ဟားငါးကောင်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ လူရွှင်တော် ပြည်ကျော်ကတော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေရပ်တည်ပေးခဲ့ဖြစ်ပြီး လက်ရှိအချိန်မှာလည်း လွတ်မြောက်နယ်မြေတွင် တော်လှန်ရေးတိုက်ပွဲများအတွက် ကျရာအခန်းကဏ္ဍကနေ တတ်နိုင်သလောက် ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
မိသားစုဝင်များနဲ့ အဝေးမှာ နေနေရပေမယ့်လည်း အားတဲ့ အချိန်တိုင်း video call ခေါ်ရင်းနဲ့သာ လွမ်းဆွတ်မှုကို ဖြေဖျောက်နေရတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ပြည်ကျော်ရဲ့ လူမှုကွန်ယက်မှာ ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။
ဒါကတော့ ဆေးရုံတက်ပြီး ကုသမှုခံယူနေရတဲ့ သားလေးကို video call ခေါ်ပြီးအားပေးစကားပြောခဲ့တာလေးတွေကို screenshot ရိုက်ပြီး ပြန်လည်ဝေမျှပေးလာတာ ဖြစ်ပါတယ်။ ” သားလေးရေ မင်းကိုယ်ထဲမှာ စီးနေတဲ့ အဖေ့သွေးတွေ ဘယ်လောက်ရဲလဲ ပြလိုက်စမ်း ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။
သားဖြစ်သူ ဆေးရုံတက်နေရချိန်မှာ အနားမှာ ရှိမပေးနိုင်တဲ့အတွက် ပြည်ကျော်တစ်ယောက် စိတ်မကောင်းဖြစ်နေတာလည်း ဖြစ်ပါတယ်။ပရိသတ်တွေကလည်း ပြည်ကျော်ရဲ့သားလေး အမြန်ဆုံး နေကောင်းသက်သာစေရန် comments များရေးသားပြီးဆုတောင်းပေးနေကြတာကိုလည်း မြင်တွေ့ရပါတယ်။
အနုပညာရှင်တွေ ဖြစ်ကြပေမယ့်လည်း တိုင်းပြည်အတွက် အရေးကြီးဆုံး အချိန်ရောက်နေတဲ့အခါ ကိုယ်ကျိုးကိုတောင် မငဲ့ကွက်ဘဲ တောထဲမှာ ပင်ပန်းဆင်းရဲစွာနေထိုင်နေတဲ့ ပြည်ကျော်ရဲ့ စိတ်ဓာတ်ကို ပရိသတ်များအားလုံးက လေးစားဂုဏ်ယူနေကြရတာ ဖြစ်ပါတယ်။
မိသားစုဝင်များကို စွန့်ခွာပြီး တော်လှန်ရေးအတွက် ဆောင်ရွက်ပေးနေကြသူများဟာ တကယ်ကို တန်ဖိုးရှိလွန်းလှပါတယ်။ အရေးတော်ပုံကြီး အမြန်ဆုံးအောင်မြင်ပြီး ချစ်ရတဲ့ မိသားစုဝင်များနဲ့ အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။