခဲ့ပါကလည်း နားလည်ပေးကြပါရှင်…ယခု စက်တွေကတော့ ခုနှစ်ရက် သားသမီးများ အားလုံးရဲ့ တတိယအကြိမ် အောက်ဆီဂျင်အတွက် စုပေါင်း အလှူလေးလည်း ဖြစ်ပါတယ်ရှင်…🙏🙏🙏 ” ဆိုပြီးဝေမျှပေးခဲ့ပါတယ်။ ဒီထက်မကတဲ့လှူဒါန်းမှုတွေမှာ အမြဲတမ်းပါဝင်နိုင်ပါစေ ကလေးတို့မေမေရေ။

Zawgyi

ေအာက္စီဂ်င္လိုအပ္ေနတဲ့လူနာေတြကို အခ်ိန္မီကယ္တင္ႏိုင္ေတာ့မယ့္ သတင္းေကာင္းေလးတစ္ခု ေျပာျပလာတဲ့ ခိုင္ႏွင္းေဝ

လတ္တေလာ Covid တတိယလႈိင္းမွာ ေသဆုံးသူမ်ားျပားလ်က္ရွိၿပီး ျပည္သူေတြဟာလည္း မိမိတို႔ရဲ႕ဘဝေနထိုင္မႈမွာ သတိႀကီးစြာထားေနရတဲ့အေနအထားျဖစ္ေနခဲ့ပါတယ္။ တကယ္တမ္း ျဖစ္လာခဲ့ရင္လည္း ကိုယ္ထူကိုယ္ထနည္းနဲ႔ႀကိဳးစားရမွာျဖစ္ၿပီး ျပည္သူအခ်င္းခ်င္း လက္တြဲကူရမယ့္ အေျခအေနေတြနဲ႔ရင္ဆိုင္ေနခဲ့ရတာပါ။ ေ

ရာဂါျဖစ္ပြားသူအမ်ားစုဟာ ေအာက္စီဂ်င္က်တတ္တာေၾကာင့္ ေအာက္စီဂ်င္လႉဒါန္းသူေတြလည္းရွိေနၿပီး ျပည္သူအခ်င္းခ်င္းကပဲ ကိုင္းကြၽန္းမွီ ကြၽန္းကိုင္းမွီ ျဖတ္သန္းေနၾကရပါတယ္။

ရႈသြင္းရမယ့္ေလကိုေတာင္ အျပည့္အဝ မရႈသြင္းႏိုင္တဲ့အထိ ေဝဒနာခံစားေနရသူေတြအတြက္ ကေလးတို႔ေမေမခိုင္ႏွင္းေဝဟာလည္း Oxygen Concentrator အိုးေတြမွာယူထားခဲ့ၿပီး လတ္တေလာအေနနဲ႔ (၁၀) လုံးဝယ္ယူထားႏိုင္ခဲ့ၿပီး လိုအပ္ေနသူေတြအတြက္ ကူညီေပးမယ့္အေၾကာင္း ေျပာျပလာခဲ့ပါတယ္။

ေနာက္ထပ္မွာယူထားတဲ့ Oxygen Concentrator အလုံး (၃၀) နဲ႔ ေအာက္စီဂ်င္ 40L အိုး (၅၀) ဟာလည္း မၾကာခင္ေရာက္ရွိလာေတာ့မယ့္အေၾကာင္းေျပာျပလာခဲ့ပါေသးတယ္။ ဒီစက္ေတြကိုေတာ့ အသက္ (၆၀) နဲ႔အထက္ နာတာရွည္ေရာဂါအခံရွိသူေတြကိုအဓိကဦးစားေပးကူညီမယ္လို႔လည္း အသိေပးခဲ့ပါေသးတယ္။

လတ္တေလာမွာေတာ့ ဝယ္ယူလို႔ရထားတဲ့စက္ေတြနဲ႔ အေရးေပၚလူနာေတြကို ကူညီထားေၾကာင္းလည္း ေျပာခဲ့ပါေသးတယ္။ လက္လွမ္းမီသေလာက္ ပရဟိတအလုပ္ေတြကို ႀကိဳးႀကိဳးစားစားလုပ္ေနတဲ့ ကေလးတို႔ေမေမရဲ႕စိတ္ေစတနာကေတာ့ တကယ္ကိုေျပာမကုန္ႏိုင္ေအာင္ပါပဲ။ အဖက္ဖက္က လိုအပ္ေနတဲ့ကြက္လပ္ေတြကို ရသေလာက္လိုက္ၿပီး ျဖည့္ဆည္းေပးတဲ့ေစတနာဟာ တကယ္ကို ေလးစားထိုက္ပါတယ္။

သူမရဲ႕ၾကည္ႏူးစရာအလႉေလးအေၾကာင္းကို ” ဝမ္းသာစရာေလးပါရွင္…ၾကားျဖတ္အေနနဲ႔ Oxygen Concentrator (10) လုံး ဝယ္လို႔ရပါတယ္ရွင္ မွာယူထားတဲ့ စက္အလုံး (၃၀) ႏွင့္ 40l အိုး (၅၀) လည္း မၾကာခင္ေရာက္ရွိလာေတာ့မွာျဖစ္ပါတယ္

ဒီၾကားထဲ အေရးေပၚ လူနာမ်ားကို ဝယ္လို႔ရသေလာက္နဲ႔ ကူညီေပးထားပါတယ္ အသက္ (၆၀) ႏွင့္ အထက္ နာတာရွည္ေရာဂါအခံရွိသူမ်ားကို အဓိက ဦးစားေပး ကူညီေပးၿပီး က်န္ခဲ့သူမ်ားရွိခဲ့ပါကလည္း နားလည္ေပးၾကပါရွင္…ယခု စက္ေတြကေတာ့ ခုႏွစ္ရက္ သားသမီးမ်ား အားလုံးရဲ႕ တတိယအႀကိမ္ ေအာက္ဆီဂ်င္အတြက္ စုေပါင္း အလႉေလးလည္း ျဖစ္ပါတယ္ရွင္…🙏🙏🙏 ” ဆိုၿပီးေဝမွ်ေပးခဲ့ပါတယ္။ ဒီထက္မကတဲ့လႉဒါန္းမႈေတြမွာ အၿမဲတမ္းပါဝင္ႏိုင္ပါေစ ကေလးတို႔ေမေမေရ။