ဗဟုသုတ

အမေရိကန်ပြည်ထောင်စု CDC က ကိုဗစ်နဲ့ပတ်သက်ပြီး ကြေညာ ကိုဗစ်နဲ့ တိုက်နေရတဲ့စစ်ပွဲဟာ ပုံစံပြောင်းသွားပြီလို့ ဆို

အခုမျိုးသစ် ဒယ်တာမျိုးကွဲဟာ ရေကျောက်ကူးစက်မှုလိုပဲ အလွန်မြန်တယ်။

ဖြစ်ပြီးသားသူတွေလည်း တစ်ဖန်ပြန်ကူးနေပြီး ပိုးကူးစက်မှုကို ဖြစ်နေစေတယ်။ ကာကွယ်ဆေးကို အပြည့်အဝ ထိုးပြီးသားသူတွေဟာလည်း mask တွေ တပ်ထားဖို့လိုတယ်။

ဘာကြောင့်ဆိုတော့ ဆေးထိုးပြီးသားသူတွေဟာ ပိုးကို သယ်ဆောင်ပြန့်ပွားစေနိုင်နေတယ်။ တစ်ကမ္ဘာလုံးမှာ ဂရုစိုက်မှဖြစ်တော့မယ်လို့ ဆိုတယ်။ ဒယ်တာမျိုးကွဲဟာ ၁၃၂ နိုင်ငံမှာဖြစ်နေပြီလို့ WHO က သတိပေးထားလိုက်ပါပြီ။

ကိုဗစ်တိုက်ပွဲဟာ ပုံစံပြောင်းသွားပါပြီ။

ပိုးက အရင်ပိုးပေမယ့် သူက ပိုသန်မာလာနေပြီး အကူးအစက်မြန်နေတယ်။ Viral load ကလည်း အရင်က ၁၀၀ ဆိုရင် အခု ၁၀၀၀ ဖြစ်နေပြီလို့ ဆိုပါတယ်။

အာရှနိုင်ငံတွေမှာ ပိုပြီး ပြန့်ပွားနှုန်းများနေတာမို့ ဂရုပြုဖို့ WHO က ဆော်သြနေတယ်။ ဒီပိုးကို ပဉ္စလက်နည်းနဲ့ ပျောက်စေ လုပ်လို့မရဘူး။
———————–
#အကောင်းဆုံးနည်းက

#ကာကွယ်ဆေးထိုးခြင်းဖြစ်ပါတယ်။

————————
ဆေးထိုးပြီးလည်း ကူးစက်ခံရနိုင်တာ ရှိနေဦးမှာဆိုပေမယ့် ဆေးရုံတက်ရတာ၊ ခံစားရတာ၊ သေဆုံးတာတွေ လျော့ပါးစေနိုင်မယ်လို့ ကြေညာပါတယ်။

မကူးစက်စေဖို့ အသေချာဆုံး အကာအကွယ်ကိုလည်း WHO က ထုတ်ပြန်ကြေညာပါတယ်။ ရိုးရိုးလေးပါပဲ၊ မလိုက်နာရင် ကူးမယ်တဲ့။

——————-
⚠️Mask နှစ်ထပ်တပ်ပါ။

⚠️လူချင်း အကွာအဝေး သတ်မှတ်ချက်ထက် မနီးစေနဲ့။

⚠️လက်ကို သန့်ရှင်းနေပါစေ။ မကြာခဏ ဆေးကြောပါ။

⚠️အလုံပိတ်အခန်းတွေမှာ အကြာကြီး ဝင်မနေမိပါစေနဲ့။

——————-
ဒါပါပဲတဲ့။

လိုက်နာရင် မဖြစ်ဘူးတဲ့။ မလိုက်နာလို့ ဖြစ်သွားရင် ပြန်ကောင်းလာလည်း ဒဏ်ရာကျန်တယ်။

ဓာတ်မှန်ပြန်စစ်ရ သွေးဖောက်ပြန်စစ်ရ လုပ်ကြရသေးတာတဲ့။ ရာနှုန်းပြည့် လူကောင်းပကတိပြန်ဖြစ်မယ်လို့ အပိုင်ကြီးမထင်ပါနဲ့တဲ့။ ဆီးချိုတွေ၊ သွေးပျစ်တာတွေ၊ အဆုတ်ဝေဒနာတွေနဲ့ ဖြစ်သွားပါလိမ့်မယ်တဲ့။