ဗဟုသုတ

မြောက်ဒဂုံ ဒုက္ခသည် စခန်းက ပြည်သူများ ပြုံးပျော်ပီတိဖြစ်သွားစေလောက်တဲ့ အလှူလေး တစ်ခု ပြုလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

မြောက်ဒဂုံ ဒုက္ခသည် စခန်းက ပြည်သူများ ပြုံးပျော်ပီတိဖြစ်သွားစေလောက်တဲ့ အလှူလေး တစ်ခု ပြုလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့အပြင် ပရဟိတအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေသူကတော့ မင်းသမီးချောခိုင်နှင်းဝေပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ မိဘမဲ့ဂေဟာကိုလည်း တည်ထောင်ထားသလို လိုအပ်နေသူတွေအတွက် ကူညီပံ့ပိုးပေးနေပြီး လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်း ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေသူပါ ။

ကိုဗစ်ရောဂါတွေ ဖြစ်ပွားနေကြအချိန်မှာလည်းလူနာများအတွက် အောက်ဆီဂျင်အိုးများစွာကို လှူဒါန်းမှုတွေပြုလုပ်ခဲ့တာကို တွေ့ရပါတယ် ။ ဒါ့အပြင် ရေဘေးသင့်ဒေသတွေအတွက်လည်း ကယ်ဆယ်ရေး ပစ္စည်းများကို လှူဒါန်းခဲ့ပါသေးတယ် ။ယနေ့ ဩဂုတ်လ (၄) ရက်နေ့မှာလည်း မြောက်ဒဂုံ ဒုက္ခသည် စခန်းက

ပြည်သူတွေကို ဈေးတက်နေတဲ့ ကြက်ဥများကို တစ်အိမ်လျှင် တစ်ကဒ် ဝေမျှခဲ့ပါတယ် ။ အလှူနဲ့ ပတ်သက်ပြီးလည်း ” မြောက်ဒဂုံဘက်မှဒုက္ခသည် စခန်းဘက်သို့ ကြက်ဥ အလုံးတစ်သောင်း လှူဖြစ်ခဲ့ပါတယ်ရှင်….ပျော်ပြီး ဆုတောင်းပေးကြတဲ့ အတွက်လဲ အမောတွေ ပြေခဲ့ပါတယ်

..ဘာပဲလိုလို အမြဲ ကူညီပေးပါသော (၄၃) အုပ်ချုပ်ရေ းမှုး ကိုနေလင်းအောင် နှင့် အလင်းရောင် ပရဟိတ မောင်မယ်များ အဖွဲ့ကိုလဲ ကျေးဇူးအများကြီး တင်ပါတယ်ရှင်..ခုနှစ်ရက် သားသမီး အလှူရှင်များ စုပေါင်းလှူဒါန်းသော ကာလ ဒါန အလှူလေးပဲ ဖြစ်ပါတယ်ရှင်..”

ရေးသားဖော်ပြထားရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Photo – Khine Hnin Waimgnews

မြောက်ဒဂုံ ဒုက္ခသည် စခန်းက ပြည်သူများ ပြုံးပျော်ပီတိဖြစ်သွားစေလောက်တဲ့ အလှူလေး တစ်ခု ပြုလုပ်ခဲ့တဲ့ ခိုင်နှင်းဝေေ

အာင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့အပြင် ပရဟိတအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေသူကတော့ မင်းသမီးချောခိုင်နှင်းဝေပဲ ဖြစ်ပါတယ်။




