အိမ်ထောင်စု (၅၀)စာအတွက် ဆန်၊ကြက်ဥနဲ့ ဆေးဝါးတွေလှူဒါန်းပေးခဲ့တဲ့ ထူးခြား
ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ထူးခြားကတော့ မနေ့က သြဂုတ်လ (၂)ရက်နေ့မှာ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ ထူးခြားကတော့ အခုလို ကပ်ဘေးတွေကြုံတွေ့နေရချိန်မှာ လက်လုပ်လက်စားသမား အခြေခံလူတန်းစားမိသားစုတွေအဆင်ပြေစေဖို့ သူတတ်နိုင်သလောက် လှူဒါန်းပေးခဲ့တာပါ။
မနေ့က သြဂုတ်လ (၂)ရက်နေ့မှာ သာကေတမြို့နယ်ထဲက အနှေးယာဉ်ဆရာကြီးများရဲ့အိမ်ထောင်စုအတွက် တစ်အိမ်ထောင်ကို ဆန် (၁) ပြည်၊ ကြက်ဥ (၁၀) လုံး၊ ပါရာစီတမောကဒ်များကို သရုပ်ဆောင် ထူးခြားက သူကိုယ်တိုင်ကိုယ်ကျ လိုက်လှူပေးခဲ့တာပဲဖြစ်ပါတယ်။ စုစုပေါင်း အိမ်ထောင်စု (၅၀)စာအတွက်ကို လှူဒါန်းပေးခဲ့ပါတယ်။
ထူးခြားကသူပြုလုပ်ခဲ့တဲက အလှူလေးရဲ့ ကောင်းမှုကုသိုလ်တွေကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူပြည်သားတွေအားလုံး အမြန်ဆုံးကျန်းမာပါစေလို့ တောင်းဆုပြုထားခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးတွေလည်း ထူးခြားရဲ့ မွန်မြတ်လှတဲ့ ကာလဒါနအလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Zawgyi
အိမ္ေထာင္စု (၅၀)စာအတြက္ ဆန္၊ၾကက္ဥနဲ႔ ေဆးဝါးေတြလႉဒါန္းေပးခဲ့တဲ့ ထူးျခား
ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ ႐ုပ္ရွင္နဲ႔ ဗီဒီယို ဇာတ္ပို႔ဇာတ္ရံသ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ထူးျခားကေတာ့ မေန႔က ၾသဂုတ္လ (၂)ရက္ေန႔မွာ အလႉေလးတစ္ခုကိုျပဳလုပ္ခဲ့ပါတယ္။ ထူးျခားကေတာ့ အခုလို ကပ္ေဘးေတြႀကဳံေတြ႕ေနရခ်ိန္မွာ လက္လုပ္လက္စားသမား အေျခခံလူတန္းစားမိသားစုေတြအဆင္ေျပေစဖို႔ သူတတ္ႏိုင္သေလာက္ လႉဒါန္းေပးခဲ့တာပါ။
မေန႔က ၾသဂုတ္လ (၂)ရက္ေန႔မွာ သာေကတၿမိဳ႕နယ္ထဲက အေႏွးယာဥ္ဆရာႀကီးမ်ားရဲ႕အိမ္ေထာင္စုအတြက္ တစ္အိမ္ေထာင္ကို ဆန္ (၁) ျပည္၊ ၾကက္ဥ (၁၀) လုံး၊ ပါရာစီတေမာကဒ္မ်ားကို သ႐ုပ္ေဆာင္ ထူးျခားက သူကိုယ္တိုင္ကိုယ္က် လိုက္လႉေပးခဲ့တာပဲျဖစ္ပါတယ္။ စုစုေပါင္း အိမ္ေထာင္စု (၅၀)စာအတြက္ကို လႉဒါန္းေပးခဲ့ပါတယ္။
ထူးျခားကသူျပဳလုပ္ခဲ့တဲက အလႉေလးရဲ႕ ေကာင္းမႈကုသိုလ္ေတြေၾကာင့္ ျမန္မာႏိုင္ငံမွာရွိတဲ့ ျပည္သူျပည္သားေတြအားလုံး အျမန္ဆုံးက်န္းမာပါေစလို႔ ေတာင္းဆုျပဳထားခဲ့ပါေသးတယ္။ CeleZone ပရိသတ္ႀကီးေတြလည္း ထူးျခားရဲ႕ မြန္ျမတ္လွတဲ့ ကာလဒါနအလႉေလးကို သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။