ဖခင်ရဲ့ရက်လည်နေ့မှာ အပင်ပန်းခံချက်ထားတဲ့ ထောပတ်ထမင်းတွေကို ကိုယ်တိုင်ကိုယ်ကျလှူဒါန်းပေးခဲ့တဲ့ ညီနန္ဒ
Covid တတိယလှိုင်းရဲ့ ရိုက်ခတ်မှုတွေကြားမှာ မိသားစုကိုခွဲခွာသွားခဲ့တဲ့ ညီနန္ဒရဲ့ဖခင်ဟာ ဒီနေ့မှာ ရက်လည်သွားခဲ့ပါပြီ။
တစ်သက်လုံးကျန်းကျန်းမာမာရှိနေခဲ့တာကြောင့် တစ်ချက်လေး သတိလွတ်သွားတဲ့အချိန်မှာပဲ ရောဂါဆိုးကြီးရဲ့ဝါးမြိုမှုကိုခံလိုက်ရတာပါ။ မိဘနှစ်ပါးလုံး နေမကောင်းဖြစ်နေတာကြောင့် အတော်လေးစိတ်ပူပြီး အစစအရာရာဂရုစိုက်ပေးခဲ့တဲ့ညီနန္ဒဟာ ကျန်ရစ်ခဲ့တဲ့ မိခင်ဖြစ်သူကိုလည်း ပိုပြီးဂရုစိုက်ပေးတာကြောင့် အခုဆိုရင်မိခင်ဖြစ်သူဟာ အတော်လေးသက်သာလာခဲ့ပါပြီ။
ဖခင်ရဲ့ရက်လည်နေ့မှာတော့ သူ့ဖခင်အကြိုက်ဆုံးဖြစ်တဲ့ ထောပတ်ထမင်းလေးကို ခင်မင်ရသူတွေနဲ့ အစစအရာရာကူညီပေးသူတွေအတွက် အာဟာရဒါနပြုခဲ့ပါတယ်။
ဖခင်ဖြစ်သူအတွက် အလှူလုပ်ခဲ့တဲ့ပုံရိပ်တွေကို ” ဒီနေ့ အဖေ့ရက်လည်အလှူအတွက် အဖေအရမ်းကြိုက်တဲ့ ” ကိုနန္ဒ ထောပတ်ထမင်း ” ရဲ့ မျိုးဆက် ” စနိုးဦး ထောပတ်ထမင်း ” ပွဲ (၂၅၀) ကို ဘုန်းကြီးကျောင်းနေ့ဆွမ်း, အဖေ့မိတ်ဆွေအိမ်များ, အဖေအသည်းအသန်ဖြစ်နေချိန် စောင့်ရှောက်ပေးခဲ့ကြတဲ့ ဆရာဝန်များ, ကိုဝေဠုကျော် ဖောင်ဒေးရှင်း, ဒီရက်ပိုင်း စိတ်ရောကိုယ်ပါ ပင်ပန်းနေကြတဲ့ ပရဟိတအဖွဲ့များ, အဖေ့ခန္ဓာကိုယ် မီးသဂြိုလ်ခဲ့တဲ့ ကြည်စုသုသာန်မှ ပရဟိတ ဝန်ထမ်းများသို့ ပေးပို့လှူဒါန်းခဲ့ပါတယ်
သားတို့ပြုသမျှကုသိုလ်တွေကို ထပ်တူရပြီး ငြိမ်းချမ်းစွာအနားယူပါ အဖေ🙏🙏🙏 ” ဆိုပြီး ဝေမျှခဲ့ပါတယ်။
အသက်ကြီးတဲ့လူကြီးပိုင်းတွေအနေနဲ့ ဒီရောဂါဆိုးကြီးကိုတွန်းလှန်ဖို့ဆိုရင် ကိုယ်ခံအားကောင်းအောင်နေပြီး အားရှိတာတွေများများစားပေးဖို့လိုအပ်ပါတယ်။
တတ်သိနားလည်တဲ့ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်း အသေအချာလိုက်နာမယ်ဆိုရင် ဒီရောဂါဆိုးကြီးကို တွန်းလှန်နိုင်မှာပါ။ ကံမကောင်းအကြောင်းမလှလို့ ကွယ်လွန်သွားခဲ့ရသူတွေလည်း ကောင်းရာဘုံဘဝမှာအေးချမ်းပြီး သာယာပျော်ရွှင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။
Zawgyi
ဖခင္ရဲ႕ရက္လည္ေန႔မွာ အပင္ပန္းခံခ်က္ထားတဲ့ ေထာပတ္ထမင္းေတြကို ကိုယ္တိုင္ကိုယ္က်လႉဒါန္းေပးခဲ့တဲ့ ညီနႏၵ
Covid တတိယလႈိင္းရဲ႕ ႐ိုက္ခတ္မႈေတြၾကားမွာ မိသားစုကိုခြဲခြာသြားခဲ့တဲ့ ညီနႏၵရဲ႕ဖခင္ဟာ ဒီေန႔မွာ ရက္လည္သြားခဲ့ပါၿပီ။
တစ္သက္လုံးက်န္းက်န္းမာမာရွိေနခဲ့တာေၾကာင့္ တစ္ခ်က္ေလး သတိလြတ္သြားတဲ့အခ်ိန္မွာပဲ ေရာဂါဆိုးႀကီးရဲ႕ဝါးၿမိဳမႈကိုခံလိုက္ရတာပါ။
မိဘႏွစ္ပါးလုံး ေနမေကာင္းျဖစ္ေနတာေၾကာင့္ အေတာ္ေလးစိတ္ပူၿပီး အစစအရာရာဂ႐ုစိုက္ေပးခဲ့တဲ့ညီနႏၵဟာ က်န္ရစ္ခဲ့တဲ့ မိခင္ျဖစ္သူကိုလည္း ပိုၿပီးဂ႐ုစိုက္ေပးတာေၾကာင့္ အခုဆိုရင္မိခင္ျဖစ္သူဟာ အေတာ္ေလးသက္သာလာခဲ့ပါၿပီ။
ဖခင္ရဲ႕ရက္လည္ေန႔မွာေတာ့ သူ႔ဖခင္အႀကိဳက္ဆုံးျဖစ္တဲ့ ေထာပတ္ထမင္းေလးကို ခင္မင္ရသူေတြနဲ႔ အစစအရာရာကူညီေပးသူေတြအတြက္ အာဟာရဒါနျပဳခဲ့ပါတယ္။
ဖခင္ျဖစ္သူအတြက္ အလႉလုပ္ခဲ့တဲ့ပုံရိပ္ေတြကို ” ဒီေန႔ အေဖ့ရက္လည္အလႉအတြက္ အေဖအရမ္းႀကိဳက္တဲ့ ” ကိုနႏၵ ေထာပတ္ထမင္း ” ရဲ႕ မ်ိဳးဆက္ ” စႏိုးဦး ေထာပတ္ထမင္း ” ပြဲ (၂၅၀) ကို ဘုန္းႀကီးေက်ာင္းေန႔ဆြမ္း, အေဖ့မိတ္ေဆြအိမ္မ်ား, အေဖအသည္းအသန္ျဖစ္ေနခ်ိန္ ေစာင့္ေရွာက္ေပးခဲ့ၾကတဲ့ ဆရာဝန္မ်ား, ကိုေဝဠဳေက်ာ္ ေဖာင္ေဒးရွင္း, ဒီရက္ပိုင္း စိတ္ေရာကိုယ္ပါ ပင္ပန္းေနၾကတဲ့ ပရဟိတအဖြဲ႕မ်ား, အေဖ့ခႏၶာကိုယ္ မီးသၿဂိဳလ္ခဲ့တဲ့ ၾကည္စုသုသာန္မွ ပရဟိတ ဝန္ထမ္းမ်ားသို႔ ေပးပို႔လႉဒါန္းခဲ့ပါတယ္
သားတို႔ျပဳသမွ်ကုသိုလ္ေတြကို ထပ္တူရၿပီး ၿငိမ္းခ်မ္းစြာအနားယူပါ အေဖ🙏🙏🙏 ” ဆိုၿပီး ေဝမွ်ခဲ့ပါတယ္။
အသက္ႀကီးတဲ့လူႀကီးပိုင္းေတြအေနနဲ႔ ဒီေရာဂါဆိုးႀကီးကိုတြန္းလွန္ဖို႔ဆိုရင္ ကိုယ္ခံအားေကာင္းေအာင္ေနၿပီး အားရွိတာေတြမ်ားမ်ားစားေပးဖို႔လိုအပ္ပါတယ္။ တတ္သိနားလည္တဲ့ ဆရာဝန္ေတြရဲ႕ ၫႊန္ၾကားခ်က္အတိုင္း အေသအခ်ာလိုက္နာမယ္ဆိုရင္ ဒီေရာဂါဆိုးႀကီးကို တြန္းလွန္ႏိုင္မွာပါ။
ကံမေကာင္းအေၾကာင္းမလွလို႔ ကြယ္လြန္သြားခဲ့ရသူေတြလည္း ေကာင္းရာဘုံဘဝမွာေအးခ်မ္းၿပီး သာယာေပ်ာ္႐ႊင္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးပါတယ္။