ချီတက်လာရာလမ်းတစ်လျှောက်မှာ ရွာတိုင်းကကြိုဆိုကြပြီး အားပေးကြတာကြောင့် ပီတိဖြစ်နေကြတဲ့ PDFလူငယ်လေးများ
နိုင်ငံရေးအခြေအနေအကြပ်အတည်းတွေကြောင့် Gen Zလူ ငယ်လေးတွေဟာ လွတ်မြောက်နယ်မြေမှာသွားရောက်ခိုလှုံကြရင်း “ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF” အတွက် စစ် ပညာသင်ယူနေကြတာဖြစ်ပါတယ်။
အခုလို မိသားစုနဲ့ခွဲခွာပြီး တောတောင်တွေထဲမှာ စစ်ပညာသင် ယူနေကြရတဲ့ လူငယ်လေးတွေမှာလည်း အိမ်ကိုလွမ်းဆွတ်သ တိရကြသလို ပင်ပန်းဆင်းရဲဒုက္ခတွေနဲ့လည်း တွေ့ကြုံခံစားရတာကိုတွေ့ရပါတယ်……။
တောထဲမှာ အခုလိုပင်ပင်ပန်းပန်းနဲ့စစ်ပညာသင်ယူနေရတာဟာ တကယ်ကိုမလွယ်ကူလှတဲ့ ကိစ္စတစ်ရပ်ပါ။ မိုးတွင်းကာလလ ည်းဖြစ်တဲ့အတွက် တောင်ကျရေတွေရဲ့အန္တရာယ်လည်းကြုံရသလို အစားအသောက်ရှားပါးမှုဒဏ်နဲ့ ငှက်ဖျား၊တုပ်ကွေးစတဲ့ ရောဂါဒဏ်တွေကိုလည်း အလူးအလဲခံစားနေရကြဝာာဖြစ်ပါတယ်။
အခုလိုအခက်အခဲတွေမျိုးစုံရှိနေပေမယ့်လည်း PDFလူငယ်လေးတွေဟာ အာဏာရှင်ကိုတော်လှန်ဖို့အတွက် စိတ်အားထ က်သန်နေပြီး စစ်ပညာကြိုးစားသင်ယူနေကြတာဖြစ်ပါတယ်နော် …..။
မကြာသေးခင်ကလည်း PDFလူငယ်လေးတစ်ဦးဟာ စစ် ကြောင်းချီတက်လာရင်း တွေ့ကြုံရတဲ့ကြည်နူးစရာအဖြစ် အပျက်လေးကိုမျှဝေလာပါတယ်။
“အခုချိန်မှာတော့ ပြည်သူလူထုက မျှော်လင့်ထားတဲ့အတိုင်း အပြည့်တော့မဟုတ်သေးဘူးပေါ့အတိုင်းတာ တစ်ခုတော့ ရေ ာက်နေပါပြီ
ရွာတိုင်းကလည်းကြိုဆို အားပေးကြတယ် အခြေနေပေးရင်တော့ဆော်မှာဘဲ” ဆိုပြီးရေးသားမျှဝေထားခဲ့ပါတယ်။ ပရိသ တ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။