ဗဟုသုတ

ကွယ်လွန်သွားတဲ့ မိခင်ကြီးကို ရည်စူးပြီး ကောင်းမှုကုသိုလ် များစွာကို ပြုလုပ်ပေးခဲ့တဲ့ တင်ဇာမော်

ပရိသတ်တွေ အားပေးချစ်ခင်မှု များစွာရရှိထားတဲ့ တင်ဇာမော်ကတော့ မကြာခင်ရက်ပိုင်းက တစ်အိမ်သားလုံး ကိုဗစ်ရောဂါကို ခံစားနေရကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။ သူကိုယ်တိုင်လည်း ရောဂါဒဏ်ကို အလူးအလဲ ခံစားနေရတာကို တွေ့ရပါတယ် ။

ဒါ့အပြင် ကိုဗစ်ဒဏ်ကို မခံနိုင်တာကြောင့် မိခင်ကြီးကို ဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ် ။ သူ့အနေနဲ့လည်း မိခင်ဖြစ်သူအတွက် ဖြေဆည်မရအောင် ဝမ်းနည်းကြေကွဲခဲ့ရတာကိုတွေ့ရပါတယ် ။ မနေ့ကဆိုရင် တင်ဇာမော်ရဲ့ မိခင်ကြီး ကွယ်လွန်တာတစ်ပတ်ပြည့်ပြီပဲဖြစ်ပါတယ်။

ဒါကြောင့် တင်ဇာမော်က မိခင်ကြီးကို ရည်စူးပြီး လယ်တီဝိပဿနာ ကျောင်းတိုက်မှာ ရက်လည်ဆွမ်း ၊ သင်္ကန်းနဲ့ နဝကမ္မ အလှူငွေများကို လှူဒါန်းကာ ကောင်းမှုကုသိုလ်များစွာပြုလုပ်ခဲ့တာကိုတွေ့ရပါတယ် ။ ပရိသတ်ကြီးအတွက် တင်ဇာမော်ရဲ့ အလှူလေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Zawgyi

ကြယ္လြန္သြားတဲ့ မိခင္ႀကီးကို ရည္စူးၿပီး ေကာင္းမႈကုသိုလ္ မ်ားစြာကို ျပဳလုပ္ေပးခဲ့တဲ့ တင္ဇာေမာ္

ပရိသတ္ေတြ အားေပးခ်စ္ခင္မႈ မ်ားစြာရရွိထားတဲ့ တင္ဇာေမာ္ကေတာ့ မၾကာခင္ရက္ပိုင္းက တစ္အိမ္သားလုံး ကိုဗစ္ေရာဂါကို ခံစားေနရေၾကာင္း ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္ ။ သူကိုယ္တိုင္လည္း ေရာဂါဒဏ္ကို အလူးအလဲ ခံစားေနရတာကို ေတြ႕ရပါတယ္ ။

ဒါ့အျပင္ ကိုဗစ္ဒဏ္ကို မခံႏိုင္တာေၾကာင့္ မိခင္ႀကီးကို ဆုံးရႈံးခဲ့ရတာလည္းျဖစ္ပါတယ္ ။ သူ႔အေနနဲ႔လည္း မိခင္ျဖစ္သူအတြက္ ေျဖဆည္မရေအာင္ ဝမ္းနည္းေၾကကြဲခဲ့ရတာကိုေတြ႕ရပါတယ္ ။ မေန႔ကဆိုရင္ တင္ဇာေမာ္ရဲ႕ မိခင္ႀကီး ကြယ္လြန္တာတစ္ပတ္ျပည့္ၿပီပဲျဖစ္ပါတယ္။

ဒါေၾကာင့္ တင္ဇာေမာ္က မိခင္ႀကီးကို ရည္စူးၿပီး လယ္တီဝိပႆနာ ေက်ာင္းတိုက္မွာ ရက္လည္ဆြမ္း ၊ သကၤန္းနဲ႔ နဝကမၼ အလႉေငြမ်ားကို လႉဒါန္းကာ ေကာင္းမႈကုသိုလ္မ်ားစြာျပဳလုပ္ခဲ့တာကိုေတြ႕ရပါတယ္ ။ ပရိသတ္ႀကီးအတြက္ တင္ဇာေမာ္ရဲ႕ အလႉေလးကို ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္ ။